cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်း ငရုတ်သီးခြောက် အရောင်းအဝယ်အေးနေ

. ဈေးကွက်
လက်ရှိ စျေးကွက် တွင်ငရုတ် လက်ကျန်နည်းနေပြီး လှောင် ကုန်သည်များလက်ဝယ်၌ သာရှိ တော့ကြောင်း သိရသည်။
  • ပြည်ပအဝယ် နည်းနေသည့် အတွက် ငရုတ်သီးခြောက် အရောင်းအဝယ်အေးနေ ကာ ပုံမှန်ထက် စျေး အနည်းငယ်ပြန်ကျ သွား ပြီး စျေးငြိမ်နေကြောင်ငရုတ်စိုက်တောင်သူများ ထံမှ သိရသည်။


    သို့သော် ယခုနှစ်မှာ ပြည်တွင်း ငရုတ်ထွက်ရှိမူ ထက်ဝက် လျော့ကျ ခဲ့ သည့် အတွက် လက်ကျန်နေ သောကြောင့်ပြီးခဲ့ သည့် နှစ်ဖြင့် ယှဉ်ရင် အတက်စျေးဖြင့် ငြိမ်နေခြင်း ဖြစ်ကြောင်း သိရသည်။


    လက်ရှိ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၃၀၀၀အထိ ပေါက်စျေးရှိနေပြီး ဒေသတစ်ခု နှင့် တခု စျေးနှုန်း အနည်းငယ်ကွာနိုင် ကြောင်းသိရသည်။


    “ စျေးကွက် ကအေးတယ်။ ဒီမှာ တန့်နေတာကြာပြီ၊ ငြိမ်နေတဲ့ ဘက်ကိုပါတာ။ နည်းနည်းကျသွားသေးတယ် ၊ တောစျေး က ၁၄၀၀၀ကနေ ၁၃၀၀၀ဖြစ်သွားတာ။ ပြည်ပတင်ပို့ဖို့ မြဝတီ ၊ထိုင်းဘက် က နေ အဝယ်ဆွဲ တာ နည်းလာတယ်။အပေါ်က ဆွဲမှ သာ အရောင်းဝယ်ဖြစ်တာ။ ’’ ဟု ဧရာဝတီတိုင်း ဒေသကြီး မှ ငရုတ်စိုက်တောင်သူ ကိုပိုက် ကပြောသည်။


    လက်ရှိ စျေးကွက် တွင်ငရုတ် လက်ကျန်နည်းနေပြီး လှောင် ကုန်သည်များလက်ဝယ်၌ သာရှိ တော့ကြောင်း သိရသည်။


    “အခု က လှောင်ကုန်သည်များ လက်ထဲမှာရှိတော့တာ တောင်သူတွေ လက်ထဲ မှာမရှိတော့ဘူး ၊ မိုးတွင်းဆိုတော့ လှောင်ထားတာကြာတော့ အညို ရောင်သမ်းသွားတယ်။ ငရုတ်အအေးပတ်တာပေါ့ ။အအေးခန်းထဲမှာ ထား နိုင်မှ သာ အဆင်ပြေတာ။ ဒါကြောင့်လဲ အရောင်းဝယ်ထိုင်းသွားတယ် ။ ပြည်ပ ကို တိုက်ရိုက်မရောင်းဘူး ၊ကျောက်ဆည် နဲ့ မော်လမြိုင် တို့ဘက် ကို တဆင့်ရောင်းတာ၊ အဲ့ဘက်က နေ့ သူ ပို့ ကြတာ”ဟု ညောင်တုန်းမြို့နယ် မှ ငရုတ်သီး ကုန်သည်တစ်ဦး ကပြောသည်။


    လက်ရှိ တင်ပို့နေသည့် ပြည်ပ နိုင်ငံများ အနေဖြင့် ပြည်တွင်း လောက်စျေး မရရှိ သည့် အတွက် ငရုတ်သီ း ခြောက်များ ကိုပြည်ပတင်ပို့မူ လျော့ ကျလာ ခြင်းလည်း ဖြစ်ကြောင်းလည်းသိရသည်။


    ယခုနောက်ပိုင်း ပြည်ပတင်ပို့မည့် ဝယ်လက်များ ပုံမှန်ထပ် လျော့ကျသွားကြောင်း တောင်သူများထံမှ သိရသည်။


    ထို့ကြောင့် ပြည်တွင်းထွက်ရှိမှု နှင့်ပြည်တွင်း စားသုံးမူ မှာ အနေတော် ဖြစ်နေသည့် အတွက် ပြည်တွင်း၌ စျေးတန်းတခု ရရှိထားကာ လည်း တောင်သူများ အတွက် တွက်ခြေကိုက်ဆုံး နှစ်​တစ်နှစ်ဖြစ်ကြောင်း လည်း သိရသည်။


    အချို့ ပြည်ပ တင်ပို့သူများ အနေဖြင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းနှင့် တင်ပို့မူ မူဝါဒ အခက်ခဲများကြောင့် ပြည်ပမှ ပေးသည့် စျေးနှုန်း ရရှိမူ နှင့် တွက်ခြေ မကိုက်သည့် အတွက် တင်ပို့နိုင်ခြင်း မရှိ ကြောင်း လည်း သိရသည်။


    လက်ရှိ ငရုတ်သီ အား ပြည်ပနိုင်ငံများ ဖြစ်သည့် ထိုင်း နိုင်ငံသို့ အဓိက ထား တင်ပို့နေပြီး လာအို ၊ မလေးရှား စသည်နိုင်ငံများ သို့ လည်းတင်ပို့နေေကြောင်း သိရသည်။


    ဖိုးချဲ(AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes12comments0
views92views2435