cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေဩဇာတက်စေရန်အတွက် ငါးစာကျွေးခြင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ငါးစာကျွေးခြင်း

    ငါးစာအဖြစ် (၁)သဘာဝအစာ (၂)အရွက်စိမ်း အစာ (၃) ပြုပြင်ထားသောအစာ (၄)စက်ရုံထုတ်အစာ ဟူ၍ ခွဲခြားသတ်မှတ်ထားပါသည်။ သယာဝအစာသည် ရေဩဇာတက်စေရန်အတွက် (တနည်း)ရေ၏အ ရောင်စိမ်းနေစေရန်ပြုလုပ်ထားခြင်းမှရရှိပါသည်။ ရေသတ္တဝါများ၏ အခြေခံအစာ အပင်မျှောလှေးနှင့် အ ကောင်မျှောလှေးများဖြစ်ကြပါသည်။ အရွက်စိမ်း အစာဆိုသည်မှာ ဘဲစာပင်နှင့် ကန်စွန် ရေကညွတ်တို့ ပါ ဝင်ကြပါသည်။ ပြုပြင်ထားသောအစာဆိုသည်မှာ ငါးမွေးတောင်သူများသည် ငါးများ၏အဟာရတိုးမြှင့်ရန် သယာဝကုန်ကြမ်းများ ၊အဏုဇီဝဆေးများနှင့် ဗီတာမင်များရောကြိတ်ကာ ကိုယ်ပိုင်အစာပြုလုပ်ကြပါသည်။ ရိုးစင်းသော ပြုပြင်ထားသောအစာမှာ ဒေသတွင်းမှ ရရှိသောကုန်ကြမ်းများဖြည်သည့် ဖွဲနု၊ ပြောင်းမှုန့်၊အုန်းသီး ဖတ်စသည်တိုကို ကာဗိုဟိုက်ဒရိတ်အရင်းအမြစ်များအဖြစ်လည်းကောင်း၊ အခြားတိရိစာ္ဆန် ပရိုတင်းအရင်း အမြစ်များအဖြစ် ငါးမှုန့် ပုစွန်ခေါင်ဖွဲမှုန် နှင်ြခရုတို့ကို ရောနှောကျွေးကြပါသည်။တီလားပီးယားငါးကို ဖြည့် စွက်စာအဖြစ် ဖွဲနု ၈၀ ရာခိုင်နှုံးနှင့် ငါးမှုန့် ၂၀ ရာခိုင်နှုံးရောနှောပြုလုပ်ကျွေးနိုင်ပါသည်။ အမှုန့်ကြိတ်စက် ၊ အစာတောင့်ထုတ်စက်တို့ကိုအသုံးပြုပြီးငါးစာအဖြစ်ကျွေးနိုင်ပါသည်။ သို့သော် ထိုကဲ့သို့သောအစာအမျိုးအ စားမှာ ရေမြုပ်သည့် အစာတောင့်ဖြစ်ပြီး စက်ရုံထုတ်အစာတောင့်များကဲ့သို့ ရေမပေါ်နိုင်ပါ၊ သို့သော်ကုန်ကျစရိတ်သက်သာပါသည်။

    စက်ရုံထုတ်ငါးစာသည် မွေးမြူမည့် ငါးမျိုးစိတ်များအတွက် လိုအပ်သည့် ပရိုတင်းအချိုးအစားနှင့် ကိုက်ညီစေရန် စီမံထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ငါးသေးစာတွင် ပရိုတင်းပါဝင်မှု့များပြီး၊ ငါးကြီးစာများတွင် ပရိုတင်းပါဝင်မှု့ တဖြည်းဖြည်းလျှောကျလာမည်ဖြစ်ပါသည်။ငါးသေးစာတွင် ပရိုတင်း ၄၀ ရာခိုင်နှုံးပါဝင်ပြီး ငါးကြီးစာတွင် ပရိုတင်း ၂၀ ရာခိုင်နှုံးပါဝင်သည်ကိုတွေ့ရှိရပါသည်။

    ပြုပြင်ထားသောအစာနှင့် စက်ရုံထုတ်အစာများသည် ဖြည့်စွက်စာများဖြစ်ပြီး ငါးများအဟာရမြင့် မားစွာရရှိစေပြီး ကြီးထွားမှု့မြန်လာစေရန်အတွက်ဖြစ်ပါသည်။ အခြေခံအစာသည် သဘာဝအစာဖြစ်သည့် အတွက် သဘာဝအစာကို ကန်အတွင်းအမြဲရှင်သန်စေရန် ဆောင်ရွက်ပြီး ဖြည့်စွက်စာကို လိုအပ်သလိုဖြည့် စွက်ကျွေးနိုင်ပါက အစာကုန်ကျစရိတ်သက်သာမည်ဟု အကြံပြုအပ်ပါသည်။

    ငါးစာကျွေးရာတွင်လည်း အချိန်မှန်ကျွေးခြင်းသည် ငါးများအတွက် အစာစားခြင်းကိုအပြည့်အဝ ခံစားရပါမည်။ ငါးသေးအချိန်တွင် တနေ့လျှင် အစာသုံးကြိမ်ကျွေးရမည်ဖြစ်ပြီး၊ ငါးကြီးအချိန်တွင် တနေ့ လျှင်အစာနှစ်ကြိမ်ကျွေးရပါမည်။ မိုးရွာသောအချိန်တွင် အစာကျွေးခြင်းကို မပြုလုပ်ရပါ။ မိုးရွာလျှင် ကန်ရေ၏ အပူချိန်သည် ပြောင်းလဲသွားပါမည်။ ထို အချိန်တွင် ကန်ရေသည် အေးနေပါလိမ့်မည်။ ငါးများသည် ၂၀ ဒီဂရီဆင်တီဂရိတ်အောက်ကျသွားလျှင် အစာစား နှုန်းလျော့ကျသွားတာကြောင့် လျှော့ကျွေးရန် လိုအပ်ပါသည်။

    ဦးဆန်းအောင် (ထွက်တိုး)

    ---

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes28comments5
views323views2731