cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတွင် ငရုတ်သီးခြောက်စျေး မြင့်တက်နေ

. ဈေးကွက်
စျေးမြင့်တက်နေပေမယ့် ငရုတ်သီးခြောက်အရောင်းအဝယ်ကတော့ ကောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
  • မကွေးတိုင်းဒေသကြီးအတွင်းမှာ ငရုတ်သီးခြောက်စျေးဟာ ပြီးခဲ့တဲ့နှစ်တွေထက် စံချိန်တင်မြင့်တက်နေပြီး လက်ရှိအချိန်ထိလည်း စျေးမြင့်တက်နေဆဲဖြစ်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ လက်ရှိမှာတော့ ငရုတ်သီးခြောက်တစ်ပိဿာကို ကျပ်နှစ်သောင်းဝန်းကျင်စျေးဖြစ်နေပြီး ပစ္စည်းရှားပါးမှုကြောင့် စျေးအမြင့် ဘက်မှာ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

    စျေးမြင့်တက်နေပေမယ့် ငရုတ်သီးခြောက်အရောင်းအဝယ်ကတော့ ကောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

    ငရုတ်ထွက်ရှိမှုအနေနဲ့ကတော့ မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းတစ်လျှောက်က ထွက်ရှိသလို ကျောက်ဆည်၊ မန္တလေးဘက်ကထွက်ရှိတဲ့ ငရုတ်တွေကိုလည်း ဝယ်ယူရောင်းချကြတာပါ။ မကွေး တိုင်းဒေသကြီးအတွင်းက ထွက်ရှိတဲ့ ငရုတ်သီးခြောက်ကို ရခိုင်၊ မြဝတီနဲ့ ရန်ကုန်တို့ကို အဓိကရောင်းချ နေတယ် လို့ သိရပါတယ်။

    ငရုတ်သီးခြောက်ကို ပင်နံသီးနဲ့ ပန်းရဲအပွသီးဆိုပြီး နှစ်မျိုးခွဲကာရောင်းဝယ်နေပြီး ပင်နံသီးကတော့ စျေးပိုကြီး တယ်လို့ ဆိုပါတယ်။ ငရုတ်သီးခြောက်စျေးမြင့်တက်မှုတွေကြောင့် ငရုတ်အကြမ်းမှုန့်၊ အလှော်မှုန့်၊ အရောင် တင်မှုန့် လုပ်ကိုင်ကြတဲ့ လုပ်ငန်းတချို့လည်း ရပ်နားတာတွေရှိတယ်လို့ သိရပါတယ်။

    ဤဆောင်းပါးကို One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes11comments0
views100views2498