cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ခင်းများတွင် ကျရောက်တတ်သော စုပ်စားပိုးအမျိုးအစားများ

. ပိုးမွှား
စုပ်စားပိုးများသည် ခြစ်စုပ်စားသောပါးစပ်အမျိုးအစားကို ပိုင်ဆိုင်သောအင်းဆက်အမျိုးအစား ဖြစ်ပါတယ်။ အပင်တစ်ရှုး (tissue) ထဲသို့ ၎င်း၏ပါးစပ်အင်္ဂါအစိတ်အပိုင်းဖြင့် ထိုးသွင်းပြီး သစ်ရည်များကို စုပ်ယူခြင်းဖြင့် အပင်များကို စားသောက်ဖျက်ဆီးသော အလေ့အထ ရှိပါတယ်။
  • စုပ်စားပိုးများသည် ခြစ်စုပ်စားသောပါးစပ်အမျိုးအစားကို ပိုင်ဆိုင်သောအင်းဆက်အမျိုးအစား ဖြစ်ပါတယ်။ အပင်တစ်ရှုး (tissue) ထဲသို့ ၎င်း၏ပါးစပ်အင်္ဂါအစိတ်အပိုင်းဖြင့် ထိုးသွင်းပြီး သစ်ရည်များကို စုပ်ယူခြင်းဖြင့် အပင်များကို  စားသောက်ဖျက်ဆီးသော အလေ့အထ ရှိပါတယ်။ ဆိုးရွားစွာ ဖျက်ဆီးခံရသော အပင်များမှာ အပင်ပိုင်းကြီးထွားမှု ရပ်တန့်သွားပါတယ်။ အရွက်များမှာလည်း အဝါရောင်ပြောင်းပြီး ကုပ်သွားကာ မူမမှန်တဲ့ပုံ သဏ္ဍာန်ပြောင်းသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ပိုင်းတွင် အပင်က ညှိုးလာပြီး နောက်ဆုံးမှာတော့ အပင်က သေသွားပါတယ်။ စိုက်ပျိုးပင်များတွင် ကျရောက်ဖျက်ဆီးတတ်သော စုပ်စားပိုးအမျိုးအစားများမှ ပျ နှင့်ဖြုတ် နှစ်မျိုးကို ဖေါ်ပြပေးလိုက်ပါတယ်။ 

    ပျ 

    ပျသည် သေးငယ်ပြီး နူးညံ့သော ခန္ဓာကိုယ် အမျိုးအစားရှိသည့် အင်းဆက်အမျိုးအစားဖြစ်ပါတယ်။ ပျပိုး၏ အရောင်မှာ မှိုင်းပျပျမီးခိုးနက်ရောင်၊ အစိမ်းရောင်၊ အဝါရောင် စသော အရောင်အမျိုးအစားတွေရှိပါတယ်။ ပျပိုးပွားများမှုသည် အချိန်တိုအတွင်း လျင်မြန်စွာ ပွားများပြီးနောက် အရွက်တစ်ခုလုံး၊ ပင်စည်တစ်ခုလုံးကို ပြုံခဲနေအောင် ဖုံးလွှမ်းစုပုံကျရောက်တတ်ပါသည်။ ပျပိုးများသည် ဗိုင်းရပ်စ် (Virus) သယ်ဆောင်လာတဲ့အတွက် စုပ်စားပိုး ကျရောက်ပြီးတဲ့နောက်မှာ အပင်မှာ ဗိုင်းရပ်စ် ရောဂါ ထပ်ဆင့် ဖြစ်နိုင်ပါသေးတယ်။ပျပိုးများကို ဖျက်ဆီးနှိမ်နှင်းနိုင်သော သဘာဝ သားရဲ အင်းဆက်မှာ လိပ်ခုံးကျိုင်းနှင့် ဇာတောင်ပိုးတို့ဖြစ်ကြပါတယ်။ဒါကြောင့် ဖျက်ပိုးတွေကို နှိမ်နင်းရာမှာ ဓာတုဆေးများ အလွန်အကျွံမသုံးခြင်းဖြင့် သဘာဝအတိုင်း ရှိနေတဲ့သားရဲအင်းဆက် အရေအတွက်ကို ထိန်းသိမ်းထားခြင်းဖြင့် ဖျက်ပိုးအရေအတွက်ကို လျော့ကျစေနိုင်ပါတယ်။ 

     

     

    ဖြုတ်  

    ဖြုတ်သည် သေးငယ်ပြီး သပ်ပုံရှိသော ခန္ဓာကိုယ်အမျိုးအစားကို ပိုင်ဆိုင်ထားသော အင်းဆက်ဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံအများစုတွင် ကျရောက်တတ်ပြီး အစိမ်းရောင် နှင့် အညိုရောင်မှာ အတွေ့ရများသောအရောင်များဘဲ ဖြစ်ပါတယ်။ သစ်ရည်များကို စုပ်ပြီးစားသောက်သောကြောင့် အရွက်များမှာ အဝါရောင်ပြောင်းကာ တွန့်လိမ် သွားပြီး အပင်ရဲ့ ကြီးထွားမှုမှာလည်း ရပ်တန့်သွားပါတယ်။ ရောဂါဖြစ်စေသော သက်ရှိများကို သယ်ဆောင် လာပြီး နောက်ဆက်တွဲအနေဖြင့် ဗိုင်းရပ်စ် ရောဂါကို ‌ထပ်မံ ဖြစ်ပွားစေနိုင်ပါတယ်။ 

    စုပ်စားပိုးကျရောက်မှုကို ကာကွယ်နိုင်နင်းရန်အတွက် 

    ၁။ စိုက်ခင်းနှင့် ဘေးပတ်ပတ်လည်တွင် စုပ်စားပိုးခိုအောင်းနိုင်သော ပေါင်းမြက်ချုံနွယ်များကို ရှင်းလင်းပေးပါ။ 

    ၂။ ဖျက်ပိုးအရေအတွက် ပေါက်ဖွားများပြားမလာစေရန် ဖျက်ပိုးကျရောက်နေသော အပင်အစိတ်အပိုင်းများကို သေချာစွာဖျက်ဆီးပစ်ပါ။ 

    ၃။ ဖျက်ပိုးအရေအတွက် နည်းပါးစေရန် အဝါရောင် စေးကပ်ထောင်ချောက်ကို သုံးပါ။ 

    ၄။ ထောင်ချောက်သီးနှံ ကဲ့သို့သော ထပ်တရာပန်း (ချစ်တီးပန်းပင်များ) တွဲဖက်စိုက်ပျိုးပေးပါ။ 

    ၅။ နိုက်ထရိုဂျင် ဓာတ်မြေဩဇာ အလွန်အကျွံသုံးခြင်းကို ရှောင်ပါ။  

    ၆။ ပေါင်းမြက်ကို သေချာစွာနှိမ်နင်းပေးပါ။ 

    ဓာတုပိုးသတ်ဆေးများအနေဖြင့် 

    (၁) အဆီတာမီပရစ် (Acetamiprid)၊ 

    (၂) လမ်ဒါဆိုင်ဟေလိုသရင် (Lambda-cyhalothrin)၊ 

    (၃) ပရိုဖီနိုဖော့စ် (Profenofos)၊ 

    (၄) ဒိုင်မီသိုအိတ် (Dimethoate)၊ 

    (၅) သိုင်ရာမီသောက်စင်(Thiamethoxam)၊ 

    (၆) ဖစ်ပရိုနေး(Fipronil) စတဲ့ ဆေးအဆိပ် ပါတဲ့ ဆေးတစ်မျိုးမျိုးကို အထုပ်/ဗူး ပါ အညွှန်းအတိုင်း ဖျန်းပေးနိုင် ပါတယ်။ 

     

    Souces: https://www.maine.gov/dacf/php/gotpests/bugs/factsheets/sucking-insects-umce.pdf 

    https://plantix.net/en/blog/pest-control-managing-sucking-pests 



  • article
  • article
likes18comments0
views397views2220