cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာစိုက်ခင်းအတွင်းမြေသြဇာထည့်သွင်းရန်ပမာဏလုပ်ဆောင်သင့်သော အချက်များ

. အပင်အာဟာရ
ရော်ဘာစိုက်ခင်းအတွက် အသုံးပြုရန် မြေသြဇာထောက်ခံချက်သည် စိုက်ခင်းတွင်း မြေဆီလွှာအနေအထားနှင့် ရော်ဘာအရွက်အား ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပီး ထည့်သွင်းပေးပါက မြေသြဇာထည့်သွင်း အသုံးချမှုကို ပိုမိုသေချာစေသော အကောင်းဆုံးသော နည်းလမ်းဖြစ်ပါသည်။
  • ရော်ဘာစိုက်ခင်းအတွက် အသုံးပြုရန် မြေသြဇာထောက်ခံချက်သည် စိုက်ခင်းတွင်း မြေဆီလွှာအနေအထားနှင့် ရော်ဘာအရွက်အား ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပီး ထည့်သွင်းပေးပါက မြေသြဇာထည့်သွင်း အသုံးချမှုကို ပိုမိုသေချာစေသော အကောင်းဆုံးသော နည်းလမ်းဖြစ်ပါသည်။ စိုက်ပျိုးခြင်းမပြုမီ ပျိုးခင်းများ သို့မဟုတ် စိုက်ကွင်းများတွင် အထူးသဖြင့် ရော်ဘာစိုက်ပျိုးသည့် ဧရိယာအပြင်ဘက်တွင်ရှိသော မြေဆီလွှာအာဟာရ အခြေအနေကို စစ်ဆေးပေးနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။ အပင်ကြီးထွားမှု အနေအထားကိုကြည့်ပြီး ကောင်းမွန်ပါက ပထမ စိုက်ပျိုးရာသီ လေးနှစ်အတွင်း စိုက်ခင်းတွင်း မြေဆီလွှာအနေအထားပေါ် အခြေခံပြီး ထောက်ခံထားသော မြေသြဇာအကြံပြုချက်များကို လိုက်နာနိုင်ပါသည်။ မြေဆီလွှာနှင့် အရွက်ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ ထောက်ခံထားသော မြေသြဇာထောက်ခံချက်ကို ငါးနှစ်မြောက်မှစတင်၍ ကျင့်သုံးနိုင်ပါသည်။ ပျိုးခင်းများတွင် မြေဆီလွှာကို သုံးနှစ်တစ်ကြိမ် ခွဲခြမ်းစိတ်ဖြာ စစ်ဆေးသင့်ပါသည်။ 

    စိုက်ခင်းမြေနမူနာယူရန်နည်းလမ်း 

    မြေနမူနာယူရန်အတွက် နမူနာယူသော စိုက်ခင်းဧရိယာသည် စိုက်ခင်းတစ်ခုလုံးအား မှန်ကန်စွာ ကိုယ်စားပြုသော နေရာကိုသာ ရွေးချယ်သင့်ပါသည်။ မြေဩဇာထည့်သွင်းပြီး နှစ်လမှ သုံးလကြာပြီးမှသာ မြေနမူနာများကို ကောက်ယူပါ။ မြေဆီလွှာ၏ သဘောသဘာဝ၊ မြေပြင်အနေအထား၊ မြေဩဇာသုံးစွဲထားမှု အနေအထားရာဇဝင်၊ ရော်ဘာပင်၏ သက်တမ်း၊ ရော်ဘာနှင့် မြေဖုံးသီးနှံ (cover crop) ကြီးထွားမှုတို့ ညီညွတ်ပါက မြေနှင့် အရွက်၏ ပေါင်းစပ်ရယူထားသော နမူနာတစ်ခုသည် စိုက်ခင်းဧရိယာ ဟက်တာ ၂၀ အထိ လုံလောက်နိုင်မည် ဖြစ်ပါသည်။ မြေဆီလွှာနှင့် အရွက်နမူနာများကို တစ်ပြိုင်နက် ကောက်ယူရန် သင့်လျော်သော ကာလမှာ သြဂုတ်လမှ အောက်တိုဘာလအထိ ဖြစ်ပါသည်။ သို့သော် မြေနမူနာတစ်ခုတည်းကို ကောက်ယူမည်ဆိုပါက နိုဝင်ဘာမှ မတ်လကြားကာလတွင် ကောက်ယူရန် သင့်လျော်ပါသည်။ ၀-၃၀ စင်တီမီတာ နှင့် ၃၀-၆၀ စင်တီမီတာ မြေအနက်မှ မြေနမူနာနှစ်ခုအား ယူပါ။ မြေနမူနာရယူရန် နေရာ၅ခုမှ၁၅ခုအား စုစုပေါင်း မြေဧရိယာပေါ်မူတည်၍ ကျပန်းရွေးချယ်ပြီး ၆၀ စင်တီမီတာ နက်သောတွင်းများကို တူးပါ။ ယခင်က မြေဩဇာ၏ အကျိုးသက်ရောက်မှုကို သေချာသိရှိရန် လိုအပ်သောကြောင့် ယခင်က မြေဩဇာ အသုံးချသည့်နေရာ၌ တွင်းများကို ရှာဖွေပါ။ လမ်းနှင့်နီးသောနေရာများ၊ အလုပ်သမား လိုင်းနေရာများ၊ ကျွဲနွားတဲများ၊ မကြာသေးမီက မြေသြဇာချထားသောနေရာများ၊ စိမ့်ကိုင်သောနေရာများ သို့မဟုတ် အခြားကိုယ်စားပြုမဟုတ်သော နေရာများကို နမူနာမယူပါနှင့်။ မျက်နှာပြင် အမှိုက်သရိုက်များနှင့် မြေဆီလွှာများကို ဖယ်ရှားပြီးနောက်၊ အပေါ်ဖက်ပိုင်းတွင် သေးငယ်ပြီး ဒေါင်လိုက် အပိုင်းကို ချွန်ထက်ထားသော ကိရိယာကို အသုံးပြု၍ မြေအနက် ၃၀စင်တီမီတာမှ မြေနမူနာကို ရယူပါ။ မတူညီသော မြေနမူနာကျင်းများမှ ၃၀စင်တီမီတာအနက်နေရာမှ မြေနမူနာများအားလုံးကို ကောက်ယူပြီးရောမွှေပါ။ ပေါင်းစပ်နမူနာ ယူထားသော မြေအရွယ်အစားသည် ကြီးမားပါက၊ လေးပုံတပုံနည်းလမ်းဖြင့် လျှော့ချပါ။ ကောင်းစွာရောနှောထားသော မြေဆီလွှာကို polythene စာရွက် သို့မဟုတ် သတင်းစာပေါ်တွင် ပါးလွှာသော လေးထောင့်ပုံစံသို့ ဖြန့်ပေးပါ။ စတုရန်းကို အညီအမျှ လေးထောင့်အဖြစ် ခွဲပြီး ထောင့်ဖြတ် လေးထောင့်ရှိ မြေကြီးကို စွန့်ပစ်ပါ။ မြေဆီလွှာနမူနာ ၅၀၀ ဂရမ်ရရှိသည်အထိ ဤလုပ်ငန်းစဉ်ကို ပြန်လုပ်ပါ။ ပေါင်းစပ်နမူနာကို ၃၀-၆၀ စင်တီမီတာ အနက်မှလည်း အလားတူပုံစံဖြင့် ပြင်ဆင်ပါ။ မြေနမူနာများကို အရိပ်အောက်တွင် အခြောက်ခံပြီး သန့်ရှင်းသော အဝတ်အိတ်များဖြင့် ထုပ်ပိုးပြီး သန့်ရှင်းသောနေရာတွင် ထားပါ။ နမူနာတစ်တုံးစီ၏ အသေးစိတ် အချက်အလက်များကို တံဆိပ်တပ်ပါ။ နမူနာကောက်ယူမှု အတိမ်အနက်နှင့် စုဆောင်းသည့်ရက်စွဲကို တံဆိပ်တပ်ပြီး အိတ်ထဲသို့ထည့်ပါ။ (အညွှန်းကို ခဲတံဖြင့်ရေးပြီး မှင်ဖြင့်မရေးပါနှင့်)။ သို့ဖြစ်ပါ၍ စိုက်ခင်းမြေနမူနာအား ဤနည်းလမ်းအတိုင်း လိုက်နာလုပ်ဆောင်နိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး မြေဆီလွှာဓာတ်ခွဲ စမ်းသပ်ခန်းသို့ ပို့ဆောင်ပေးပါ။ ပြန်လည်ရရှိလာသော မြေနမူနာရလဒ်ပေါ် မူတည်ပြီး လိုအပ်သော သီးနှံအာဟာရကို ထည့်သွင်းပေးရပါမည်။ 

    စာကြွင်း။ ။ဤနည်းလမ်းများအား ထွက်တိုးမှ Discriminatory Fertiliser Recommendation (rubberboard.org.in) ဘာသာပြန်ကာ မျှဝေပေးထားခြင်း ဖြစ်ပြီး Indiaနိုင်ငံတွင် သုံးစွဲနိုင်ရန် လမ်းညွှန်ထားခြင်း ဖြစ်ပါသည်။ Soil Analysis လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံတွင်လည်း လုပ်ဆောင်နိုင်သည့် အနေအထားဖြစ်သောကြောင့် လိုက်နာလုပ်ဆောင်နိူင်ပါသည်။ 

    Source: Discriminatory Fertiliser Recommendation (rubberboard.org.in) 

     


  • article
likes6comments0
views89views1913