cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးပင် ‘နီတို’ ဖြစ်တာဘာကြောင့်လဲ

. သတင်းစုံ
စပါးကို စိုက်ပျိုးကြတဲ့တောင်သူဦးကြီးများအနေနဲ့ စပါးပင်မှာ တောင်သူများအခေါ် နီတို ပြဿနာကိုကြုံဖူးကြမှာပါ။ ဒါပေမဲ့ တောင်သူများခေါ်နေကြတဲ့ နီတိုဆိုတာက ရောဂါဖြစ်တာလား၊ ဒါမှမဟုတ် ပိုးမွှားကျရောက်မှုကြောင့်ဖြစ်တာလားဆိုတာ မသေချာ၊ မရေရာ ဖြစ်နေတတ်ကြပါတယ်။ အမှန်တကယ်တမ်းကတော့ နီတို ဆိုတာက ရောဂါလည်းမဟုတ်သလို ပိုးကျတာကြောင့် ဖြစ်တာလည်းမဟုတ်ပါဘူး။

  • စပါးကို စိုက်ပျိုးကြတဲ့တောင်သူဦးကြီးများအနေနဲ့ စပါးပင်မှာ တောင်သူများအခေါ် နီတို ပြဿနာကိုကြုံဖူးကြမှာပါ။ ဒါပေမဲ့ တောင်သူများခေါ်နေကြတဲ့ နီတိုဆိုတာက ရောဂါဖြစ်တာလား၊ ဒါမှမဟုတ် ပိုးမွှားကျရောက်မှုကြောင့်ဖြစ်တာလားဆိုတာ မသေချာ၊ မရေရာ ဖြစ်နေတတ်ကြပါတယ်။ အမှန်တကယ်တမ်းကတော့ နီတို ဆိုတာက ရောဂါလည်းမဟုတ်သလို ပိုးကျတာကြောင့် ဖြစ်တာလည်းမဟုတ်ပါဘူး။

    အမှန်တကယ်တော့ စပါးစိုက်ခင်းထဲမှာရေကိုကြာရှည်စွာသိုလှောင်ထားတဲ့အခါ ရေထဲမှာ သံဓါတ်တွေပျော်ဝင် စုစည်းလာပြီးတော့ ကြာလာတာနဲ့အမျှ စပါးပင်တွေက သံဓါတ်အဆိပ်သင့်လာတဲ့ပြဿနာပါ။ အဲလို သံဆိပ်သင့်တဲ့အခါ စပါးပင်တွေက ပုပြီးတိုလာခြင်း၊ စပါးအရွက်တွေက သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ခြင်းကြောင့် စပါးပင် နီတိုဖြစ်တယ်လို့ အလွယ်ခေါ်ကြခြင်းဖြစ်ပါတယ်။

    မိုးကောင်းသောက်ဒေသတွေမှာ စပါးခင်းအတွက် ရေရရှိရန်မလွယ်ကူတဲ့အတွက် စပါးအောင်ရေရတဲ့အထိ ရေကိုလှောင်ထားတတ်ကြပါတယ်။ နောက်ပြီးတော့ ရေသွင်းရေထုတ်ပြုလုပ်ဖို့ခက်ခဲတဲ့ စိုက်ခင်းတွေမှာလည်း ရေကို ကြာရှည်စွာလှောင်ထားတာမျိုးရှိတတ်ပါတယ်။ ထိုကဲ့သို့ရေကိုကြာရှည်စွာ လှောင်ထားတဲ့အခါမျိုးမှာ စိုက်ခင်းရှိ မြေထဲတွင် လေမရှိတော့ပဲ အောက်ဆီဂျင်ဓါတ်ကုန်ခမ်းသွားပါတယ်။ ဒီလိုအချိန်မျိုးမှာ စပါးခင်းထဲမှာရှိတဲ့ သံဓါတ်(အခဲ) တွေဟာ စပါးပင်အလွယ်တကူစုပ်ယူနိုင်တဲ့ သံဓါတ် (အမှုန်) ပုံစံသို့ ပြောင်းသွားပြီးတော့ စပါးပင်ထဲကို ရေကြောမှတစ်ဆင့် ပမာဏများစွာဝင်ရောက်သွားပါတယ်။ လိုအပ်တဲ့ပမာဏထက်ပိုလာတဲ့အခါမှာတော့ စပါးရွက်တွေဟာ သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ပါတယ်။

    နောက်ပြီးတော့ စပါးပင်ထဲမှာရှိနေတဲ့ သံဓါတ်တွေဟာ လေနဲ့ထိတွေ့လိုက်တဲ့အခါ အခဲပုံစံသို့ပြန်ပြောင်းသွားပြီးတော့ စပါးပင်စည် အတွင်းမှာရှိတဲ့ ရေကြောနဲ့အစာကြောတွေမှာ ပိတ်ဆို့သွားပါတယ်။ အဲချိန်မှာဆိုရင် အမြစ်ကစုပ်ယူတဲ့ အစာအာဟာရတွေကို အရွက်သို့ရောက်အောင် မပို့နိုင်တော့ပါဘူး။ အပင်က အာဟာရကောင်းစွာမရနိုင်တဲ့အတွက် ဆက်လက်မကြီးထွားနိုင်တော့ပဲ အပင်တွေပုကုန်ပါတယ်။ ဒီလိုချိန်မျိုးမှာ တောင်သူအများစုဟာ အပင်ကြီးထွားမှုကောင်းအောင်ပုလဲမြေဩဇာ ပက်လေ့ရှိပါတယ်။ သို့သော် အပင်ရဲ့ အစာကြော၊ရေကြောဟာပိတ်နေတာဖြစ်တဲ့အတွက် အပင်ကမစားနိုင်ပါဘူး။ ကျွေးသမျှကတော့ လေလွင့်ဆုံးရှုံးကုန်ပါမယ်။

    ဒီတော့ နီတို ဖြစ်လာပြီဆိုရင် ပြန်လည်ကုစားရမယ့် အကောင်းဆုံးနည်းလမ်းကတော့ စိုက်ခင်းထဲကရေတွေကို ပြောင်အောင်ထုတ်ပေးခြင်းဖြစ်ပါတယ်။ ရေထုတ်ခြင်းဖြင့် သံဓါတ်အဆိပ်သင့်မှုကို ကုစားနိုင်မှာဖြစ်ပါတယ်။ ရေထုတ်ပြီး တစ်ပတ် အကြာလောက်မှာတော့ အပင်အတွက် အာဟာရတွေပြန်လည်ထောက်ပံ့ပေးသင့်ပါတယ်။

    သို့သော် အချို့သောဒေသများတွင် ရေထုတ်ရန် အတွက် အခက်အခဲရှိတတ်ကြပါတယ်။ များသောအားဖြင့် မိုးရေကိုသာအားကိုးရတဲ့မိုးကောင်းသောက်ဒေသ တွေမှာဆိုရင် ရေကိုလုံးဝကုန်စင်အောင် ထုတ်ပေးနိုင်ဖို့ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ ထိုကဲ့သို့သောဒေသများမှာ သံဓါတ်အဆိပ်သင့်မှုပြဿနာကို ကုစားဖို့အတွက် ပိုတက်ချ်(K) မြေဩဇာကိုထည့်ပေးပါ။ ပိုတက်ချ်(K) ဟာ စပါးပင်အမြစ်တွေရဲ့ လေထုတ်လုပ်နိုင်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ သံဆိပ်သင့်တဲ့ပြဿနာဟာ မြေချဉ်တဲ့ စိုက်ခင်းတွေမှာ ပိုအဖြစ်များတဲ့အတွက် ပိုတက်ချ်(K) မြေဩဇာအပြင် ကျောက်မှုန့်မြေဩဇာကိုလည်း တွဲဖက်အသုံးပြုခြင်းဖြင့် သံဓါတ်အဆိပ်သင့်တဲ့ပြဿနာ (နီတို) ကို ကုစားနိုင်ပါတယ်။

    Ye Min Han (Htwettoe)


  • article
likes18comments1
views168views2071