cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပ အဝယ်နည်းလာ သောကြောင့် ကွမ်းသီး စျေးကွက် အေးနေ

. ဈေးကွက်
ပြည်ပ အဝယ်နည်းလာ၍ ကွမ်းသီး စျေးကွက် အေးလာ ကြောင်း ကွမ်းသီးအရောင်းအဝယ် လုပ်ကိုင်နေသူ များထံမှ သိရသည်။
  • ထိုကဲ့သို့ အရောင်းဝယ် အေးနေခြင်း နှင့် လက်ရှိ စျေးကွက် တွင် ကွမ်းသီး အသစ်တွေ ဝင်ရောက်နေခြင်းကြောင့် စျေးအနည်းငယ် ကျနေကြောင်း သိရသည်။


    “ လက်ရှိ ကွမ်းသီး အရောင်းဝယ်ကတော့ အေးနေတယ်။ တစ်လ ရှိ ပြီး ဘိတ်ကဝယ်ရောင်းတာ တပိဿာကို ၄၈၀၀နဲ့ ဝယ်ခဲ့ရတယ်။ ကျနော် ဆီဘက်တော့ မရောင်းရဘူး ကျန်တဲ့ နေရာတွေက တော့ မသိဘူး ၊“ ဟု ကွမ်းနှင့် ကွမ်း ပစ္စည်း ရောင်းဝယ်ရေး အရောင်းဆိုင်မှ ပိုင်ရှင်တစ်ဦးကပြောသည်။


    ယခင်နှစ် များက ကွမ်းသီး(၁)ပိဿာလျှင် ငွေကျပ်(၆၀၀၀)မှ အထက် အထိ စျေးရရှိခဲ့သော်လည်း ယခုနှစ် ကွမ်းသီး အခြောက်အလုံးစျေးနှုန်းမှာ (၁)ပိဿာလျှင် ငွေကျပ် ၄၅၀၀ မှ၅၅၀၀စျေးသာ ရရှိနေကြောင်းကွမ်းရောင်းသူများ ထံမှ သိရသည်။


    မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော ကွမ်းသီးခြောက်စျေးကွက်သည် အိန္ဒိယ နိုင်ငံနှင့် တရုတ် ထံသို့ အမှီပြုရောင်းချ လျက်ရှိပြီး လက်ရှိ သယ်ယူပို့ဆောင် အခက်ခဲ့များ အပြင် တခြား အခက်ခဲများ ကြောင့် ပုံမှန်ထပ် ၅၀ရာခိုင်နှုန်း အထိ ကျဆင်းသွား

    ကြောင်းသိရသည်။


    နယ်စပ်ဒေသများတွင် ကွမ်းသီးအရောင်းအဝယ် မရှိသောကြောင့် ပြည်တွင်းမှာ အကျဘက်သို့ ဦးတည်လာ ခြင်းဖြစ်ကြောင်း လည်း ကွမ်းစိုက်တောင်သူများကဆိုသည်။


    “ အရောင်းဝယ်ကတော့အေးတယ်။ဒါပေမဲ့ ပစ္စည်းကောင်း ပစ္စည်းသန့်တဲ့သူတွေတော့ သူဟာနဲ့သူတော့ ရောင်းရပါတယ်။ပုံမှန်ထက်တော့ အရောင်းဝယ်ပါး တာပေါ့နော်၊ ဒီကာလကနှစ်စဉ် အရောင်း အရောင်းဝယ်အေးတဲ့ ကာလတော့ မဟုတ်ဘူး ။အခုက နိုင်ငံခြားမဝယ်လို့ပေါ့ ၊ ပြည်ပ ကို တင်ပို့မူတော့ရှိတယ် ။အရင်နှစ်လောက်တော့ မများတာပေါ့ ၊ တရုတ် ကတော့ တော်တော်ကျသွားတယ် သုံးချိုး မှ တစ်ချိုးပဲ အဝယ်ရှိတယ် “ဟု မန္တလေးမြို့ မှ အောင်ဘိတ် ကွမ်းသီး ပွဲရုံ မှ တာဝန်ရှိတစ်ဦး ကပြောသည်။


    ဝယ်လိုအားထက် ရောင်းလိုအား တစ်နေ့တခြား အရောင်ဆိုင်များ ပိုပိုတိုးလာကြောင်း နှင့်ယခင် နှစ် ကွမ်းသီးအဟောင်း များ စျေးကွက်တွင် မကုန်သေး သော်လည်း ရာသီသစ် စတော့မည် ဖြစ်ကြောင်း သိရသည်။


    လက်ရှိတောင်ငူဘက်နှင့် ဧရာဝတီတိုင်းဒေသကြီး နှင့် ရေး တို့တွင် ကွမ်းသီး အသစ်တွေလည်း စတင် ဝင်ရောက်နေပြီးဖြစ်ပြီး နောက်လများတွင် ကလော၊ထားဝယ်၊နှင့် တင်္နလာရီတိုင်းဘက်တွင် စတင်ဝင်ရောက်တော့မည် ဖြစ်ကြောင်းလည်းသိရသည်။


    ကွမ်းသီးအသစ်များ စျေးကွက်သို့ လှိုင်လှိုင် ထွက်ရှိ ပါက စျေးနှုန်းထပ်မံကျဆင်းနိုင်ကြောင်းကွမ်းသီး ရောင်း၀ယ်သူ များက ခန့်မှန်းထားသည်။


    လက်ရှိ ပြည်တွင်း နိုင်ငံရေး အခြေအနေများ ကြောင့် ကျေးရွာအချို့ရှိ ဒေသခံတောင်သူများ မိမိတို့ပိုင်ခြံများသို့ သွားရောက်နိုင်ခြင်းမရှိကြောင်း လည်းတောင်သူအချို့ထံမှ သိရသည်။


    ပြည်တွင်း ၌ ကွမ်းသီး ကို တင်္နသာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေကြီး ၊ ထားဝယ်၊ ကော့သောင်း စသည့်မြို့နယ်များတွင် ကွမ်းသီးစိုက်ပျိုးသူ များပြားပြီး တနင်္သာရီ၊ မြိတ်၊ သရက်ချောင်းမြို့နယ်တို့၌ ကွမ်းသီးအထွက်နှုန်းကောင်းကြောင်း သိရသည်။


    ဖိုးချဲ (AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments3
views148views2318