cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဥရောပတိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ အာလူး

. သီးနှံသတင်းများ
အာလူးကို အဓိက အားပြုစားတဲ့တိုင်းပြည်တွေ အာလူးပြတ်လပ်ပြီဆိုမှတော့ လူအများငတ်မွတ်ခေါင်းပါးမှုကြုံရပြီး အရေအတွက် တစ်သန်းခန့် သေကြေခဲ့ရရှာပါတယ်။ လူနှစ်သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရရှာပါတယ်။ ဘာကြောင့်လဲ။ အာလူးဘာလို့ပြတ်လပ်ကုန်တာလဲဆိုတော့ အာလူးခင်းတွေပျက်စီးကုန်လို့ပါ၊ ဘာကြောင့် အာလူးခင်းတွေ ပျက်စီးခဲ့ရတာလဲဆိုတော့….။
  • အချိန်ကား ၁၈၄၀ ခုနှစ်။ လွန်ခဲ့သော နှစ်ပေါင်း ၁၈၃ ခုနှစ်ခန့်ကဖြစ်သည်။ ဥရောပတိုက်တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ အင်မတန်မှ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ အဖြစ်အပျက်ကြီး တစ်ခုဖြစ်ပွားခဲ့ပါသည်။ စစ်ပွဲလည်း မဟုတ်ပါ။ ငလျင်၊ရေကြီးခြင်း၊ မုန်တိုင်းဘေး တစ်ခုမှ မဟုတ်ပါ။ ကိုဗစ်လို ရောဂါကပ်ဆိုးကြီးလည်း မဟုတ်ခဲ့ပါ။ ဝမ်းနည်းတုန်လှုပ်ဖွယ်ကောင်းလွန်းလို့ Hungry Forties ဆိုတဲ့အမည်နဲ့ ကမ္မည်းတင်ခဲ့ရတဲ့ အဖြစ်အပျက်ကြီးတစ်ခုပါ။ European Potato Failure လို့ လည်း လူအများသိခဲ့ရတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကတော့ အာလူး ပြတ်လပ်ခြင်း၊မလောက်ငတော့ခြင်းပါပဲ။ အာလူးကို အဓိက အားပြုစားတဲ့တိုင်းပြည်တွေ အာလူးပြတ်လပ်ပြီဆိုမှတော့ လူအများငတ်မွတ်ခေါင်းပါးမှုကြုံရပြီး အရေအတွက် တစ်သန်းခန့် သေကြေခဲ့ရရှာပါတယ်။ လူနှစ်သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရရှာပါတယ်။ ဘာကြောင့်လဲ။ အာလူးဘာလို့ပြတ်လပ်ကုန်တာလဲဆိုတော့ အာလူးခင်းတွေပျက်စီးကုန်လို့ပါ၊ ဘာကြောင့် အာလူးခင်းတွေ ပျက်စီးခဲ့ရတာလဲဆိုတော့….။ 

     အာလူးလောင်မဲ ခေါ် အာလူးနှောင်းပင်နာကြရောဂါကြောင့်ပါတဲ့ခင်ဗျာ။ 

     လူသားတွေသာ သူ့ကြောင့်သေဆုံးခဲ့ရရှာတယ်။ သူကတော့ ကမ္ဘာမြေကြီးပေါ်ကနေ  ထွက်ခွာမသွားသေးပဲ ခုချိန်ကာလထိ အာလူးစိုက်ပျိုးသူများကို အမြဲစိတ်ဒုက္ခပေးနေတုန်းပါ။  

    ဒါကြောင့် ဒီတစ်ပါတ်မှာတော့ ထွက်တိုး မိသားစု မှ အာလူးစိုက်တောင်သူကြီးများရော၊ အခြားသီးနှံစိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာကြီးရဲ့စားနပ်ရိက္ခာကို ဇွဲနပဲကြီးစွာ ဖြည့်တင်းပေးနေတဲ့ တောင်သူဦးကြီးများ အတွက်(သီးနှံအမျိုးမျိုးမှာ ရောဂါအမျိုးမျိုးကြတတ်တာကြောင့်) သတိထားမိကြိုတင်ကာကွယ်မိအောင် မုန်းဖို့ကောင်းလှတဲ့ အာလူးလောင်မဲ ခေါ် အာလူးနှောင်းပင်နာကြရောဂါဆိုး အကြောင်းကို တင်ဆက်ပေးပါရစေခင်ဗျာ။ 

    -အာလူးလောင်မဲရောဂါသည် မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။ 

    -အရွက်အောက်မျက်နှာပြင် အနက်ရောင်နှင့်အညိုရောင်အစက်ပတ်လည်တွင်တွေ့ရသော အဖြူရောင်မှိုများသည် လောင်မဲရောဂါဖြစ်စေသော မှိုမျိုးများဖြစ်ပါသည်။ 

    မှိုများ ပွားများကျရောက်ရန် အသင့်တော်ဆုံးအခြေအနေ 

    -အစိုဓါတ်လိုအပ်သည်။ 

    -အပူချိန် ၁၈-၂၂ °C  ပုံမှန်လိုအပ်သည်။ 

    -ညပိုင်းအေးနေသည်ကိုနှစ်သက်သည်(၁၅ ဒီဂရီအောက်) 

    -၁-၂ ရက်ပြီးနောက် မြင်တွေ့နိုင်သည်။ 

    -မှိုရောဂါကျရောက်မှု ၃-၄ ရက်ပြီးနောက်တွင် မှိုမျိုးစေ့များ ပွားများမှု ဖြစ်ပေါ်သည်။ 

    ဘက်စုံကာကွယ်ရေးနည်းလမ်းများ 

    -ရောဂါနှိမ်နင်းမှု နည်းစဉ်သည် ကြိုတင်ကာကွယ်ခြင်းဖြစ်ပါသည်။ သို့သော် လည်း သီးနှံတွင် လောင်ရောဂါ ဝင်လာပြီဆိုပါက ရောဂါနှိမ်နင်းခြင်း လမ်းစဉ် သည် ရောဂါပြန့်ပွားမှုကို ရပ်တန့်သွားစေရန်နှင့် လျော့ကျသွားစေရန် အဓိက ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါသည်။ 

    -ခံနိုင်ရည်မရှိသော မျိုးများတွင် မှိုသတ်ဆေးကို ရောဂါကျရောက်မှု ပထမဆုံး လက္ခဏာ မတွေ့မှီတည်းကပင် ဖျန်းရမည် ဖြစ်ပါသည်။  

    - ခံနိုင်ရည်ရှိသော မျိုးများတွင် မှိုသတ်ဆေးကို ရောဂါကျရောက်မှု လက္ခဏာ စတင်တွေ့ရှိချိန်မှစ၍ ဖျန်းရမည် ဖြစ်ပါသည်။ 

    -ရောဂါနှိမ်နင်းမှုနည်းစဉ်ကို တိကျသော ရက်အပိုင်းအခြားအတွင်း ဆောင်ရွက် ရန် အချိန်ဇယားဆွဲထားပြီး ဆောင်ရွက်နိုင်သော်လည်း အသုံးပြုသည့်မျိုး၊ အသုံးပြုသည့် မှိုသတ်ဆေး နှင့် ရာသီဥတု အခြေအနေ ပေါ်မူတည် ပြီး မိုးရွာသည့် အချိန်များတွင် ၃-၅ ရက်ခြား ၊ ခြောက်သွေ့သည့် အချိန်များတွင် ၇-၁၀ ရက်ခြား ဖျန်းပေးရန် လိုအပ်ပါသည်။ 

    - အသုံးပြုသည့် မှိုသတ်ဆေးထုတ်ကုန် အမျိုးအစား၏ ထိရောက်နိုင်မှုအရည်အသွေး ၊ အသုံးပြုသည့် ပမာ ၊ နောက်ဆုံး ဆေးဖျန်း ခဲ့သည့် အကြိမ် အရေအတွက် တို့သည် အရေးကြီးသော အချက်အလက်များ ဖြစ်သည်။ 



  • article
  • article
likes9comments0
views184views2209