cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက်မိုးလေဝသနှင့်စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်
  • ၁။ ကန်ကြီးဒေါင့်မြို့နယ် (ဇူလိုင် ၂၁ မှ ၃၀ ထိ)

    ယနေ့ ဇူလိုင်၂၁ရက် မှ ၂၅ရက်နေ့အထိ ရာနှုန်းပြည့်နီးပါး မိုးရွာနိုင်ပါသည်။ ဇူလိုင်၂၆ မှ ၃၀ ရက်နေ့ထိ ၇၂ ရာခိုင်နှုန်းခန့်သာမိုးရွာနိုင်ပါသည်။

    ၂။ မအူပင်မြို့နယ် (ဇူလိုင် ၂၁ မှ ၃၀ ထိ)

    ယနေ့ ဇူလိုင်၂၁ မှ ၂၄ ထိ ရာနှုန်းပြည့် နီးပါး မိုးရွာနိုင်ပါသည်။ ဇူလိုင်၂၅ မှ ၂၈ ရက်နေ့ထိ ၇၀ ရာခိုင်နှုန်းသာ မိုးရွာဖွယ်ရာ ရှိပါသည်။ ဇူလိုင်၂၉ နှင့် ၃၀ ရက်နေ့များမှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်းခန့်သာရှိပါမည်။

    ၃။ ဝါးခယ်မမြို့နယ် (ဇူလိုင် ၂၁ မှ ၃၀ ထိ)

    ဇူလိုင်၂၁ မှ ၂၅ ရက်နေ့ထိ ၉၀ ရာခိုင်နှုန်းကျော် မိုးရွာနိုင်ပါသည်။ ဇူလိုင်၂၆ မှ ၃၀ ရက်နေ့ထိ ၇၀ ရာခိုင်နှုန်းခန့်သာမိုးရွာနိူင်ပါမည်။

    ၄။ လပ္ပတာမြို့နယ် (ဇူလိုင် ၂၁ မှ ၃၀ ထိ)

    ယနေ့ ဇူလိုင်၂၁ မှ ၂၅ ရက်နေ့ထိ ရာနှုန်းပြည့်နီးပါး မိုးများရွာသွန်းနိုင်ပါသည်။ ဇူလိုင်၂၆ မှ ၃၀ ရက်နေ့အထိ မိုးရွာရန် ၇၀ ရာခိုင်နှုန်းခန့်သာရှိပါမည်။

    ၅။ဖျာပုံမြို့နယ် (ဇူလိုင် ၂၁ မှ ၃၀ ထိ)

    ယနေ့ ဇူလိုင်၂၁ မှ ၂၅ ရက်နေ့ထိ မိုးများရွာသွန်းရန် ရာနှုန်းပြည့်နီးပါးဖြစ်ပါသည်။ ဇူလိုင် ၂၆ မှ ၃၀ ထိ ၇၅ ရာခိုင်နှုန်းခန့်သာ မိုးရွာသွန်းနိုင်ပါသည်။

    ၆။ဟင်္သာတမြို့နယ် (ဇူလိုင် ၂၁ မှ ၃၀ ထိ)

    ယနေ့မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်၂၆ ရက်နေ့အထိ ရာနှုန်းပြည့်နီးပါးမိုးရွာနေနိုင်ပါသည်။ ၂၇ မှ ၃၀ ထိ ၇၀ ရာခိုင်နှုန်းခန့်သာ ရှိပါမည်။


    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်များ

    ဇူလိုင်၂၁ မှ ၂၅ ရက်နေ့ထိ ရာနှုန်းပြည့်နီးပါးမိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းအတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။ စပါးပင်ပွားထွက်သည့် ကာလ ဖြစ်သည့်အတွက်ကြောင့် စပါးခင်းအတွင်း ရေများနေခြင်းက ပင်ပွားနှုန်းကို ထိခိုက်စေနိုင်တာကြောင့် ရေထုတ်မြောင်းများ ပြုလုပ်၍ ရေထုတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။

    စပါးပင်ပိုင်း ကြီးထွားသည့် အဆင့်တွင် ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်လိပ်အိမ်ပိုး နှင့် ဆစ်ပိုးများ ကျရောက်မှု ဖြစ်ပွားနိုင်ပါသည်။ စပါးရွေးချယ်ပေါင်းသတ်ဆေး အသုံးပြုလျှင်လည်း စပါးခင်း ရေများနေချိန် အသုံးမပြုသင့်ပါ။ သံဆိပ်သင့်ခြင်းကြောင့် စပါးနီတိုကျရောက်မှု ရှိမရှိ စစ်ဆေးရန် စပါး အမြစ်များကို နှုတ်ယူ နမ်းကြည့်ပြီး သံချေးနံ့နှင့် အမြစ်များမဲနေခြင်းရှိမရှိ စစ်ဆေးပါ။ ဘတ်တီးရီးယားရွက်ဖျားခြောက်နှင့် ရွက်ညိုပြောက်ရောဂါ တို့ကို ကြိုတင်ကာကွယ်ပါ။ သွင်းအားစု ထည့်သွင်းခြင်းကို ရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။ မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး သုံးစွဲသည့်အခါ ထည့်သုံးပေးပါ။

    Source:CIAT

     

     



  • article
likes7comments0
views126views2343