cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကန်ဒေါ်လာ ၅၈ သန်းကျော်တန်ဖိုးရှိ ဓာတ်မြေဩဇာ တန်ချိန် ၁ သိန်းခွဲခန့် ပြည်ပနိုင်ငံများမှ တင်သွင်းခဲ့

. သတင်းစုံ
ပြည်ပမှဓာတ်မြေဩဇာတင်သွင်းမှုကိုလည်း ကုန်ခဲ့တဲ့ဇွန်လအတွင်းက ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှရော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှပါ တင်သွင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
  • လက်ရှိကာလဟာ မိုးစပါးသီးနှံစိုက်ပျိုးရာသီချိန်ဖြစ်တာကြောင့် သီးနှံစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာ လိုအပ်ချက်လည်း မြင့်တက်ချိန်လို့သိရပါတယ်။

    ဒါကြောင့် အခုနှစ်မိုးစပါးသီးနှံ စိုက်ပျိုးရာသီချိန်အတွက်လည်း ကုန်ခဲ့တဲ့ ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၀၄၁ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၁၄၄,၉၀၀ တန်ကို တင်သွင်းထားတယ်လို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရသိရပါတယ်။

    “လက်ရှိကာလဟာ မိုးစပါးစိုက်ပျိုးရာသီချိန်ဖြစ်တဲ့အပြင် သစ်ပင်ပန်းမန်များနဲ့သီးနှံများလည်း စိုက်ပျိုးချိန် ဖြစ်တာကြောင့် ဓာတ်မြေဩဇာများလိုအပ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်ပြည်တွင်း ဓာတ်မြေဩဇာဈေး ကွက်လည်းသွက်လက်လှုပ်ရှားလာသလို ပြည်ပမှဓာတ်မြေဩဇာတင်သွင်းမှုတွေလည်း ပြုလုပ်လာရတာဖြစ် တယ်” လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။

    ပြည်ပမှဓာတ်မြေဩဇာတင်သွင်းမှုကိုလည်း ကုန်ခဲ့တဲ့ဇွန်လအတွင်းက ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှရော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှပါ တင်သွင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှဆိုရင် ကန်ဒေါ်လာ ၄၆ ဒသမ ၀၃၄ သန်းတန်ဖိုးရှိ ဓာတ်မြေ ဩဇာတန်ချိန် ၁၀၆,၉၀၀တန်နဲ့၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၁၂ ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၃၈,၀၀၀ တို့ကို တင်သွင်းခဲ့တာလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရသိရပါတယ်။

    အဓိက တင်သွင်းတဲ့နိုင်ငံတွေဟာဆိုရင်လည်း တရုတ်နိုင်ငံမှ တန်ချိန် ၄၄,၀၀၀ ၊ အိုမန် နိုင်ငံမှ တန်ချိန် ၃၇,၀၀၀ ၊ ထိုင်းနိုင်ငံမှ တန်ချိန် ၇,၀၀၀ ၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၆,၀၀၀ ၊ ဗီယက်နမ်နိုင်ငံမှတန်ချိန် ၃,၆၀၀ ၊ ရုရှား နိုင်ငံမှ တန်ချိန် ၂,၅၀၀၊ တောင်ကိုရီးယားနိုင်ငံမှတန်ချိန် ၂,၅၀၀၊ မလေးရှားနိုင်ငံမှတန်ချိန် ၁,၅၀၀ ၊ လာအိုနိုင်ငံမှ တန်ချိန် ၁,၀၀၀၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ တန်ချိန် ၁,၀၀၀၊ နော်ဝေးနိုင်ငံမှ တန်ချိန် ၅၀၀ နှင့် ဂျော်ဒန်နိုင်ငံမှတန် ချိန် ၃၀၀၊ စုစုပေါင်း ဓာတ်မြေဩဇာတန်ချိန် ၁၀၆,၉၀၀ ကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းဖြင့် တင်သွင်းခဲ့တာလို့သိရပါတယ်။

    အဲလိုပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှလည်း တရုတ်နိုင်ငံမှ တန်ချိန် ၃၆,၀၀၀နှင့် ထိုင်းနိုင်ငံမှတန်ချိန် ၂,၀၀၀ ၊ စုစုပေါင်း တန်ချိန် ၃၈,၀၀၀ ကိုတင်သွင်းခဲ့တာလို့သိရပါတယ်။

    ဤဆောင်းပါးကို MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views98views1457