cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သစ်စိမ်းမြေသြဇာ

. အိမ်တွင်းဥယျာဉ်
သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော်၊ ဘောစကိုင်း၊ ညံ၊ ထိဂရုန်း၊ မြေနိမ့်ချယ်ရီ (Gliricidia) နှင့် ပဲလွမ်းစသည့် ပဲမျိုးရင်းဝင်များကို စိုက်ပျိုးအသုံးပြုနိုင်ပါသည်။
  • စိုက်ပျိုးရေးကဏ္ဍတွင် သစ်စိမ်းမြေသြဇာသည်လည်း အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပါသည်။ သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော်၊ ဘောစကိုင်း၊ ညံ၊ ထိဂရုန်း၊ မြေနိမ့်ချယ်ရီ (Gliricidia) နှင့် ပဲလွမ်းစသည့် ပဲမျိုးရင်းဝင်များကို စိုက်ပျိုးအသုံးပြုနိုင်ပါသည်။ ၎င်းတို့မှ အပင် အတွက်လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်ဓာတ်နှင့် အနည်းလိုအာဟာရဓာတ် များကို ရရှိနိုင်မည်ဖြစ်ပါသည်။ သစ်စိမ်းမြေဩဇာ အမျိုးအစားအလိုက် တစ်ဧကလျှင် မျိုးစေ့နှုန်း(၄-၆)ပြည် အသုံးပြုရပါ မည်။ သစ်စိမ်းမြေဩဇာအဖြစ် အများဆုံးအသုံးပြုသည့် သီးနှံပင်(၃)မျိုးကို ထယ်ထိုးမြေမြုပ်ပါက အာဟာရဓာတ်ရရှိနိုင်မည့်အခြေအနေကို အောက်ပါအတိုင်း သိရှိနိုင်ပါသည်။

    သစ်စိမ်းမြေသြဇာပင်အမျိုးမျိုးတွင် ထယ်ထိုးနစ်မြုပ်သော အပင်သက်တမ်းအမျိုးမျိုးအလိုက်

    မြေမှအာဟာရဓာတ်ရရှိမှုအခြေအနေများမှာ-

    ပိုက်ဆံလျှော်

    ထယ်ထိုးသည့်အပင်ရက်သား - ၄၅

    နိုက်ထရိုဂျင် - ၈၆

    ဖော့စဖရပ်စ် - ၁၁

    ပိုတက်ရှ် - ၄၈

    ပိုက်ဆံလျှော်

    ထယ်ထိုးသည့်အပင်ရက်သား - ၆၅

    နိုက်ထရိုဂျင် - ၆၂

    ဖော့စဖရပ်စ် - ၈

    ပိုတက်ရှ် - ၁၉

    ပဲလွမ်း

    ထယ်ထိုးသည့်အပင်ရက်သား - ၄၅

    နိုက်ထရိုဂျင် - ၇၄

    ဖော့စဖရပ်စ် - ၁၁

    ပိုတက်ရှ် - ၂၈

    ပဲလွမ်း

    ထယ်ထိုးသည့်အပင်ရက်သား - ၇၅

    နိုက်ထရိုဂျင် - ၃၀

    ဖော့စဖရပ်စ် - ၇

    ပိုတက်ရှ် - ၁၅

    မတ်ပဲ

    ထယ်ထိုးသည့်အပင်ရက်သား - ၄၅

    နိုက်ထရိုဂျင် - ၅၆

    ဖော့စဖရပ်စ် - ၁၀

    ပိုတက်ရှ် - ၂၅

    မတ်ပဲ

    ထယ်ထိုးသည့်အပင်ရက်သား - ၇၅

    နိုက်ထရိုဂျင် - ၃၆

    ဖော့စဖရပ်စ် - ၅

    ပိုတက်ရှ် - ၁၂

    မြေနိမ့်ချယ်ရီ(Gliricidia)သည် ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး မခုတ်ဖြတ်ဘဲထားပါက (၃၀-၃၆)ပေအထိ ကြီးထွားနိုင်ပြီး မြေအမျိုးအစားများစွာ၌ အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် လယ်မြေတွင်သာမက ယာမြေများ၊ ခြောက်သွေ့သော အပူပိုင်းဒေသများတွင် လေကာတန်းပင် အဖြစ် အသုံးပြုနိုင်ပါသည်။ မြေနိမ့်ချယ်ရီပင်ကို သီးခြားစိုက်ပျိုးရန် သီးခြားမြေမလိုအပ်ဘဲ ကန် သင်းရိုးတွင် စိုက်ပျိုးနိုင်သည်။ ၎င်းအပြင် ကော်ဖီပင်များအတွက် အရိပ်ပင်အဖြစ် အသုံးပြု နိုင်သော အကြမ်းခံပင်ဖြစ်ပါသည်။

    မြေနိမ့်ချယ်ရီကို သီးနှံစိုက်ရာသီတိုင်းတွင် ၎င်းအပင်များမှရရှိလာသည့် သစ်ကိုင်းများကို စိုက်ခင်းထဲသို့ ထည့်သွင်းပေးနိုင်ပါသည်။ အသုံးပြုရာတွင် အပင်များကိုခုတ်ပြီး လယ်မြေတွင်ပျံ့နှံ့ အောင်ဖြန့်ခင်းထားပါ။ (၁၀)ရက်အကြာတွင် အရွက်များကြွေသွားပြီး ကိုင်းခြောက်များကို ကောက်ယူပြီး ထင်းအဖြစ်လည်းကောင်း၊ ခြံစည်းရိုးတိုင်အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ပျံ့နှံ့နေသောအရွက်များကို စက်ဖြင့်ဖြစ်စေ၊ နွားထယ်ဖြင့်ဖြစ်စေ ထယ်ထိုးမြေမြှုပ်ရပါမည်။ မြေနိမ့် ချယ်ရီသည် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝခြင်းကြောင့် ၎င်းကိုလယ်မြေတစ်ဧကလျှင် (၂)တန်နှုန်း ထည့်ပေးခြင်းဖြင့် စပါးအထွက် (၂၅ - ၃၀)ရာခိုင်နှုန်း တိုးလာနိုင်ပါသည်။ နှစ်ရှည်ထည့်သွင်းပေး ခြင်းဖြင့် မြေဆီသြဇာဓာတ် ထက်သန်လာနိုင်ပါသည်။ တောင်သူများအတွက် စိုက်ပျိုးရလွယ်ကူ သည့်အပြင် ကုန်ကျစရိတ်လည်း သက်သာစေပါသည်။


    စိုက်ပျိုးရေးသုတေသနဦးစီးဌါန


  • article
likes11comments0
views370views2415