cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆားပေါက်ပြဿနာ ဖြေရှင်းဖို့ရာ အဖြေရှာ

. အာဟာရချို့တဲ့မှုလက္ခဏာများ
မြေဆီလွှာတွင် အငန်ဓာတ် လွန်ကဲစွာ ဖြစ်ပေါ်လာခြင်းကို ဆားပေါက်ခြင်းဟု ခေါ်ဆိုသည်။
  • မြေဆီလွှာတွင် အငန်ဓာတ် လွန်ကဲစွာ ဖြစ်ပေါ်လာခြင်းကို ဆားပေါက်ခြင်းဟု ခေါ်ဆိုသည်။ 

    ဆားပေါက်မှု၏ အကြောင်းအရင်း 

    မြေဆီလွှာတစ်ခုတွင် ဆား(သို့) ဆပ်ပြာပေါက်ခြင်း၏ အရင်းခံဇစ်မြစ်မှာ 

    • မူလ မြေဆီလွှာအတွင်းတွင် ဆိုဒီယမ် ပါဝင်မှု များခြင်း ၊ မိုးရေချိန် နည်းပါးခြင်း ၊ အပူချိန် မြင့်မားခြင်းတို့ကြောင့် မြေအောက်မှ ဆားများ မြေမျက်နှာပြင်ပေါ် စုပုံလာပြီး ဆားပေါက်ခြင်း 

    • ရေသွင်းနည်းစနစ် မမှန်ကန်ခြင်းဖြင့် မြေအောက်ရေ မြင့်တက်လာပြီး အောက်မှ ဆားများ မျက်နှာပြင်ရောက်ရှိလာခြင်း 

    • သွင်းရေ အရည်သွေး ညံ့ဖျင်းခြင်း 

    • ပင်လယ်ရေငန်ဝင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ 

    ဆားပေါက်ခြင်း လက္ခဏာများဆားပေါက်မြေတွင် စိုက်ပျိုးထားသော အပင်သည် • ဆိုဒီယမ် ၊ ကလိုရင်းတို့ကြောင့် အပင်အဆိပ်သင့်ခြင်း 

    • အပင်မှ ရေစုပ်ယူမှု ကို ဟန့်တားစေခြင်း 

    • ပိုတက်ဆီယမ် ၊ ကယ်ဆီယမ် အစရှိသော အာဟာရ များ စုပ်ယူမှုကို ဟန့်တားသဖြင့် အပင်များကြီးထွားမှုကို နှေးစေပြီး အထွက်နှုန်းကိုလည်း ကျဆင်းစေသည်။ 

    • အရွက်ထိပ်ဖျားများ ခြောက်လာ၍ အကွက်လိုက်သေခြင်း အစရှိသည်တို့ ဖြစ်တတ်သည်။ 

    ဆားပေါက်မြေဆီလွှာ ပြုပြင်နည်း 

    • ဆားငန်ခံ သီးနှံများနှင့် အလှည့်ကျ စိုက်ပျိုးခြင်း 

    • ဆားငန်ခံသော မျိုးများအား ရွေးချယ်စိုက်ပျိုးခြင်း 

    • စိုက်ချိန်ပြောင်းလဲခြင်း 

    • ဆားပေါက်နေသော မြေဆီလွှာကို မိုးရေဖြင့် ဆေးကြောခြင်း 

    • ဆားငန်ရေဝင်ရောက်မှု တားဆီးခြင်း ၊ တာပတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး 

    • သီးနှံပင်လိုအပ်သော အဓိက အာဟာရများဖြစ်သော နိုက်ထရိုဂျင် ၊ ပိုတက်ဆီယမ် ၊ ဖော့စဖိတ် အစရှိသည်တို့ကို လုံလောက်စွာ ကျွေးပေးခြင်း၊ 

    • သဘာ၀ မြေသြဇာနှင့် မြေဆွေးများ ထည့်ပေးခြင်း 

    • ပိုတက် မြေသြဇာကို အပင် ဖုံးတုံးလုံးတုံးအချိန်တွင် ကျွေးပေးခြင်း 

    • ပိုတက် မြေသြဇာကို ရွက်ဖျန်းအသွင် ဖြည့်တင်းပေးလိုက်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။ 

    Reference -စပါးစိုက်မြေဆီလွှာ(ဒေါ်စန်းစန်းမြင့်) 


  • article
likes16comments0
views284views2735