cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အပတ်စဉ်စိုက်ပျိုးရေးနင့်မိုးလေဝသခန့်မှန်းချက်

. ရာသီဥတု သတင်းများ
မိုးရွာ၍ အခင်းတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။ ရေထုတ်မြောင်းများ ပြုလုပ်၍ ရေထုတ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ရွက်လိပ်ရွက်ကပ်ပိုး၊ရွက်လိပ်အိမ်ပိုး နှင့် ဆစ်ပိုးများကျရောက်မှုဖြစ်ပွားနိုင်ပါသည်။ စပါးရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုလျှင်လည်း စပါးခင်းရေများနေချိန် အသုံးမပြုသင့်ပါ။
  • ၁။ဟင်္သာတမြို့နယ်အတွက် ဇူလိုင်လ ၁၄ မှ ၂၀ ရက်နေ့ထိ တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်  

    ဇူလိုင်လ ၁၄ မှ ၁၉ရက်နေ့အထိ မိုးရွာသွန်းရန် ၉၀ ရာခိုင်နှုန်း ရှိနိုင်ပါသည်။ ၂၀ ရက်နေ့မှာတော့ ၆၈ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။ 

    ၂။ လပ္ပတာ မြို့နယ်အတွက် ဇူလိုင်လ ၁၄ မှ ၂၀ ရက်နေ့ထိတစ်ပတ်စာ မိုးလေဝသခန့်မှန်းချက် 

    ဇူလိုင်လ ၁၄ မှ ၁၈ ရက်နေ့အထိ မိုးရွာသွန်းရန် ရာနှုန်းပြည့်နီးပါဖြစ်ပါသည်။ ၁၉၊၂၀ ရက်များမှာ ၆၀ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။ 

    ၃။မအူပင်မြို့နယ်အတွက် ဇူလိုင်လ ၁၄ မှ ၂၀ ရက်နေ့ ထိ တစ်ပတ်စာမိုးလေဝသခန့်မှန်းချက် 

    ဇူလိုင် ၁၄ မှ ၁၈ ရက်နေ့ထိ နေ့စဉ် မိုးရွာသွန်းနေနိုင်ပါသည်။ ၁၉၊၂၀ ရက်များမှာ ၆၀ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။ 

    ၄။မြောင်းမြမြို့နယ်အတွက် ဇူလိုင်လ ၁၄ မှ ၂၀ ရက်နေ့ထိ တစ်ပတ်စာမိုးလေဝသခန့်မှန်းချက် 

    ဇူလိုင်လ ၁၄ မှ ၁၈ ရက်ထိ မိုးများရွာသွန်းနေနိုင်ပါသည်။ ၁၉၊၂၀ ရက်များမှာတော့ ၆၀ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါမည်။  

    ၅။ပုသိမ် မြို့နယ်အတွက် ဇူလိုင်လ ၁၄ မှ ၂၀ ရက်နေ့အထိ တစ်ပတ်စာမိုးလေဝသခန့်မှန်းချက် 

    ၁၄၊၁၅၊၁၆ ရက်နေ့များအတွက် မိုးရွာရန် ၉၀ ရာခိုင်နှုန်း၊ ၁၇ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်းသာရှိပါမည်။ ၁၈ ရက်နေ့မှ ၂၀ ထိ ၉၀ ရာခိုင်နှုန်းနီးပါးမိုးရွာနိုင်ပါသည်။ 

    ၆။ဖျာမြို့နယ်အတွက်ဇူလိုင်လ၁၄မှ၂၀ရက်နေ့အထိ တစ်ပတ်စာမိုးလေဝသခန့်မှန်းချက် 

    ဇူလိုင်လ ၁၄ မှ ၁၈ ရက်ထိ ရာနှုန်းပြည့်နီးပါးမိုးများရွာသွန်းနေနိုင်ပါသည်။ ၁၉၊၂၀ နေ့တွေမှာ မိုးရွာရန် ၆၀ ရာခိုင်နှုန်းသာရှိပါမည်။ 

    ထွက်တိုးမှ အကြံပြုချက်များ 

    မိုးရွာ၍ အခင်းတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။ ရေထုတ်မြောင်းများ ပြုလုပ်၍ ရေထုတ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ရွက်လိပ်ရွက်ကပ်ပိုး၊ရွက်လိပ်အိမ်ပိုး နှင့် ဆစ်ပိုးများကျရောက်မှုဖြစ်ပွားနိုင်ပါသည်။ စပါးရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုလျှင်လည်း စပါးခင်းရေများနေချိန် အသုံးမပြုသင့်ပါ။ စပါးဂုတ်ကျိုးရောဂါ၊ဘတ်တီးရီးယားရွက်ဖျားခြောက်နှင့် ရွက်ညိုပြောက်ရောဂါ တို့ကို ကြိုတင်ကာကွယ်ပါ။ သွင်းအားစု ထည့်သွင်းခြင်းကို ရာသီဉတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။ မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး သုံးစွဲသည့်အခါ ထည့်သုံးပေးပါ။ 

    Source:CIAT 

     

     

     


  • article
likes10comments3
views364views1708