cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေစာမြက်အကြောင်း

. ပေါင်းမြက်
ဟိုးရှေးရှေးတုန်းကတော့ မြန်မာဘုရင်တွေ နန်းတက်ပွဲကျင်းပချိန်မှာ နန်းသက်ရှည်အောင် ဆိုတဲ့အနေနဲ့ မြေစာမြက်ကို အသုံးပြုခဲ့ကြပါတယ်။
  • ဟိုးရှေးရှေးတုန်းကတော့ မြန်မာဘုရင်တွေ နန်းတက်ပွဲကျင်းပချိန်မှာ နန်းသက်ရှည်အောင် ဆိုတဲ့အနေနဲ့ မြေစာမြက်ကို အသုံးပြုခဲ့ကြပါတယ်။ ယခုခေတ် အိမ်တွေ ဆောက်လုပ်ချိန်မှာ လည်း အသက်ရှည်အောင် မြေစာမြက်ဆွဲပါသည်။ နရသူမင်းကြီး ကို မြေစာမြက်နဲ့ ခရုသင်းကမ်းဟန်ပြု၍ လုပ်ကြံခဲ့သည့်ရာဇဝင်လည်းရှိခဲ့ဖူးပါသည်။ ဆိုတော့ မြေစာမြက်ကို ခိုင်မြဲခြင်း၊မြင့်မြတ်ခြင်း သရုပ်သကန်အတွက် အဆောင်အယောင်ပြုခဲ့ကြပါသည်။ မင်းကြိုက်စိုးကြိုက်ပေါ့။ 

    ထို့အပြင် မြေစာမြက်သည် ဘုတ်တစ္ဆေဖမ်းခြင်း ဝက်ရူးပြန်ခြင်း စိတ်မငြိမ်သက် ဂယောင်ခြောက်ခြားဖြစ်ခြင်း ပျောက်ကင်းစေသည်။ဥတုလွန်သော အပူနာရောဂါ နှင့်သင့်၏။ ခွန်အားယုတ်လျှော့သောရောဂါကို ပယ်ဖျောက်နိုင်၏။ နှာခေါင်းသွေးယိုစီးသောရောဂါ ဆီးနှင့်သွေးရောသော ဆီးရောဂါ၊ ဝမ်းနှင့်သွေးရောသော ဝမ်းရောဂါ တို့ကို သက်သာပျောက်ကင်းစေ၏။(အရှင်နာဂသိန် ပုံပြ ဆေးအဘိဓါန်) ထိုမြေစာမြက်တွေဟာ တောင်သူဦးကြီးတွေရဲ့ ယာသီးနှံခင်းတွေ၊ နှစ်ရှည်သီးနှံခင်းတွေနဲ့ ဟင်းသီးဟင်းရွက်ဟင်းတွေမှာကျ ချစ်ဖို့မကောင်းတော့ပါ။ မင်းကြိက်စိုးကြိုက်ပေမယ့် တောင်သူဦးကြီးများကတော့ မကြိုက်ပါ။ 

    မြေစာမြက်သည် နှစ်ရှည်ခံမြက်ဖြစ်ပါသည်။မြေပေါ်ပင်စည်သည် မြေ၌ကပ်လျက် ပြန့်ကြဲစွာပေါက်ပြီး မြေအောက်၌ မြေအောက်ရွိုင်ဇုမ်းရှိသည်။အညွန့်နှင့်အမြစ်များသည် အဆစ်များမှထွက်သည်။ မြေပေါ်ပင်စည်ပိုင်း ၊ ရွိုင်းဇုမ်း နှင့် အစေ့အားဖြင့် မျိုးပွားနိုင်သည်။ 

    နှိမ်နင်းနည်းများ- 

    သီးနှံမစိုက်မီ ထယ်ရေးနက်နက်နဲ့ ထွန်မွှေပေးပါ။ 

     ထွန်မွှေပြီးနောက်လည်း မြေဇာမြက်အကျွင်းအကျန်များမှ ပြန်ပေါက်လာနိုင်ပါသေးသည်။ ထို့ကြောင့်အကြွင်းအကျန်များကို ကောက်ယူပေးဖို့လည်းလိုပါသေးသည်။ သို့သော် မကောက်ယူမိတဲ့ ပင်စည်၊ရိုင်ဇုမ်း နဲ့အစေ့တွေက ပြန်ထွက်လာနိုင်ပါသေးသည်။(အတော်မုန်းဖို့ကောင်းတာပဲနော်) 

     ပြန်ထွက်လာသည့် မြေဇာပင်အငယ်လေးတွေကို သီးနှံမစိုက်မီ Glyphosate ဆေးအဆိပ်နဲ့ ထပ်မံဖြန်းပက်နှိမ်နင်းနိုင်ပါသည်။ 

    သီးနှံစိုက်ပြီးလို့ သီးနှံပင်နဲ့အတူ ထွက်လာတဲ့မြေစာမြက်တွေကိုတော့ Quizalofop-p-ethyl 10% ဆေးအဆိပ်အသုံးပြုနိုင်ပါသည်။ များသောအားဖြင့် အရွက်ပုံအဝိုင်းရှိသော သီးနှံခင်းများတွင် အသုံးပြုနိုင်ပါသည်။  

    ဒီနေရာမှာ အချို့တောင်သူကြီးများသည် မြေစာပင်အမြုံလိုက်ကြီး ဖြစ်လာမှ ဆေးဖြန်းဖို့သတိမူမိတတ်ကြပါသည်။ ထိုအချိန်မှဆိုလျှင် နောက်ကျသွားနိုင်ပါသည်။ အချိန်ကိုက် ဆေးဖြန်းသင့်သည့်အချိန်မှာ မြေစာမြက်လေးများ အရွက်နှစ်ခွဖြစ်ချိန်(သို့)လေးရွက်ဖြစ်ချိန်ဖြစ်ပါသည်။ 

    အခြားသီးနှံစိုက်ခင်းများထဲမှ မြေစာမြက်တွေကို နှမ်နင်းလိုပါက ထွက်တိုး အပလီကေးရှင်းကို ဒေါင်းလုတ်ရယူ၍ မေးမြန်းနိုင်ပါသည်။ 

     


  • article
likes9comments4
views278views1968