cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲပင်တွင်ကျရောက်သောစောပင်နာကျရောဂါ(ရွက်ညိုပြောက်ရောဂါ)

. ရောဂါ
စောပင်နာကျရောဂါ (ရွက်ပြောက်ရောဂါ) ကို အပင်စိုက်ပျိုးပြီး ရက် (၃၀) နောက်ပိုင်းမှာ တွေ့ရနိုင်ပါတယ်။
  • ရောဂါလက္ခဏာများ

    အဝိုင်းပုံစံ အကွက်လေးများ၊ နီညိုရောင်မှ အနက်ရောင်ဘက်သို့ ပြောင်းနေသော ရေစိုနာကွက် များကို အရွက်ရဲ့ အပေါ်ဘက် မျက်နှာပြင်တွေပေါ်မှာ တွေ့ရပြီဆိုရင်တော့ စောပင်နာကျရောဂါ ကျရောက်ပြီလို့ ဦးကြီးတို့ သိရှိနိုင်ပါတယ်။ အောက်မျက်နှာပြင်က ကြည့်ရင် အညိုဖျော့ရောင်အကွက်များကို မြင်ရပါတယ်။

    အညိုရောင် ရေစိုနာကွက်များကို အဝါရောင်ကွင်းလေးနဲ့ ဝိုင်းထားတတ်ပါတယ်။ စောပင်နာကျရောဂါ (ရွက်ပြောက်ရောဂါ) ကို အပင်စိုက်ပျိုးပြီး ရက် (၃၀) နောက်ပိုင်းမှာ တွေ့ရနိုင်ပါတယ်။

    အဆိုပါ လက္ခဏာများအပြင် ရိုးတံများ၊ ပင်စည်များနဲ့ စွယ်များတွင် ရေစိုနာကွက်များကို တွေ့ရနိုင်ပါတယ်။ ၎င်းတို့ဟာ ဘဲဥသဏ္ဍာန်ရှိပြီး အရွက်များပေါ်က အကွက်များထက် ထင်ရှားတဲ့ အနားသတ် လိုင်းတွေ ရှိပါတယ်။ ရောဂါဖြစ်ပွားမှု ဆိုးရွားပါက ရောဂါကျခံရတဲ့ အရွက်များဟာ အရောင်ပျက်လာပြီး ဆဲလ်သေများ သေဆုံးသွားတာကြောင့် တစ်ခါတစ်ရံမှာ ရေစိုနာကွက်ဟာ တစ်ခုနဲ့ တစ်ခုပေါင်းသွားပြီး‌ နောက်ဆုံးမှာတော့ ကြွေကျသွားတတ်ပါတယ်။

    စောပင်နာကျရောဂါ ကာကွယ်နှိမ်နင်းခြင်း

    စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း

    မြေပဲပင်စောပင်နာကျရောဂါကို စိုက်ပျိုးနည်းစနစ်များနဲ့ ထိုက်သင့်သလောက် နှိမ်နင်းနိုင်ပါတယ်။

    မြေပဲပင်တွေကို အခြားအပင်များနဲ့ သီးလှည့်စိုက်ပေးခြင်း၊ မြေပဲပင်တွေရဲ့ အကြွင်းအကျန်များကို ထယ်ထိုးထွန်မွှေပေးခြင်း တို့ဖြင့်လည်း ရောဂါဖြစ်ပွားမှုကို နှောင့်နှေးစေပါတယ်။

    ဘက်စုံကာကွယ်နှိမ်နင်းနည်းစနစ်များ

    စောပင်နာကျရောဂါကို ကာကွယ်ဖို့ ဦးကြီးတို့အနေနဲ့ အောက်ဖော်ပြပါ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ပေးနိုင်ပါတယ်။

    • ရွက်ပြောက်ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆင်းပဒေသာ ၅ ကဲ့သို့သော ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ရွေးချယ်စိုက်ပျိုးပေးခြင်းနဲ့ ဆင်းပဒေသာ ၁၁ ကဲ့သို့သော သက်တမ်းတိုမျိုးများကို ရွေးချယ်ပေးခြင်းဖြစ်ပါတယ်။ သက်တမ်းတိုလေ၊ ရောဂါကျရောက်မှုကို ရှောင်ရှားနိုင်လေဖြစ်ပါတယ်။

    • မြေပဲပြီးမြေပဲ ဆက်တိုက်စိုက်ပျိုးတဲ့ ဒေသများမှာ စိုက်ပျိုးချိန်အချိန်ကိုက်ဖြစ်ဖို့ လိုအပ်ပါတယ်။

    • မြေပဲပင်များကိုနုတ်ယူပြီးနောက် အပင်အကြွင်းအကျန်များကို ဖယ်ရှားမီးရှို့ပစ်ခြင်း၊ တိရစ္ဆာန်အစာအဖြစ် ကျွေးပစ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

    • ပေါင်းပင်များကို ဖယ်ရှားရှင်းလင်းပေးရပါမယ်။

    • စိုက်ပျိုးချိန်နဲ့ မျိုးသက်တမ်းပေါ်လိုက်ပြီး စိုက်ချိန်ကို ညှိနှိုင်းစိုက်ပျိုးသင့်ပါတယ်။

    ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း

    ဦးကြီးတို့ရဲ့ မြေပဲပင်တွေမှာ စောပင်နာကျရောဂါ(ရွက်ပြောက်ရောဂါ) ကျနေရင် ဖော်ပြပါ မှိုသတ်ဆေးများကို အသုံးပြုနိုင်ပါတယ်။

    ၁။ ပရိုပီကိုနာဇိုးလ် (Propiconazole)

    ၂။ တက်ဗျူကိုနာဇိုးလ် (Tebuconazole)

    ၃။ အဇိုဆီစထရိုဘင် (Azoxystrolin)

    ၄။ ကလိုရိုသာလိုနေး (Chlorothalonil)

    စတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။

    Htwet Toe

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - မိုးလေဝသ၊ သတင်းနှင့်ဆောင်းပါးစုံ၊ ကာကွယ်နှိမ်နင်းနည်း ၊ စိုက်ပျိုးနည်းပေါင်း ၁၃၀ ကျော် နှင့် ရုပ်ပြသုတများ ကိုအခုပဲ ဒေါင်းလုတ်ယူလိုက်ကြပါစို့။

    ပလေးစတိုး - www.bit.ly/fbhtwettoe



  • article
likes8comments0
views165views2121