cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ပဲမျိုးစုံ အရွက်ဖျန်းအားဆေး”

. အာဟာရချို့တဲ့မှုလက္ခဏာများ
ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်၊ ပဲလွမ်း စသည်တို့အတွက် ပန်းပွင့်ချိန်မှ ပဲသီးတောင့်များ စတင်သည့် အချိန်အထိ နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓာတ်ကို အရွက်များအပေါ်မှ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပက်ဖျန်းပေးခြင်း အားဖြင့် ပဲမျိုးစုံအထွက်နှုန်း တိုးတက်ရရှိစေခဲ့ကြောင်းကို စမ်းသပ်တွေ့ရှိချက်များအရသိရပါသည်။
  • မြန်မာ တောင်သူ လယ်သမားကြီးများ အနေဖြင့် ပဲမျိုးစုံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာရေး၊ အထွက်နှုန်းကောင်းများ ရရှိရေးတို့အတွက် စိုက်ပျိုးရေးနည်း စနစ်များကို လေ့လာရှာဖွေကာ ဆောင်ရွက်ပေးသွားသင့်ပါသည်။


    အထူးသဖြင့် စိုက်ပျိုးရေးပညာပေးစာစောင်များကို နေ့စဉ်ဖတ်ရှုပြီး နည်းပညာများကို ရယူသုံးစွဲသင့်ပါသည်။ ပဲမျိုးစုံ သီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်၊ ပဲလွမ်း စသည်တို့အတွက် ပန်းပွင့်ချိန်မှ ပဲသီးတောင့်များ စတင်သည့် အချိန်အထိ နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓာတ်ကို အရွက်များအပေါ်မှ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပက်ဖျန်းပေးခြင်း အားဖြင့် ပဲမျိုးစုံအထွက်နှုန်း တိုးတက်ရရှိစေခဲ့ကြောင်းကို စမ်းသပ်တွေ့ရှိချက်များအရသိရပါသည်။


    ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် စသည့် ပဲမျိုးစုံ သီးနှံတို့တွင် အစေ့အဆံပြည့် ဖြိုးစေရန်နှင့် အစေ့များတွင် ပရိုတိန်းဓာတ် ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုက်ထရိုဂျင်ဓာတ်များသည်လည်း လိုအပ်ဆုံးဖြစ်ပါသည်။


    ပန်းပွင့်များ ကြွေကျခြင်းကို ကာကွယ်ရန် ပန်းပွင့်များ၏ ဝတ်မှုန်ပြွန် ကောင်းစွာရှည်ထွက်ပြီး မျိုးစေ့အောင်မြင်မှုကောင်းစေရန် အပင်များအတွင်းရှိ နိုက်ထရိုဂျင်ဓာတ်များ၏ ဇီဝကမ္မဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုပေးနိုင်ရန်အတွက် ဘိုရွန်ဓာတ် (လက်ချာ) သည်လည်း ပဲမျိုးစုံသီးနှံခင်းများပန်းပွင့်ချိန်တွင် အထူးလိုအပ်လှပါသည်။


    ပဲမျိုးစုံ သီးနှံများသည် ယေဘုယျအားဖြင့် ပန်းများစပွင့်သည်မှ ပဲသီးတောင့်များ ရင့်သည့်အထိ ရက်ပေါင်း ၂၀ ရက်မှ ၃၀ ရက်အထိ အချိန်ကြာမြင့်တတ်ပြီး အပင်များ အတွင်း နိုက်ထရိုဂျင်မလုံလောက်ပါက ၎င်းကာလသည် တိုတောင်းပြီး ပဲသီးအထွက်လျော့စေနိုင်ပါသည်။


    ပဲသီးနှံစိုက်ခင်းများအား နိုက်ထရိုဂျင်ဓာတ် လုံလောက်စွာပေးထားပါက ပန်းစပွင့်ချိန်မှ ပဲသီးတောင့်များရင့်မှည့်သည်အထိ အပင်ဖြစ်ထွန်းမှုအား ကောင်းလျက် ရှိနေပြီး ပဲမျိုးစုံအထွက်နှုန်းကိုလည်း တိုးစေပါသည်။


    ထို့ကြောင့်လည်း မြန်မာ တောင်သူလယ်သမားကြီးမျာ၏ လက်တစ်ကမ်းတွင် ရှိနေသော ပစ္စည်းများကို အသုံးပြု၍ ပဲသီးနှံအထွက်တိုးစေနိုင်သော နည်းလမ်းများပင်ဖြစ်ပါသည်။ အထူးသဖြင့် ယူရီးယား(ပုလဲ) နှင့် လက်ချား (ဘယဆေးဆိုင်များတွင် ဝယ်ယူရသည့် ဘယဆေးတစ်မျိုး) ကို ပေါင်းစပ်ကာ ပဲမျိုးစုံသီးနှံပင်များကို အရွက်ဖျန်းမြေဩဇာအရည်အဖြစ် အသုံးပြုနိုင်ပါသည်။ ပဲမျိုးစုံသီးနှံစိုက်ခင်းများ အောင်မြင်စွာ ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းရရှိစေရန် ရေတစ်ဂါလံလျှင် ယူရီးယား ဟင်းစားဇွန်းလေးဇွန်း၊ လက်ချားမုန့် တစ်ဇွန်းဖြင့် ရေလေးဂါလံ (ဆေးဖျန်းပုံးတစ်ပုံစာ) ရောစပ်ကာ အရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးနိုင်ပါသည်။


    ပဲမျိုးစုံသီးနှံများကို နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ စသည်ဖြင့် ရာသီအလိုက် စိုက်ပျိုးထားရှိမှုများမှ အထွက်တိုးမှုရရှိလာအောင် ရွက်ဖျန်းအားဆေးများအဖြစ် သုံးစွဲသွားသင့်ပါသည်။ မြန်မာတောင်သူလယ်သမားများသည်လည်း ပဲမျိုးစုံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်ကုန်ကျစရိတ်လည်း သက်သာ၊ အထွက်နှုန်းကိုလည်း တိုးတက်ရရှိစေသော ယူရီးယားနှင့် လက်ချားကို ပေါင်းစပ်အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးရေးအတွက် သုံးစွဲပေးကြပါရန် အထူးတိုက်တွန်းရေးသား လိုက်ရပါသည်။

    - ရွှေမင်းအောင် (ကျောက်ပန်းတောင်း)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes13comments0
views219views2346