၂။ တစ်နှစ်ပတ်လုံးဝင်ငွေမပြတ်ရနိုင်တဲ့ ဆူးပုတ်ရွက်စိုက်ပျိုးနည်း
- မြန်မာပြည်အနှံ့တွင် တွေ့ရပြီး၊ ကြော်ချက် စားသုံးနိုင်သည်။ ဟင်းရည်အဖြစ်လည်း ဖန်တီးစားသုံးနိုင်သည်။ ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍နှစ်မျိုးခွဲခြားထားသည်။ - မြေပြုပြင်ခြင်း - တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းပါသည်။ ရေနုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။ စိုက်ခင်းသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း ပြုလုပ်ရပါမည်။ မိုးကျပြီးလျှင် ထယ်တစ်လွှာဝင်ပြီး ထွန်မွှေ၍ မြေညှိထားရမည်။ စိုက်မြောင်းများကို ပေ ၄၀ အရှည် မြောင်းများ ဆွဲလေ့ရှိသည်။ - စိုက်ပျိုးခြင်း - စိုက်မြောင်းများတွင် အနက် ရှစ်လက်မခန့်နှင့် အကျယ် လေးလက်မမှ ခြောက်လက်မခန့် ကျင်းကလေးများ တူးရမည်။ ကျင်းတစ်ခုနှင့် တစ်ခုခြောက်ပေစီ ခြားရမည်။ မြေထုတ်စီးပင်ဖြစ်က ကျင်းထဲတွင် လေးလက်မခန့် မြုပ်စိုက်ပါ။ အပင်ကို ထောင်မတ်အောင် စိုက်ပြီး မြေပြန်ဖုံးပေးရမည်။ အပင်ခြေရေမဝပ်စေရန် ခြောက်လက်မခန့် အမြင့်ထိ မြေပုံ၍ ဖိနင်းပေးရမည်။ နိုဝင်ဘာ၊ ဒီဇင်ဘာ လများတွင် မြေဆွေးကျွေးသင့်သည်။ - အပင်ပြုစုခြင်း - မြေထုပ်စီးပင်စိုက်ပြီး ခြောက်လအကြာတွင် အပင်မှအတက်ကြီးများ ထွက်လာမည်။ ယင်းအတက်ကြီးများ တစ်ပေခန့် မြင့်လာလျှင်ဖြတ်ပေးရမည်။ ထိုအတက်များမှ အညွှန့်သစ်များ လိုက်လာလျှင် အောက်ဆုံးအတက်ကို ချန်၍ ခူးယူစားသုံးနိုင်သည်။ ကိုင်းချိုင်ခြင်းကို မနှစ်သက်ပါ။ ကိုင်းခြောက်များကိုသာဖယ်ရှားပေးသင့်သည်။ - ခူးဆွတ်ခြင်း - ကိုင်းမကြီးများ ထွက်လာသော အညွှန့်များကို အောက်ဆုံးအခက်တစ်ခုချန်၍ ခူးနိုင်သည်။ အညွှန့်ခူးခြင်းကို တစ်ရက်ခူး သုံးရက်နားပေးခြင်းဖြင့် ဆောင်ရွက်နိုင်သည်။ အပင်သက် ၂၅ နှစ်ခန့်တွင် အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များလဲလှယ်စိုက်ပျိုးသင့်ပါသည်။ - Source - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း (စားနှပ်ရိုက္ခာဖူလှုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
