cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တမာကြိတ်ဖတ်နှင့် တမာပိုးသတ်ဆေးတို့၏ အစွမ်းထက်မှုများ

. အိမ်တွင်းဥယျာဉ်
တမာပိုးသတ်ဆေးမှာ ပိုးမကျခင် ကြိုတင်ပက်ဖျန်း၍ သုံးရသည်။ ပိုးဖလံအမများသည် တမာသေးနံ့ရ၍ စိုက်ခင်းကို မလာကြဘဲ ဝေးဝေးရှောင်ပြေးကြသည်။အနံ့ဖြင့် ရှောင်ဖယ်ထွက်ပြေးစေမှု ရှိသည်။ ထို့ကြောင့် စိုက်ခင်းတွင် ၁၅ ရက်တစ်ကြိမ်ဖြင့် ရိတ်သိမ်းခူးဆွတ်ချိန်ထိအောင်ဖျန်းပေးလျှင် ပိုးမွှားကျရောက်မှု သိသာစွာ ထူးခြားသည်။ဆေးနံ့ကြောင့် ဖျက်ပိုးများ စား သောက်လိုစိတ်ပျက်လာပြီးဖျက်ဆီးမှုနည်းသည်။ (ဗာအင်နနိညေအ ဗခအငသည) ဆေးဖျန်း ပြီးနောက် တစ်ပတ်ကြာသည်ထိ ဆေးနံ့ အနည်းငယ်ရှိနေသော်လည်း စိုက်ခင်းသို့ လာသော ဖျက်ပိုးသည် သီးနှံပင်ကို မဖျက်ဆီးတော့ပေ။
  • တမာကြိတ်ဖတ်နှင့် တမာပိုးသတ်ဆေးတို့၏ အစွမ်းထက်မှုများ

    မြေအောင်းပိုးနှင့် အပင်ရောဂါ ကာကွယ်သည်

    စပါးခင်းတွင် လယ်ပုစွန်လုံးနှင့် ဖောင်စီးဂဏန်းများ၊ မြေကြီးထဲတွင်နေ သည့် ခြ၊ ပရွက်ဆိတ်နှင့် သီးနှံဖျက်ပိုးများ၊ မှို၊ နီမတုတ်စသည့် အပင်ရောဂါများ၊ မျိုး စေ့မှ ကပ်၍ ပါလာသော ရောဂါများကို ကာကွယ်ပေးနိုင်သဖြင့် ခါးရိရောဂါ၊ ပင် စည်ရောဂါ၊ ပင်ညှိုးရောဂါများဖြစ်ပေါ်မှု နည်းသည်။ အထူးသဖြင့် ကွမ်းရွက်စိုက်ပျိုးသော ခြံများတွင် အသုံးပြုမှုများကြသည်။ ဒုတိယမှာ ဟင်းသီးဟင်းရွက်စိုက်ခင်း၌ သုံးကြသည်။ ပိုးမွှားကျရောက်မှု၌ သိသာ စွာထူးခြားမှုရှိသည်။

    အပင်ကြီးထွားမှုကိုလည်းကောင်းလာစေသည်

    တမာကြိတ်မှုန့်တွင် နိုက်ထရိုဂျင် ဓာတ် ခုနစ်ရာခိုင်နှုန်း၊ ဖော့စဖိတ်ဓာတ် နှစ်ရာခိုင်နှုန်းနှင့် ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၈ ရာခိုင်နှုန်းပါရှိသဖြင့် အပင်ကြီးထွားမှုကို ကောင်းစေသည်။ ထို့ကြောင့် သီးနှံအလိုက်ထည့်ပေး နိုင်သော နှုန်းထားများမှာ စပါးတွင် တစ်ဧက ၅၀ ကီလိုအိတ် နှစ်အိတ်နှုန်းထည့် နိုင်သည်။ ဟင်းသီးဟင်းရွက်စိုက်ခင်း၌လည်း တစ်ဧက ၅၀ ကီလိုနှစ်အိတ်သုံးလျှင်စော၍ ရိတ်နိုင်ခူးဆွတ်နိုင်သည်။ ထည့်ပြီး တစ်လကျော် ပိုးမွှားကျရောက်မှုနည်းသွားသည်။

    နှစ်ရှည်ပင်များဖြစ်သသော သရက်၊ လိမ္မော်၊ အုန်း၊ ကွမ်းသီးပင်၊ ရော်ဘာ၊ ဒူးရင်း၊ ပိန္နဲပင်တို့တွင် တစ်နှစ်သားအပင်များ၊ ပင်စည်မှာ ခြောက်လက်မအကွာတွင် ပင်စည် နှင့် မထိအောင် ကျွေးရသည်။ တစ်ပင် ဟင်းစားဇွန်း သုံးဇွန်း၊ မြေနှင့် ရော၍ထည့်ပြီး ရေလောင်းပေးရသည်။ သက်တမ်း နှစ်နှစ်အပင်များ၊ ပင်စည်မှ နှစ်ပေခွာ၍ တစ် ပင်နို့ဆီဗူး လေးဗူးမှ ခြောက်ဗူးထည့်၍ ရေလောင်းရသည်။ အသီးအရောင်လှလာ ပြီး အပင်လည်း ကြီးထွားလာသည်။ သိသာသည်မှာ မြေအောင်းပိုးနှင့် မှိုရောဂါသက် သာသွားသည်။

    ပန်းစိုက်ခင်းများတွင် ပင်စည်မှ ခြောက်လက်မအကွာတွင် ဟင်းစားဇွန်း သုံးဇွန်းကို မြေနှင့် သမအောင် ရောမွှေထည့်ပြီး ရေလောင်းပေးရသည်။ ပန်းများ အရောင်ပို၍ လှလာသည်။ တမာဆေးနံ့ရ၍ ပိုးမွှား များ ရှောင်ဖယ်နေသော်လည်း အော်ဂဲနစ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် တမာ ကြိတ်ဖတ်ကို အသုံးပြုကြသည်က များသည်။

    တမာပိုးသတ်ဆေး

    ဓာတုဗေဒပိုးသတ်ဆေးများသည် ပိုး မကျခင်ပက်ဖျန်းမှု မပြုလုပ်သင့်ပါ။ မိတ် ဆွေပိုးများ သေစေမှုအပြင် ထိရောက်မှုနည်းသည်။ တမာပိုးသတ်ဆေးမှာ ပိုးမကျခင် ကြိုတင်ပက်ဖျန်း၍ သုံးရသည်။ ပိုးဖလံအမများသည် တမာသေးနံ့ရ၍ စိုက်ခင်းကို မလာကြဘဲ ဝေးဝေးရှောင်ပြေးကြသည်။အနံ့ဖြင့် ရှောင်ဖယ်ထွက်ပြေးစေမှု ရှိသည်။ ထို့ကြောင့် စိုက်ခင်းတွင် ၁၅ ရက်တစ်ကြိမ်ဖြင့် ရိတ်သိမ်းခူးဆွတ်ချိန်ထိအောင်ဖျန်းပေးလျှင် ပိုးမွှားကျရောက်မှု သိသာစွာ ထူးခြားသည်။ဆေးနံ့ကြောင့် ဖျက်ပိုးများ စား သောက်လိုစိတ်ပျက်လာပြီးဖျက်ဆီးမှုနည်းသည်။ (ဗာအင်နနိညေအ ဗခအငသည) ဆေးဖျန်း ပြီးနောက် တစ်ပတ်ကြာသည်ထိ ဆေးနံ့ အနည်းငယ်ရှိနေသော်လည်း စိုက်ခင်းသို့ လာသော ဖျက်ပိုးသည် သီးနှံပင်ကို မဖျက်ဆီးတော့ပေ။


    ပိုးလောက်ကောင်များကိုလည်း သက်တမ်းစေ့မနေစေတော့ပဲ၊ ရုပ်ဖုံးဘဝသို့ မြန် မြန်ပြောင်းလဲမှုကို တမာပိုးသတ်ဆေးကပြုလုပ်ပေးသည်။ ရုပ်ဖုံးမှ ဖလံအမကောင်ကြီး ဖြစ်လာသော်လည်း ဆေးအစွမ်းကြောင့်ပုံမှန်မရှိတော့ပဲ၊ မူမမှန်များဖြစ်လာပြီး မျိုး ပွားမှုတို့ကို ထိခိုက်သွားသည်။ ပိုးကောင် ၏ ကိုယ်ခန္ဓာပုံသဏ္ဌာန်လည်း မမှန်တော့၊ ဖလံဘဝတွင် အတောင်ပံတစ်ဖက်သေး သွားသည်။ ပျံသန်းရာတွင် မူမမှန်ဖြစ်သွားသည်။ အင်းဆက်ပိုးကောင်၏ ရင်အုပ်ပိုင်းသေးသွားသည်။ ကိုယ်ခန္ဓာ၊ခြေလက်ခြောက်ချောင်း အင်္ဂါချို့ယွင်းမှုများ ဖြစ်သွားသည်။ ထို့ကြောင့် ပျံသန်းမှု၊ မိတ်လိုက်မျိုးပွားမှု မပြုလုပ်နိုင်တော့ပဲ

    မျိုးဆက်ပြန့်ပွား မှုများကို ထိန်းချုပ်နိုင်သည်

    တမာပိုးသတ်ဆေးသည် ဓာတုဗေဒအဆိပ်များ၊ ဓာတုဗေဒပစ္စည်းများ မပါရှိ သဖြင့် လူနှင့် သွေးနွေးသတ္တဝါများ အန္တရာယ်မပေးနိုင်။ ပတ်ဝန်းကျင် လေထု၊ ရေ ထုကိုလည်း ညစ်ညမ်းမှုမဖြစ်နိုင်။ စားသုံး သူကိုလည်း ပိုးသတ်ဆေးဓာတ်ကြင်း အာနိသင်မရှိနိုင်။ ထို့ကြောင့် ကွမ်းရွက်ခြံ စိုက်ခင်းများ၌ အသုံးပြုကြသည်။ သရက်၊ ဇီး၊ မာလာကာ၊ လိမ္မော်၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများအတွက် အဓိကအသုံးပြုသင့် သော ပိုးသတ်ဆေးဖြစ်ပါသည်။ ယနေ့ စားသုံးသီးနှံများတွင် ကြုံတွေ့နေရသောပြဿနာများ၊ ဓာတ်ကြွင်းအာနိသင် အန္တရာယ်ဖြစ်ပါသည်။


    ဓာတုပိုးသတ်ဆေး ဓာတ်ကြင်းအာနိသင်မရှိအောင် ပိုးသတ်ဆေးအလိုက် သတ်မှတ်ရာတွင် ခူးဆွတ်ရ မည်ကို ဈေးကွက်တွင် ဈေးနှုန်းအတက် အကျကိုလိုက်၍ မခူးဆွတ်သင့်သည့် အချိန်ခူးဆွတ်ရောင်းချကြ၍ ကင်ဆာမျက်စိမှုန်၊ မျက်စိကွယ်၊ကျန်းမာရေးချို့တဲ့မှုကို တမာပိုးသတ်ဆေးသည် မဖြစ်ပေါ်နိုင်။

    မိတ်ဆွေပိုးများကို ထိခိုက်သေဆုံးမှု မရှိနိုင်ခြင်းကြောင့် တမာပိုးပတ်ဆေး သည်။ သုံးသင့်သော ပိုးသတ်ဆေးဖြစ်၏။ဓာတုဗေဒဆေးများသည် ဖျက်ပိုးသာမက မိတ်ဆွေပိုး အကျိုးပြုပိုးကိုပါ သေစေသည်။ ထို့ကြောင့် စိုက်ခင်းတွင် ဖျက်ပိုးနှင့် အကျိုးပြုပိုး သဘာဝညီမျှခြေရှိနေသည်။ နှစ်စဉ် တမာပိုးသတ်ဆေးကို သုံးသော်လည်း အင်းဆက်ပိုးတို့ကဆေးအပေါ်ခံနိုင်ရည်ရှိမှု ဖြစ်မလာနိုင်။ ဓာတုဗေဒပိုးသတ်ဆေးများ သည် ဆက်တိုက်သုံးလာပါက ဖျက်ပိုး၊ သည် ခံနိုင်ရည်ရှိလာပြီးဆေးနှုန်းထားကို ပို၍ပို၍ တိုးမြှင့်အသုံးပြုလာရသည့် ဆိုးကျိုးရှိနေသည်။

    သီးနှံစိုက်ပျိုးရေးတွင် လူနှင့်ပတ်ဝန်းကျင် ညစ်ညမ်းစေသော၊ ဓာတုပိုးသတ်ဆေးများ အသုံးပြုလာကြရာမှာ ဆိုးကျိုးများ ကြုံတွေ့လာရသောအခါ ရေရှည်တည်တံ့ ခိုင်မြဲသည့် စိုက်ပျိုးရေးအတွက်၊ ဇီဝရုက္ခ ဗေဒဆိုင်ရာ ပိုးသတ်ဆေးများကိုပြောင်းလဲတိုးချဲ့အသုံးပြုလာကြပါသည်။ ဓာတု ပစ္စည်းမသုံးသည့် ဆေးဝါးများနှင့် စိုက်ပျိုးထုတ်လုပ်သည့် အော်ဂဲနစ်သီးနှံများကို ထုတ်လုပ်စိုက်ပျိုး စားသုံးလာကြပါတော့ သည်။

    - ဆွေရည်


  • article
likes9comments2
views206views2172