cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးတွင်ကျရောက်တတ်သောရောဂါများနှင့်ကာကွယ်နှိမ်နင်းနည်းပေါင်းချုပ်

. ရောဂါ
ရောဂါပိုးအမည် ‒ စပါးဂုတ်ကျိုးရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Pyriculariaoryzae

ကာကွယ်နှိမ်နှင်းနည်း 

ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများစိုက်ပျိုးခြင်း။ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ၊၊နွေစပါးစိုက်ခင်းတွင်ရေအမြဲရှိနေရန် ဆောင်ရွက်ပါ။ဂုတ်ကျိုးရောဂါဖြစ်ထွန်းမှုကို အားပေးသောအပူချိန်ရှိသည့် လကိုရှောင်စိုက်ပါ။ အပင်စိပ်စပ်စိုက်ခြင်းမပြုရန်နှင့် ဒေသအလိုက်ခံနိုင်ရည်ရှိသော မျိုးကိုအသုံးပြုပါ။ Homai 80%(ဟိုမှိုင်း ၈၀%)ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ Azoxystrobin(အဇိုစီစတိုဘင်)၊ Isoprothiolane(အိုက်ဆိုပရိုသိုင်အိုလိန်း)၊ Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)၊ Thiophanate methyl(သိုင်အိုဖာနိတ်မီသိုင်း)စသော ဆေးများအသုံးပြုနိုင်သည်။
  • (၁) ရောဂါပိုးအမည် ‒ စပါးဂုတ်ကျိုးရောဂါ  

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Pyriculariaoryzae 

    ကာကွယ်နှိမ်နှင်းနည်း  

    ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများစိုက်ပျိုးခြင်း။ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ၊၊နွေစပါးစိုက်ခင်းတွင်ရေအမြဲရှိနေရန် ဆောင်ရွက်ပါ။ဂုတ်ကျိုးရောဂါဖြစ်ထွန်းမှုကို အားပေးသောအပူချိန်ရှိသည့် လကိုရှောင်စိုက်ပါ။ အပင်စိပ်စပ်စိုက်ခြင်းမပြုရန်နှင့် ဒေသအလိုက်ခံနိုင်ရည်ရှိသော မျိုးကိုအသုံးပြုပါ။ Homai 80%(ဟိုမှိုင်း ၈၀%)ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ Azoxystrobin(အဇိုစီစတိုဘင်)၊ Isoprothiolane(အိုက်ဆိုပရိုသိုင်အိုလိန်း)၊ Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)၊ Thiophanate methyl(သိုင်အိုဖာနိတ်မီသိုင်း)စသော ဆေးများအသုံးပြုနိုင်သည်။ 

     

    (၂) ရောဂါပိုးအမည် ‒ ရွက်ဖုံးပုပ်ရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Acrocylindriumoryzae (Sarocladiumoryzae ) 

    ကာကွယ်နှိမ်နှင်းနည်း 

    ရောဂါကင်းမျိုးစေ့သုံးပါ။-ရောဂါရအနှံနှင်ရွက်ဖုံးများကိုမီးရှိုဖျက်ဆီးပါ။ 

    အာဟာရကိုမျှတစွာရရှိနိုင်ရန်မြေသြဇာများကိုချင့်ချိန်၍သုံးပါ။နိုင်တြိုဂျင်ဓာတ်မြေသြဇာများအားလွန်ကဲစွာသုံးခြင်းကိုရှောင်ပြီးပိုတက်မြေသြဇာကဲ၍သုံးပါ။အပင်စိတ်လွန်းစွာမစိုက်သင့်ပါ။အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ 

    (က) Propiconazole (ပရိုပီကိုနာဇိုး) 

    (ခ) Chlorothalonil (ကလိုရိုသာလိုနေး) 

    (ဂ) Thiophanate methyl(သိုင်အိုဖာနိတ်မီသိုင်း) 

    (ဃ) Benomyl (ဘီနိုမိုင်း) 

    မျိုးစေ့ကိုမှိုသတ်ဆေးဖြင့်လူးနယ်ဆေးဖြင့်လူးနယ်စိုက်ပျိုးခြင်း။Homai80% WP(ဟိုမှိုင်း ၈၀%) 


    (၃) ရောဂါပိုးအမည် ‒ ရွက်ဖုံးခြောက်ရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Rhizoctonia solani 

    ကာကွယ်နှိမ်နှင်းနည်း 

    ကောက်ပင်စိပ်လွန်းစွာ မစိုက်သင့်ပါ။ရောဂါ ကျရောက်ဖူးသော မြေတွင် နိုက်ထရိုဂျင်ဓါတ်ပါသော မြေသြဇာလွန်ကဲစွာ မကျွေးရ၊ လိုအပ်ပါက အကြိမ်ခွဲ၍ထည့်သွင်းပါ။ ပဲမျိုးရင်းဝင် သီးနှံဖြင့်သီးလှည့်စိုက်ခြင်းသည် ရောဂါဖြစ်စေနိုင်မှု နည်းစေပါသည်။ရောဂါကျ ပင်ကြွင်းပင်ကျန်ဖယ်ရှားကာ စုပုံမီးရှို့ပါ။(သို့)ထယ်နက်နက်ထိုး၍ မြေမြှုပ်ပစ်ပါ။မြေကိုအနည်းဆုံး တစ်လပေါင်းမြက်ရှင်းလင်းစေပြီး အစိုဓါတ်ရှိသော အခြေအနေတွင် မြေလှပ်ထားပါ။ရောဂါစတင်တွေ့လျှင်တွေ့ခြင်း အောက်ပါမှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။ 

    (က) Azoxystrobin (အဇိုစီစတိုဘင်) 

    (ခ) Hexaconazole ( ဟက်ဆာကိုနာဇိုး) 

    (ဂ) Propiconazole (ပရိုပီကိုနာဇိုး) 

    (ဃ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) 

    (င) Validamycin (ဗလစ်ဒါမိုင်ဇင်) 

    (စ) Chlorothalonil (ကလိုရိုသာလိုနေး) 


    (၄) ရောဂါပိုးအမည် ‒ စပါးရွက်ညိုပြောက်ရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Drechsleraoryzae 

    ကာကွယ်နှိမ်နှင်းနည်း 

    ရောဂါကင်းသော စိုက်ခင်းမှမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးရန်နှင့် ရောဂါကျ ပင်ကြွင်းပင်ကန်များနှင့် အခြားပေါင်းပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။ ကျန်းမာသန်စွမ်းသော စပါးခင်းဖြစ်အောင် သဘာဝမြေသြဇာ ၊ဓါတ်မြေသြဇာ ၊အနည်းလိုအာဟာရဓါတ်များကို အချိုးညီညီသုံးစွဲပါ။ နိုက်ထရိုဂျင်မြေသြဇာထည့်သော အကြိမ်တိုင်းတွင် ပိုက်ရှ်နှင့်တီစူပါကိုတွဲထည့်ပါ။ ခံနိုင်ရည်ရှိသော စပါးမျိုးကိုရွေးချယ်စိုက်ပါ။ရောဂါကျစိုက်ခင်းကို ဖြတ်၍ ရေသွင်းရေထုတ်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။စပါးစိုက်မြေကို မြေဆီသြဇာတိုးတက်ကောင်းမွန်လာအောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရေသွင်းရေထုတ်မှန်မှန် ပြုလုပ်ပေးခြင်း၊ စိုက်ခင်းသန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်း၊ သင့်တော်သောစိုက်ချိန်ကို ချိန်ဆ၍ စိုက်ပျိုးခြင်းစသော စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပါ။ 

    အောက်ပါ မှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ 

    (က) Propiconazole (ပရိုပီကိုနာဇိုး) 

    (ခ ) Tricyclazole (ထရိုင်ဆိုက်ကလာဇိုး) 

    (ဂ ) Thiophanate methyl + Thiram (သိုင်အိုဖာနိတ်မီသိုင်း+သိုင်ရမ်) 

    (ဃ) Chlorothalonil (ကလိုရိုသာလိုနေး) 

    (င ) Carbendazim (ကာဗန်ဒါဇင်) 


    (၅) ရောဂါပိုးအမည် ‒ ရွက်ညိုပြောက်ရှည်ရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Cercosporajanseana (Sphaerulinaoryzina ) 

    ကာကွယ်နှိမ်နှင်းနည်း 

    ခံနိုင်ရည်ရှိမျိုးများကိုရွေးချယ်စိုက်ပျိုးခြင်သည်ဤရောဂါကိုအကောင်းဆုံးကာကွယ်ခြင်းဖြစ်သည်။  

    ရောဂါကင်းသောမျိုးစေ့ကိုသုံးပါ။ 

    အာဟာရဓါတ် ပြည့်စုံသောမြေသြဇာကိုသုံးပါ။ 

    စိုက်ခင်းရေငတ်ခြင်းမရှိစေရ။ 

    အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ 

    (က) Propiconazole (ပရိုပီကိုနာဇိုး) 

    (ခ) Tricyclazole (ထရိုင်ဆိုက်ကလာဇိုး) 

    (ဂ) Thiophanate methyl + Thiram (သိုင်အိုဖာနိတ်မီသိုင်း+သိုင်ရမ်) 

    (ဃ) Chlorothalonil (ကလိုရိုသာလိုနေး) 

    (င) Carbendazim (ကာဗန်ဒါဇင်) 

     

    (၆) ရောဂါပိုးအမည် ‒ စပါးမှိုသီးရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Ustilaginoidea virens 

    ကာကွယ်နှိမ်နှင်းနည်း 

    ရောဂါကျစိုက်ခင်းမှ မျိုးစေ့ကိုပြန်မသုံးပါနှင့်။မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့်လူးနယ်ပြီးမှစိုက်ပါ။ 

    အနှံမထွက်မီရက်အနည်းငယ်အလိုတွင်မှိုသတ်ဆေးဖျန်းပါ။ 

    အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ 

    (က) Propiconazole (ပရိုပီကိုနာဇိုး) 

    (ခ) Azoxystrobin (အဇိုစီစတိုဘင်) 

    (ဂ) Benomyl (ဘီနိုမိုင်း) 

    (ဃ) Carbendazim (ကာဗန်ဒါဇင်) 


    (၇) ရောဂါပိုးအမည် ‒ စပါးပင်စည်ပုပ်ရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒Helminthosporium sigmoideum (Magnaporthesalvinii ) 

    ကာကွယ်နှိမ်နှင်းနည်း 

    အထူးသဖြင့် အပင်ယိုင်လဲမှုမရှိသောမျိုးများကိုအသုံးပြုရမည်။ 

    ရိတ်သိမ်းပြီးကောက်ရိုး၊ရိုးပြတ်နှင့်ပင်ကြွင်းပင်ကျန်များကိုမီးရှို့ရမည်။ 

    ရေမသွင်းမီမြေကိုပတ်ကြားအက်အောင်ထားပြီးမှရေသွင်းပါ။ 

    ​နိုက်ထရိုဂျင်နှင့်ဖော့စဖော့ရပ်ဓါတ်မြေသြဇာကိုလွန်ကဲစွာအသုံးမပြုရန်နှင့်ရောဂါပြင်းထန်မှုလျော့နည်းပိုတက်စီ 

    ယမ်မြေသြဇာကိုထည့်သွင်းပေးပါ။ေရာဂါကျစပါးခင်းများကိုဖြတ်၍ ရေသွင်းရေထုတ် မပြုလုပ်မိစေရန် ဂရုစိုက်ပါ။ 

    ပင်ပွားထွက်ချိန်တွင် ရေနက်နက်သိုလှောင်ထားခြင်းကိုရှောင်ပါ။ ရေကိုလုံလောက်ရုံသာပေးသွင်းထားခြင်းဖြင့်ဤရောဂါကိုကာကွယ်နိုင်သည်။ 

    - အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ 

    (က) Propiconazole (ပရိုပီကိုနာဇိုး) 

    ( ခ ) Chlorothalonil (ကလိုရိုသာလိုနေး) 

    ( ဂ ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) 

    (ဃ) Benomyl (ဘီနိုမိုင်း) 


    (၈) ရောဂါပိုးအမည် ‒ ပင်ရှည်ရောဂါ၊ ပျိုးပင်နာကျရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Fusarium moniliforme (Gibberellafujikuroi) 

    ကာကွယ်နှိမ်နှင်းနည်း 

    စိုက်ခင်းသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း အပါအဝင် စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းခြင်း အပြင်၎င်းရောဂါအတွက် အထိရောက်ဆုံးသော ကာကွယ်နှိမ်နင်းနည်းမှာ မစိုက်ပျိုးမီတွင် မျိုးစေ့ကို ကာကွယ်မှိုသတ်ဆေးတစ်မျိုးမျိုး(သို့)ပင်လုံးပြန့် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်၍ မျိုးစေ့စီရင်ပြီးမှ စိုက်ပျိုးခြင်းဖြစ်သည်။ 

    အောက်ပါမှိုသတ်ဆေးများအား ပက်ဖျန်းအသုံးပြုပါ။ 

    (က) Propiconazole (ပရိုပီကိုနာဇိုး) 

    (ခ) Benomyl (ဘီနိုမိုင်း) 

    (ဂ) Carbendazim (ကာဗန်ဒါဇင်) 

    (ဃ) Mancozeb (မန်ကိုဇက်) 

    (င) Hexaconazole (ဟက်ဖာကိုနာဇိုး) 


    (၉) ရောဂါပိုးအမည် ‒ ဘက်တီးရီးယားရွက်ခြောက်ရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Xanthomonas oryzae pv. Oryzicola 

    ကာကွယ်နှိမ်နှင်းနည်း 

    စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ရန်နှင့် BLB ရောဂါစတင်ကျရောက်လျှင် အောက်ပါဆေးများ အသုံးပြုပက်ဖျန်းပါ။ 

    Kasugamycin (ကာစူကာမိုက်စင်) 

    Copper ပါဝင်သောမှိုသတ်ဆေးများ 

    (၁၀) ရောဂါပိုးအမည် ‒ စပါးဘက်တီးရီးယားရွက်စင်းရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Xantomonasoryzae pv. oryzicola 

    ကာကွယ်နှိမ်နှင်းနည်း 

    ရောဂါစတွေ့လျှင်တွေ့ချင်းအောက်ပါဆေးများပက်ဖျန်းအသုံးပြုပါ။ 

    Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) 

    Kasugamycin (ကာစူကာမိုက်စင်) 

    Copper ပါဝင်သောမှိုသတ်ဆေးများ 


    (၁၁) ရောဂါပိုးအမည် ‒ စပါးဘက်တီးရီးယား ပင်ခြေပုပ်ရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Erwinia chrysanthemi 

    ကာကွယ်နှိမ်နှင်းနည်း 

    ပျိုးနှုတ်စဉ်အပင်ကို အနာတရမဖြစ်အောင် ဂရုစိုက်ရန်နှင့်ပျိုး/စိုက်ခင်းကို မြေပြုပြင်စဉ်ပိုတက်ရှ်အပါအဝင် ဓါတ်မြေသြဇာကို အချိုးညီညီထည့်ပါ။ ရောဂါကျဖူးသောမြေကို မြေပြင်စဉ် ကျောက်မှုန့်မြေသြဇာကို တစ်ဧကလျှင် (၆)ပိဿာနှုန်း ထည့်ပေးပါ။(သို့)ထုံး(၁၅‒၂၀)ပိဿာနှုန်းထည့်ပေးပါ။ 

    -ရောဂါကျအခင်းကိုဖြတ်၍ ရေသွင်းရေထုတ်ပြုလုပ်ခြင်းကိုရှောင်ပါ။ 

    ရောဂါစတင်တွေ့လျှင်တွေ့ချင်းအောက်ပါဆေးများပက်ဖျန်းအသုံးပြုပါ။ 

    Kasugamycin (ကာစူကာမိုက်စင်) 

    Copper ပါဝင်သောမှိုသတ်ဆေးများ 


    (၁၂) ရောဂါပိုးအမည် ‒ စပါးယူဖရာရောဂါ(သို့)စပါးလောင်မီးရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Ditylenchus angustus 

    ကာကွယ်နှိမ်နှင်းနည်း  

    ရောဂါကျရောက်ခဲ့သောလယ်တွင် ရိုးပြတ်များပင်ကြွင်း၊ပင်ကျန်များ၊ ဖယ်ရှားမီးရှို့ပါ။  

    မီးရှို့ရန် အခြေအနေမပေးပါကထယ်(၂-၃)စပ်(စက်ဖြင့်၂-၃ကြိမ်)ဝင်ပြီးသမန်းပုပ်အောင် ထားပါ။ 

    ရေသွင်းရေထုတ်စနစ်ကောင်းရန်ကန်သင်းဘောင်ခိုင်မာမှု၊ရေလုံမှုတို့ကိုသေချာအောင်ဆောင်ရွက်ပါ။ 

    မြေအာဟာရဓါတ်မျှတအောင်ထည့်ပါ။ပိုတက်ဓါတ်မြေသြဇာ(၂၈)ပေါင်/ဧက(သို့)စက်ဖွဲပြာ(၁၀)တင်း/ဧကမြေခံအဖြစ်ထည့်ပါ။ 

    ရောဂါကင်းသောလယ်တွင် ပျိုးထောင်ရန်နှင့် ရောဂါကျရောက်ခဲ့သော စိုက်ခင်းမှမျိုးစေ့ကို အသုံးမပြုရန်နှင့် အကယ်၍ မလွဲမရှောင်သာ အသုံးပြုရမည်ဆိုပါက မျိုးစေ့ကို ဆားရေနှင့်စိမ်ပါ။မျိုးစေ့တွင် ကပ်နေသေ ာနီမတုတ်များကို သေစေသည်။ 

    သက်လျင်စပါးမျိုးကိုအသုံးပြုခြင်းဖြင့် ရောဂါဖြစ်သောနီမတုတ်မျိုးပွားမှုအချိန်တိုစေပါသည်။ 

    ရောဂါကျရောက်တတ်သောစိုက်ခင်းများတွင်စပါးဆက်တိုက်စိုက်မည့်အစားစပါးနှင့်မျိုးရင်းမတူသောအခြားသီးနှံများနှင့်အလှည့်ကျစိုက်ပါ။ 


    (၁၃) ရောဂါပိုးအမည် ‒ စပါးရွက်ဖျားဖြူ ရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Aphelenchoidesbesseyi 

    ကာကွယ်နှိမ်နှင်းနည်း  

    အိမ်သုံးဆား (၅၀)ကျပ်သားနှင့် ရေ(၁၀)ဂါလန် ဖျော်ရည်ထဲတွင် မျိုးစပါးအား (၂၄)နာရီစိမ်ပြီး စိုက်ပျိုးခြင်း၊ မျိုးညှောင့်မဖောက်ပဲ တိုက်ရိုက်အစေ့ချမျိုးစေ့နှုန်းကို လျော့သုံးခြင်း၊ ရောဂါရမျိုးစေ့များကိုစိုက်ပျိုးခြင်း ၊မျိုးအဖြစ်ရောင်းချခြင်းတို့ မပြုလုပ်ရန် ရှောင်ကြဉ်ခြင်းနှင့် ဓါတုနည်းဖြင့် ကာကွယ်နှိမ်နှင်းနည်းတို့ကို ပြုလုပ်ရပါမည်။ 

     

    (၁၄) ရောဂါပိုးအမည် ‒ စပါးမြစ်ဖုရောဂါ 

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ 

    Meloidogye incognita 

    M. javanica 

    M. graminicola 

    M. oryzae 

    ကာကွယ်နှိမ်နှင်းနည်း  

    M.graminicola မြစ်ဖုနီမတုတ်မျိုးစိတ် တစ်ခုမှလွဲ၍ အခြားမျိုးစိတ်များသည် ရေဝပ်ခြင်းဒဏ်ကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် ရောဂါရစပါးခြင်းအား ရေအမြဲသွင်းထားခြင်းဖြင့် မြစ်ဖုနီမတုတ်ကိုကာရောဂါကို ကာကွယ်နှိမ်နှင်းခြင်း။ 

    ပဲလွမ်း၊ ဂုံလျှော်၊ နေကြာ၊ နှမ်းစသည့်သီးနှံများဖြင့်သီးလှည့် စိုက်ပျိုးခြင်း 

    သဘာဝမြေသြဇာ၊တမာကြိတ်ဖတ်၊စက်ဖွဲပြာနှင့်ပိုတက်ရှ်ထည့်ပေးခြင်းနှင့်ဓါတုနည်းဖြင့်ကာကွယ်ခြင်း။ 

    Source:DOA 


  • article
  • article
  • article
  • article
  • article
  • article
likes9comments0
views553views2087