cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၁၀.၇.၂၀၂၃ မှ ၁၄.၇.၂၀၂၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
-ဆန်စျေး ရန်ကုန်ဈေးကွက်မှာ ငြိမ်နေ
-မတ်ပဲစျေး ပြီးခဲ့တဲ့ အပတ် နဲ့ ယှဉ်ရင် ဈေး မြင့်တက်နေ
-ပဲစင်းငုံနီစျေး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်း
-ကုလားပဲစျေး ပြီးခဲ့တဲ့ အပတ်ကဈေးအတိုင်း ငြိမ်နေ
-ပြောင်းစျေး ဆက်တိုက်ကျဆင်းနေပေမယ့် အကျဈေးဖြင့် ဝယ်ယူမှုတွေရှိနေ
  • ဆန်

    ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေး တွေ ဈေးငြိမ်နေပါတယ်။ဧရာဝတီတိုင်းဈေးကွက် မှာတော့ ပထမတန်းစား ပေါ်ဆန်းစပါးတွေ ရော ဒုတိယတန်းစား ဧည့်မထ စပါးတွေပါ ဈေးမြင့်တက်ပေမယ့် ဆန်ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ အဝင်နည်းနေသေးတာ ဖြစ်လို့ အဝင်ရှိသလောက် အရောင်းအဝယ် ရှိနေပေမယ့် ဈေးကွက် အေးနေတယ်လို့ ဆိုပါတယ်။ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ဆန်အဝင်နည်းပြီး အရောင်းအဝယ် အေးနေကာ ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။

    ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၂၁၆၄၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်ဈေးတက်ပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၈၉၀၀၀ နဲ့ ဈေးငြိမ် ပါတယ်။ ပုသိမ်ဧည့်မထ (မိုး)ကတော့ တင်း ၁၀၀ ကို ၁၇၃၈၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်၊ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၁၆၅၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၈၀၀၀ ကျပ် ဈေး တက်လာပါတယ်။ဆန်ကတော့ မိုးက တစ်အိတ်ကို ၆၇၀၀၀ ကျပ် နွေက ၆၁၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေပါတယ်။

    ဒေးဒရဲပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၁၈၉၂၀၀၀ ‌ေပါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈၇၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ဆန်ကတော့တစ်အိတ်ကို ၈၅၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေပါတယ်။ ဒေးဒရဲဧည့်မထ(မိုး)ကတော့ တင်း ၁၀၀ ကို ၁၇၂၉၀၀၀ပေါက်ဈေး ရှိပြီး တင်း ၁၀၀ ကို ၃၇၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ နွေဧည့်မထကတော့ တင်း ၁၀၀ ကို ၁၆၇၄၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၇၀၀၀ ကျပ် ဈေးမြင့်တက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၆၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

    အခြား ဖျာပုံ မအူပင် ပေါ်ဆန်းစပါးတွေလည်း တင်း ၁၀၀ကို အနိမ့်ဆုံး ၃၀၀၀၀ ကနေ အမြင့်ဆုံး ၁၅၀၀၀၀ ကြားထိဈေးမြင့်တက်လာပါတယ်။လက်ရှိ စပါးဈေးကတော့ အသစ်တွေ ဈေးကွက်ထဲ ဝင်နေတာ ဖြစ်တဲ့အတွက် အမြင့်ဈေး ရှိနေပေမယ့် ဈေးချဝယ်ယူမှုတွေ ရှိနေတာ ဖြစ်လို့ ဈေးကွက်ထဲ အေးနေတယ်လို့ဆန်ကုန်သည်တွေက ဆိုပါတယ်။


    မတ်ပဲ

    မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ် နဲ့ ယှဉ်ရင် ဈေး မြင့်တက်ပေမယ့် တစ်ပတ်အတွင်း မှာတော့ ဈေးအတက်အကျ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း မတ်ပဲ ဈေးမြင့်တက်မှုကြောင့် CNF ဈေးနှုန်းတွေပါ မြင့်တက်လာပြီး ပြည်တွင်း ဈေးပါ အနည်းငယ်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ဩ

    ဈေးကွက်ထဲ အသစ်တွေ အနည်းငယ်ဝင်ရောက်နေပြီး အဝင်ရှိသလောက် အဝယ်ရှိပေမယ့် ဈေးက အနည်းငယ်လျော့နည်းပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ/RC က တစ်တန်ကို ၂၂၉၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ‌၈၅၀၀၀ ကျပ်ဈေးပြန် မြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ မတ်ပဲ အဟောင်းတွေ တစ်အိတ်ကို ၂၁၅၀၀၀ ကနေ ၂၂၀၀၀၀ ကြားပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၆၂၀၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ပြည်၊ တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၃၀၀၀လောက်ဈေးတက်လာပါတယ်။


    ပဲစင်းငုံနီ

    ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။ တစ်ပတ်အတွင်း လည်း အကျ ဈေး ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်ပတင်ပို့မှုက ပုံမှန်ရှိပေမယ့် ပြည်တွင်းဝယ်ယူမှုကတော့ လက်ကျန် မရှိတဲ့အတွက် အရောင်းအဝယ်မရှိဈေးကျဆင်းနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

    အိန္ဒိယနိုင်ငံတွင်းမှာတော့ပဲစင်းငုံနီ တင်သွင်းတာနဲ့ ပတ်သတ်ပြီး လုပ်ဆောင်နေကြပါတယ်။ အာဖရိက နေ မကြာခင်တင်သွင်းတော့မှာ ဖြစ်ပေမယ့် ဈေးက မျှော်မှန်းထားသလောက် ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယကုန်သည်တွေက သုံးသပ်ထားကြောင်း အိန္ဒိယသတင်းစာတွေ မှာ ဖော်ပြထားပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၁၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။

    အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေး ကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၉၈၅၀၀ ကနေ ၁၀၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။


    ကုလားပဲ

    ကုလားပဲကတော့ ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း ငြိမ်နေပါတယ်။တစ်ပတ်အတွင်း မှာလည်း ဈေး အတက်အကျ အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်း လက်ကျန်မရှိတော့ပဲ အရောင်းအဝယ် အေးပြီး ဈေးအေးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၁၆၅ ကနေ ၄၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၂၅၀ ကနေ ၄၃၃၀ ပေါက်ဈေးရှိပြီး ၉၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၄၀၀ ကနေ ၅၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကနေ ၂၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၄၀၀၀၀ ကျပ်၊ ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၄၈၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၅၀၀၀၀ ကျပ် နဲ့ ဈေးငြိမ် ပါတယ်။

    အောင်လံဈေးကွက်မှာလည်း ကုလားပဲ(ဟော်လန်)က တစ်အိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပြီး မြကြေးမုံကတော့ တစ်တင်းကို ၈၈၀၀၀ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။


    ပြောင်း

    ပြောင်းကတော့ ဆက်တိုက်ဈေးကျဆင်းနေပေမယ့် အကျဈေးဖြင့် ဝယ်ယူမှုတွေရှိနေလို့ အရောင်း အဝယ်ကတော့ သွက်နေတယ်လို့သိရပါတယ်။ နေ့စဉ် အရောင်းအဝယ်ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနေတဲ့အတွက် ဈေးက ဆက်ပြီး အများကြီး ကျဆင်းသွားတာမျိုး မရှိပဲ ဈေးငြိမ်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံကတစ်ပိဿာကို ၁၁၅၀ ကနေ ၁၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကိ ၅၆၀၀၀ ကနေ ၅၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၉၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    AMIA

    Exclusive Content For Htwet Toe - ထြက္တိုး

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments1
views103views1924