cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပဝယ်လိုအားကောင်းလာသော မြေထောက်ပဲ

. ဈေးကွက်
အထူးသဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်ရက်များတွင် ပို၍ ဝယ်လိုအားကောင်းသော သီးနှံဖြစ်လာပါသည်။
  • ယခုနှစ်ပိုင်းတွင် မြေထောက်ပဲကို ပြည်တွင်းစားသုံးမှုများလာသကဲ့သို့ ပြည်ပနိုင်ငံများမှလည်း ဝယ်လိုအားမြင့်တက်လာပါသည်။ မြန်မာလူမျိုးများ အများဆုံးနှစ်သက်ပြီး ချက်ပြုတ်စားသောက်ကြသည့် ပဲများမှာ ကုလားပဲ၊ မတ်ပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ပဲပုပ်၊ ပဲထောပတ်၊ ပဲစင်းငုံတို့ ဖြစ်ပြီး မြေထောက်ပဲကိုလည်း စားသုံးသူများလာပါသည်။

    ပြည်ပကို တင်ပို့နေသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုပ်၊ ပဲထောပတ်၊ ပဲလွမ်း အစရှိသည့် ပဲအမျိုးမျိုးထဲတွင် မြေ‌ထောက်ပဲလည်း ပါဝင်ပြီး အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။ တရုတ်နိုင်ငံတွင်လည်း တစ်နှစ်ထက်တစ်နှစ် ပဲစားသုံးမှု ပိုများလာသည်။ ယခင်က အိန္ဒိယနိုင်ငံသို့ ဖြူနီကြား မြေထောက်ပဲကို တရုတ်နိုင်ငံမှ တင်ပိုခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ မြေထောက်ပဲ တင်သွင်းမှုများ ရှိလာပါသည်။

    မြန်မာနိုင်ငံမှ မြေ‌ထောက်ပဲကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူမှုအများဆုံးဖြစ်လာသည်ဟု မန္တလေးမြို့နယ်၊ ပဲနှမ်းဈေးကွက်မှသိရသည်။ ထို့ပြင် ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံများသို့လည်း တင်ပို့နေပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလအထိ မြေထောက်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂၂၁ သန်း ရရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

    ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ပြည်ပတင်ပို့နေသည့် မြေထောက်ပဲအပါအဝင် ပဲမျိုးစုံတင်ပို့အခြေအနေမှာ ယခုဘဏ္ဍာနှစ် (၂၀၂၃-၂၀၂၄) ဧပြီ ၁ ရက်မှ မေ ၁၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ တန်ချိန် (၁၆၇၉၉၂ ဒသမ ၃၀၇)တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၂၄ ဒသမ ၉၇၁) သန်း ရရှိခဲ့သည်။

    နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တန်ချိန် (၁၉၆၁၆ ဒသမ ၀၄၅) တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ (၁၈.၄၈၁) သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေး ဝန်ကြီးဌာန၏ စာရင်းများမှ သိရသည်။

    လက်ရှိဈေးကွက်ထဲ၌ မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ်သုံးသိန်းကျော်အထိ တစ်ပတ်ထက်တစ်ပတ် ဈေးကွက်မြင့်တက်နေသည်။

    မြေထောက်ပဲကို ရာသီဥတု သင့်တင့်မျှတသည့် ကသာ ၊ ဗန်းမော်၊ ဧရာဝတီမြစ်ရိုးအထက်ပိုင်း မတ္တရာ၊ ချင်းတွင်းမြစ်ရိုးအထက်ပိုင်း ကလေး၊ ကလေးဝနှင့် ကရင်ပြည်နယ်တွင်လည်း စိုက်ပျိုးကြသည်။ မိုးများသည့် ဒေသနှင့် အပူပိုင်းဒေသတွင် စိုက်ပျိုး၍ မရသောသီးနှံဖြစ်သည်။ မြေထောက်ပဲကို မြေထောက်ပဲနီဟုလည်း တစ်မျိုးခေါ်ဆိုကြပြီး သူ၏မူလမျိုးရင်းက ပီရူးနိုင်ငံဖြစ်သည်၊၊

    မြေထောက်ပဲကို အောက်တိုဘာ နှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထွက်ရှိသည်။မြေထောက်ပဲစိုက်ပျိုးရာတွင် တစ်ဧကမျိုး တစ်တင်းခွဲခန့် စိုက်ပျိုးရပြီး အထွက်တင်းအနေဖြင့် ပျမ်းမျှ ၂၆ တင်းမှ တင်း ၃၀ ခန့် ထွက်ရှိသည်ဟု စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။

    ကသာမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့မှ ထွက်ရှိသည့် မြေထောက်ပဲသည် ပဲလုံးအရွယ်အစားကြီးသည့်အတွက် ဈေးကွက်အတွင်း ပို၍ အရောင်း အဝယ်ကောင်းသည်။ ၂၀၂၂ ခုနှစ်က ကသာခရိုင်တွင် မြေထောက်ပဲ စိုက် ဧက (၃၉၃၅၂) ဧက ခန့် စိုက်ပျိုးအောင်မြင်ခဲ့သည်၊၊ မြေထောက်ပဲလှိုင်လှိုင်ပေါသည့် အချိန်မှာ ဖေဖော်ဝါရီလနှင့် မတ်လတို့ဖြစ်သည်။ ကသာခရိုင် ၊ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် မြေနုကျွန်းများမှ စိုက်ပျိုးထွက်ရှိသော မြေထောက်ပဲများသည် လူကြိုက်များပြီး ဈေးကွက်ခိုင်မာသောဒေသထွက်ကုန်ဖြစ်လာသည်။

    ပဲမျိုးစုံတွင် လူသားတို့အတွက် အသားဓာတ်၊ အာဟာရဓာတ်၊ အမျှင်ဓာတ်များ၊ ဗီတာမင်များ ပါဝင်မှုမြင့်မား၍ ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။ သုတေသနများမှ လေ့လာတွေ့ရှိချက်များအရ မြေထောက်ပဲကို စားသုံးခြင်းဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည့်အပြင် အမျိုး သမီးများ ဓမ္မတာမှန်စေပြီး ရင်သာကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည်ဟု တွေ့ရှိရသည်။

    တရုတ်နိုင်ငံသို့ မြေထောက်ပဲကို လွန်ခဲ့သော လေးနှစ်လောက်ကတည်းက စတင်တင်ပို့ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်ရက်များတွင် ပို၍ ဝယ်လိုအားကောင်းသော သီးနှံဖြစ်လာပါသည်။ ပြည်ပပို့ကုန်တွင် အားထားလာရသော မြေထောက်ပဲစိုက်ပျိုးမှုအတွက် ရာသီဥတုကောင်း မွန်ပြီး အထွက်နှုန်းကောင်းရန် တောင်သူများက မျှော်လင့်နေပါသည်။

    မြန်မာနိုင်ငံတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးအစားများကို ပြည်ပသို့ အများဆုံးတင်ပို့နေသည့်အတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ဝယ်လိုအားကောင်းလာသော မြေထောက်ပဲကလည်း အလားအလာကောင်းများရှိနေပါသည်။

    အမွန်

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes15comments0
views205views2418