cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မတူကွဲပြား မိုးစပါးနှင့် နွေစပါး အပိုင်း (၂)

. စိုက်ပျိုးနည်းစနစ်များ
မိုးရာသီမှာစိုက်တဲ့ အထွက်ကောင်းစပါးမျိုးအုပ်စုဝင် စပါးမျိုးကို နွေရာသီမှာစိုက်လိုက နွေစပါးမျိုးအဖြစ် အသုံးပြုနိုင်ပါတယ်“
  • မိုးရာသီတွင်စိုက်နိုင်သကဲ့သို့ နွေရာသီတွင်လည်း စိုက်ပျိုးနိုင်သည်။ နွေစပါး 

    မျိုးဟူ၍ သီးသန့်မရှိပေ။“ မိုးရာသီမှာစိုက်တဲ့ အထွက်ကောင်းစပါးမျိုးအုပ်စုဝင် စပါးမျိုးကို နွေရာသီမှာစိုက်လိုက နွေစပါးမျိုးအဖြစ် အသုံးပြုနိုင်ပါတယ်“ နွေရာသီတွင် အများစုစိုက်ပျိုးသည့် အထွက်ကောင်းစပါးမျိုးများမှာ မြန်မာနိုင်ငံအောက်ပိုင်းတွင် သီးထပ်ရင်နှင့် အလယ်ပိုင်းတွင် ရွှေသွယ်ရင်စပါးမျိုးတို့ဖြစ်သည်။ သီးထပ်ရင်နှင့် ရွှေသွယ်ရင် စပါးနှစ်မျိုးစလုံးသည် သက်တမ်းတိုစပါးမျိုးများ ဖြစ်ပါသည်။ယခုအခါ အခြားအထွက်ကောင်းသက်လျင် မျိုးများဖြစ်သော ရက်-၉၀၊ ရတနာတိုးတို့ကိုလည်း စိုက်ပျိုးလာပြီဖြစ်သည်။ သို့သော် သက်လတ်အထွက်ကောင်း စပါးမျိုးများဖြစ်သော မနောသုခနှင့် ဆင်းသုခတို့ကိုလည်း မိုးရာသီသာမက နွေရာသီတွင်လည်း စိုက်ပျိုးနေဆဲဖြစ်ပါသည်။ 

    ➤ နွေစပါးစိုက်နည်းစနစ် 

    တောင်သူလယ်သမားကြီးများက နွေစပါးအတွက် စိုက်နည်းစနစ်အမှန်ကို သိလိုကြသည်။ “ နွေစပါးကို ဘယ်နည်းစနစ်နဲ့ စိုက်သင့်ပါသလဲ“ ယခုအခါ စပါးစိုက်ပျိုးရာတွင် တိုက် ရိုက်မျိုးစေ့ချစိုက်နည်းစနစ်ကို အများစုကျင့်သုံးလာသည်။ ပျိုးထောင်ကောက်စိုက်သည့် စနစ်ကိုလည်း ဆောင်ရွက်နေတာတွေရှိပါသည်။ အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီးဆောင်ရွက်နိုင်တာကို ကျွန်တော်ပြောပြလိုက်ပါသည်။ “ စိုက်ပျိုးမဲ့ဒေသရဲ့ သွင်းရေရရှိနိုင်မှုအခြေအနေ၊ လွယ်ကူမှု၊ခက်ခဲမှု၊ မြေဆီလွှာရဲ့ ရေထိန်းထားနိုင်မှု၊ စိုက်ပျိုးသူရဲ့ ကုန်ကျစရိတ်ကျခံနိုင်မှု၊ စိုက်ပျိုးမည့်မြေဧရိယာပမာဏ တစ်ပိုင်တစ်နိုင်သို့မဟုတ် ဧရိယာအကျယ်အဝန်း များပြားမှုတို့အပေါ်မူတည်ပြီး စဉ်းစားရန်ဖြစ်ပါတယ်“ ဤသို့ပဲဖြေရမှာ ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးကဲ့သို့ မြေဧရိယာပိုင်ဆိုင်မှု များသော ဒေသများ၌ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးလေ့ရှိသည်။ အကြောင်းရင်းတွေရှိပါသည်။ မုတ်သုံမိုး စတင်ကျရောက်သည့် ဒေသဖြစ်၍ မိုးဦးမကျမီ ရိတ်သိမ်းလိုခြင်းကြောင့်လည်းမြန်ဆန်သည့် ကြဲပက်စနစ်ကို ကျင့်သုံးခြင်းဖြစ်ဟန်တူသည်။ မြေဧရိယာများသော်လည်း ရင်းနှီးမှုလျှော့ချ၍ ကုန်ကျစရိတ်သက်သာစေလိုခြင်းသည် အကြောင်းတစ်ချက် ပါဝင်နိုင်ပါသည်။ 

    မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ နွေစပါးကို နည်းလမ်းနှစ်မျိုးစလုံး ကျင့်သုံးစိုက်ပျိုးကြောင်းတွေ့ရှိရသည်။ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေးဒေသတို့လို မိုးစပါး - ပဲမျိုးစုံ - နွေစပါးသုံးသီးစားပုံစံကို ဆောင်ရွက်ကြသည့် လယ်သမားများက ပဲမျိုးစုံရိတ်သိမ်းအပြီး မြန်မြန်ဆန်ဆန် နွေစပါးကို စိုက်လိုသဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ကြသည်။ အများစုကကြဲပက်သည်။ အချို့က မျိုးစေ့ချကိရိယာဖြင့်ဆွဲ၍ မျိုးစေ့ချကြသည်။ တချို့ကမူကြိုးတန်းဆွဲ လက်ဖြူးချ စိုက်ပျိုးကြသည်။ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် ဆည်ရေရရှိမှုကို ချွေတာရာလည်း ရောက်သည်။သို့သော် ရေနေရေထိုင်ကောင်း၍ ရေရရှိမှု လွယ်ကူသော ဒေသများတွင်မူ ပျိုးထောင်ကောက်စိုက်စနစ်ကို ကျင့်သုံး 

    ကြပါသည်။ ပျိုးထောင်ကောက်စိုက် စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်တို့သည် စနစ်အလိုက် ပြုစုဂရုစိုက်ဆောင်ရွက်မှု မှန်ကန်ပါက စပါးအထွက်ရရှိနိုင်မှု ကွာခြားခြင်းမရှိကြောင်း သုတေသနရလဒ်များက ဖော်ပြထားပါသည်။ 

    ➤ နွေစပါးနှင့် ပိုးမွှားရောဂါပေါင်းမြက် 

    စပါးသီးနှံတွင် ပိုးမွှားရောဂါ ကျရောက်မှု၊ ပေါင်းမြက်ပင်များ ပေါက်ရောက်မှု စသည့် အဖျက်အဆီးများရှိပါသည်။ပိုးမွှားရောဂါနှင့် ပေါင်းမြက်တို့သည် စပါးအထွက်လျော့နည်းစေသော အဟန့်အတားများ ဖြစ်ပါသည်။ နွေစပါးနှင့်ပတ်သက်၍ သိလိုကြပါသည်။“ ပိုးမွှားရောဂါ ပေါင်းမြက်ကျရောက် ဖျက်ဆီးမှု မိုးစပါးနဲ့ နွေစပါး ကွာခြားမှုရှိပါသလား“ “ ဟုတ်ကဲ့။ မိုးစပါးမှာ ပိုးမွှားရောဂါပေါင်းမြက်အဖျက်အဆီးရှိသလို နွေစပါးမှာလည်း ပိုးမွှားရောဂါ ပေါင်းမြက်အဖျက်အဆီးတွေ ရှိပါတယ်။ ကွာခြားမှုတွေလည်းရှိပါတယ်“ ဆက်လက်ပြီး အသေးစိတ်ရှင်းပြရပါတော့သည်။ 

    ပိုးမွှားရောဂါကျရောက်မှုသည် သဘာဝပတ်ဝန်းကျင် ရာသီဥတုနှင့် ဆက်စပ်ပါသည်။ စပါးတွင် ကျရောက်တတ်သော ဘက်တီးရီးယား ရွက်ခြောက်ရောဂါသည် မိုးရာသီတွင် ပို၍ဆိုးရွားသည်။နွေစပါးတွင်မူ ဘက်တီးရီးယားရွက်စင်းရောဂါကျရောက်လေ့ရှိသည်။ 

    စပါးခင်း၌ ပေါက်ရောက်သောပေါင်းမြက်ကို အုပ်စုသုံးစု ခွဲခြားနိုင်သည်။ ၎င်းင်းတို့မှာ မြက်မျိုးနွယ်ဝင် အုပ်စု၊ မြက်မုန်ညင်းနွယ်ဝင် အုပ်စုနှင့် ရွက်ပြားမျိုးနွယ်ဝင်အုပ်စုတို့ ဖြစ်သည်။ မိုးစပါးတွင် ရွက်ပြားမျိုးနွယ်ဝင်အုပ်စု ပေါင်းမြက်များ ပိုမိုပေါက်ရောက်လေ့ရှိသည်။ နွေစပါးတွင်မူ မြက်မုန်ညင်းနွယ်ဝင်အုပ်စုနှင့် မြက်မျိုးနွယ်ဝင်အုပ်စု ပေါင်းမြက်များမိုမိုပေါက်ရောက်သည်။ ဤသည်မှာမိုးရာသီတွင် ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် စပါးစိုက်ပြီး၊ နွေရာသီတွင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စပါးစိုက်ခြင်းကြောင့်လည်း ဖြစ်သည်။ 

    ပျိုးထောင်ကောက်စိုက်စနစ်ဖြင့်စိုက်သည့် မိုးစပါးလယ်မြေများတွင် မိုးရေ ရရှိသိုလှောင်ထားသည်။ ပေါင်းမြက်အများစုသည် ရေအောက်တွင် အပင်ပေါက်ရောက်ဖြစ်ထွန်းမှု မရှိချေ။ နွေစပါးတွင် တိုက်ရိုက်မျိုးစေ့ချစနစ်ကို ကျင့်သုံးခြင်း၊ သွင်းရေအားကိုးရခြင်းကြောင့် စပါးစိုက်လယ်မြေများ၌ ရေပြတ်လပ်မှုများကို ကြုံတွေ့ရသည်။ ထို့ပြင်တိုက်ရိုက်မျိုးစေ့ချစနစ်ဖြစ်၍ ပေါင်းမြက်ပင်များသည်စပါးပင်နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားခွင့် ရရှိသည်။ ထို့ကြောင့် နွေစပါးတွင် ပေါင်းမြက်ပေါက်ရောက်ဖျက်ဆီးမှု ပိုမိုသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ 

    နွေစပါးနှင့် မိုစပါးမြေသြဇာသုံးစွဲရေး ကျွန်တော့်မိတ်ဆွေ လယ်သမားကြီးက နွေစပါးနှင့် မိုးစပါးမြေသြဇာသုံးစွဲရန်လိုအပ်မှုကွာခြားမှုကိုလည်း သိလိုပြန်ပါသည်။ “ မိုးစပါးနဲ့ နွေစပါး မြေသြဇာလိုအပ်မှုနဲ့ သုံးစွဲသင့်မှုကိုလည်း ရှင်းပြပါဦး“ “ မိုးစပါးရော နွေစပါးပါ မြေသြဇာသုံးစွဲရန် လိုပါတယ်။ မြေသြဇာဆိုတာသဘာဝမြေသြဇာနဲ့ ဓာတ်မြေသြဇာနှစ်မျိုးလုံးကို ဆိုလိုတာပါ “ မြေသြဇာတွင် စပါးပင်ကလိုအပ်သည့် အာဟာရဓာတ်များ ပါဝင်သောသဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာဟူ၍ ခွဲခြားနိုင်သည်။ သဘာဝမြေသြဇာကို သုံးစွဲခြင်းဖြင့် စေးသောမြေကို ဖွယ်စေ၍ ဖွယ်သောမြေကို စေးစေသည်။ စပါးပင်မှ လိုအပ်သည့် ဓာတ်သတ္တုအာဟာရဓာတ် တို့မှာမူ အနည်းငယ်မျှသာ ပါဝင်လေ့ရှိသည်။ 

    ဓာတ်မြေသြဇာကို သုံးစွဲခြင်းဖြင့် စပါးပင်ရှင်သန်ကြီးထွားရေး၊ ပွင့်သီးရေးတို့အတွက် လုပ်ငန်းအ၀၀ကိုအစဉ်လည်ပတ်နေစေရန် လိုအပ်သည့် နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်၊ ပိုတက်စီယမ်ဓာတ်များကို ရရှိစေသည်။ ၎င်းအဓိကအာဟာရဓာတ်များကို တစ်ခုခြင်း သို့မဟုတ် အမျိုးမျိုး တွဲဖက်၍ ဓာတ်မြေသြဇာအမျိုးမျိုး ထုတ်လုပ်ရောင်းချကြသည်။ 

    မိုးရာသီတွင် စပါးပင်အချင်းချင်းလောင်းရိပ်ထိုးခြင်းကြောင့် အရွက်အတွင်း အစာချက်လုပ်နိုင်မှုနည်းသည်။ စပါးပင်များက ထည့်ပေးသမျှ ဓာတ်မြေသြဇာကို ပြည့်ပြည့်၀၀ အသုံးမပြုနိုင်ချေ။ ထို့ကြောင့် မိုးရာသီတွင် ဓာတ်မြေသြဇာ 

    များကိုနည်းနည်းချင်းသာ ကျွေးသင့်သည်။နွေရာသီတွင် စပါးပင်သည် ရွက်ဖားမထိုးသည့်အပြင် အရွက်တို၍ထောင်သည်။ လောင်းရိပ်မမိ၍ အလင်းရောင်ပိုရသည်။ 

    နေရောင်ခြည်ကို ပိုရ၍ အစာချက်လုပ်မှု ပိုမိုစေသည် နွေစပါးတွင် နိုက်ထရိုဂျင်ဓာတ်‌မြေသြဇာ ထည့်ခြင်းကြောင့် ရသည့်အကျိုး အမြတ်သည် မိုးစပါးထက် ပို၍ကောင်းစေသည်။ နွေစပါးတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ ပိုမိုထည့်သွင်းပေးခြင်းဖြင့် စပါးအထွက် သိသိသာသာ တိုးတက်လာစေမည် ဖြစ်ပါသည်။ ကျွန်တော့မိတ်ဆွေ လယ်သမားကြီး သာမက စပါးသီးနှံစိုက်ပျိုးသူ အားလုံးမိုးစပါးနှင့် နွေစပါးတို့၏ သဘောသဘာ၀ ကွဲပြားခြားနားမှုများ၊ တူညီမှုများကို သိရှိစေလိုသည်။ သို့မှသာ လိုအပ်သည်များကိုကြိုတင်ပြင်ဆင်၍ မိုစပါးရော နွေစပါးပါစိုက်ပျိုးမှုအောင်မြင်ပြီး မျှော်မှန်းသည့်အထွက်ကို ရရှိနိုင်ကြမည်ဖြစ်ပါသည်။ 

    - မောင်ဖူးဝေ(တောင်တွင်းကြီး) 

    မြန်မာတောင်သူကြီးများ ဂျာနယ် 


  • article
likes28comments0
views392views3542