မြေသြဇာထည့်သွင်းခြင်း
အပင်များကြီးထွားရန်နှင့် အသီးများတင်ရှိရန်အတွက် အဟာရဓါတ် လိုအပ်ကြောင်းကို သိရှိပြီးဖြစ်ပါသည်။ ထို့ပြင် အဟာရဓါတ် တမျိုးချင်း စီ၏ အရေးပါမှု အကြောင်း သိရှိပြီး ဖြစ်ရာ မြေဩဇာများ တွင် အပင်များ လိုအပ်သော အဆိုပါ အဟာရဓါတ်များ လုံလောက်စွာ ပါရှိပါသည်။ထို့ကြောင့် မိမိတို့ မျှော်မှန်းထားသော အထွက်နှုန်းများ ရရှိရန် မြေဩဇာများ အသုံးပြု နေကြခြင်း ဖြစ်ပါသည်။
ယေဘူယျအားဖြင့် ဓါတုမြေဩဇာနှင့် သဘာဝ/ဇီဝမြေဩဇာဟူ၍ ရှိပြီး စိုက်ခင်းများတွင် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလျှက် ရှိပါသည်။
ဇီဝမြေဩဇာ .. ဆိုသည်မှာ စိုက်ပျိုးရေးဆိုင်ရာ ဘေးထွက်ပစ္စည်းများအား (နွားချေး၊ ကောက်ရိုး၊ ပဲမှော်) အကျိုးပြု အဏုဇီဝ သက်ရှိများဖြင့် (EM, Trichoderma etc.) ကောင်းစွာ ဆွေးမြေ့ထားပြီးသော မြေဩဇာ ကို ဆိုလို ပါသည်။
ဓါတုမြေဩဇာနှင့် သဘာဝ/ဇီဝမြေဩဇာ
ဓါတ်မြေဩဇာ
ယူရီးယား (Urea)
တီစူပါ (TSP)
ပိုတက်ရှ် (MOP) ကွန်ပေါင်းမြေဩဇာ အမျိုးမျိုး
ရွက်ဖျန်းမြေဩဇာ အမျိုးမျိုး
သဘာဝမြေဩဇာ
နွားချေး၊
ကြက်ချေး
လင်းနို့ချေး နှင့် အခြား တိရိစ္ဆာန် စွန့်ပစ် ပစ္စည်းများ
ပဲဖတ်၊နှမ်းဖတ်၊ သစ်ရွက်ဆွေးမြေဩဇာ၊
ကြံမြှုပ်ချေး
ဇီဝမြေဩဇာ
ပဲမြစ်ဖုမြေဩဇာ(Rhizobium)
အီးအမ် (EM)
ထရိုင်ကိုဒါးမား(Trichoderma spp;)
ရေကျောက်ခတ်(Azolla)
ဓါတ်မြေဩဇာ
• အဟာရပါဝင်မှု မြင့်မားသည်။ ဈေးနှုန်းမြင့်မားသည်။
• အသုံးပြုမှု ကြာမြင့်လာပါက မြေဆီလွှာ နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မြင့်မားသည်။
• ထို့ကြောင့် ဓါတ်မြေဩဇာ အား အပင်ကြီးထွားမှု အဆင့်အပေါ် မူတည် ၍ အမှန်တကယ် လိုအပ်သည့် အမျိုးအစား နှင့် ပမာဏ တို့အား တွက်ချက်၍ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာတို့နှင့် တွဲဖက် သုံးစွဲရန် လိုအပ်ပါသည်။ ထိုသို့ သုံးစွဲခြင်းအားဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် (Sustainable Agriculture System) ဖြစ်ပေါ်စေရန် အထောက် အပံ့ ဖြစ်စေပါသည်။
သဘာဝမြေဩဇာ
• အပင်အတွက် လိုအပ်သည့် အဟာရ အစုံ ပါဝင်သော်လည်း ဓါတ်မြေဩဇာ အဟာရပါဝင်မှု ရာခိုင်နှုန်း
ထက်
နည်းပါးသည်။
မြေကြီး၏ အစိုဓါတ် ထိန်းသိမ်း နိုင်စွမ်း မြင့်မားခြင်း၊ ရေဝင်ရေထွက် လေဝင်လေထွက် ကောင်းမွန်ခြင်းတို့ကြောင့် အမြစ် ထိုးဖောက် နိုင်စွမ်း ကောင်းမွန်ခြင်းကြောင့် အပင်ကြီးထွားမှု ကောင်းမွန် ပါသည်။
အဏုဇီဝ သက်ရှိများ ကောင်းစွာ ရှင်သန်မှုကြောင့် မြေဆီလွှာ အရည်အသွေး တိုးတက် ကောင်းမွန်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ် နိုင်သည်။
လယ်ယာနှင့် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ ဖြစ်သောကြောင့် ငွေကုန် ကြေးကျ သက်သာပြီး ဓါတ်မြေဩဇာ အသုံးပြုမှုအား အထိုက် အလျောက် လျှော့ချ နိုင် ပါသည်။
ဇီဝမြေသြဇာ
-အပင်နှင့် မြေဆီလွှာအတွက် အကျိုးပြုသော အဏုဇီဝ သက်ရှိများ ဖြစ်သည့်ဘက်တီးရီယား၊ မှို နှင့် အခြား သက်ရှိများ ပါဝင်ပါသည်။
-မြေကြီးနှင့် လေထုအတွင်းရှိအပင် မစားသုံးနိုင်သောအဟာရများအားအပင်စားသုံးနိုင်သည့် ပုံစံရရှိအောင် ပြောင်းလဲ ပေးနိုင်သည်။
-ရောဂါပိုးများအား တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်း၊ ဟန့်တားနိုင်စွမ်း ရှိသည်။
-မြေဆီလွှာတွင်းရှိ ပိုးသတ် ဆေးနှင့် အခြားဓါတုဓါတ်ကြွင်းများအား လျော့နည်းသွားအောင် ချေဖျက်နိုင်စွမ်း ရှိသည်။
-ဇီဝမြေဩဇာမှာ သက်ရှိများ ဖြစ်သည် နှင့် အညီ အဆိုပါ သက်ရှိများ ဆက်လက် အသက်ရှင် နေထိုင်ရန် အတွက် လိုအပ်သော အစိုဓါတ်၊ ဩဂဲနစ် ပစ္စည်း (Organic matter) များ ရရှိနိုင်ရန် သဘာဝမြေဩဇာ ဖြင့် တွဲဖက် အသုံးပြု ပေးရသည်။
Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။


