ဇူလိုင် ၂၈ မှ ဩဂုတ် ၃ ထိ တစ်ပါတ်စာမိုးလေဝသခန့်မှန်းချက်
. ရာသီဥတု သတင်းများ
ဇူလိုင်၂၈ မှ ဩဂုတ် ၃ ရက်နေ့ထိ ရာနှုန်းပြည့်နီးပါးမိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းအတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။
- ယနေ့ မှစ၍ ဩဂုတ်(၁)ရက်နေ့ထိ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်နှင့် ပုသိမ်မြို့နယ် တို့တွင် ၉၅ရာခိုင်နှုန်းကျော် မိုးရွာနိူင်ပါသည်။
- ဩဂုတ် ၂ရက်နှင့်၃ရက် နေ့များမှတော့ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ ပုသိမ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့တွင် မိုးရွာရန်ရာခိုင်နှုန်း ၇၀%နှင့်၆၅%သာ ရှိနိုင်ပါသည်။
လပွတ္တာမြို့နယ်
- ဇူလိုင် ၂၈နှင့်၂၉ တွင် မိုးရာရန် ၆၅ ရာခိုင်နှုန်းသာရှိပါမည်။ ဇူလိုင် ၃၀ မှ ဩဂုတ် ၃ ရက်နေ့ထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိနိုင်ပါသည်။
မြောင်းမြမြို့နယ်
- ယနေ့မိုးရွာရန် ရာနှုန်းပြည့်နီးပါးဖြစ်ပါသည်။ မနက်ဖြန်ဇူလိုင် ၂၉ နှင့် ၃၀ နေ့များမှာ ၇ဝ ရာခိုင်နှုန်းသာမိုးရွာနိုင်ပါသည်။ ဩဂုတ် ၁၊၂၊၃ နေ့များမှာ ရာနှုန်းပြည့်နီးပါးမိုးရွာနိုင်ပါသည်။
ဖျာပုံမြို့နယ်
- ယနေ့မှာတော့ ၅၅ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။ ဇူလိုင် ၂၉ မှ ဩဂုတ် ၁ အထိ ရာနှုန်းပြည့်နီးပါးမိုးရွာနိုင်ပါသည်။
ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်များ
- ဇူလိုင်၂၈ မှ ဩဂုတ် ၃ ရက်နေ့ထိ ရာနှုန်းပြည့်နီးပါးမိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းအတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။
- စပါးပင်ပွားထွက်သည့် ကာလဖြစ်သည့် အတွက်ကြောင့် စပါးခင်းအတွင်း ရေများနေခြင်းက ပင်ပွားနှုန်းကို ထိခိုက်စေနိုင်တာကြောင့် ရေထုတ်မြောင်းများ ပြုလုပ်၍ ရေထုတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
- ပုလဲမြေဩဇာတစ်မျိုးတည်းကျွေးခြင်းထက် အဟာရစုံပါဝင်သည့် ဓါတ်မြေဩဇာများနှင့်ပုလဲမြေဩဇာကို ရောကျွေးပါ။ ဓါတ်မြေဩဇာတစ်ချိုးကို သဘာဝမြေဩဇာ(နွားချေးဆွေး၊စပ်မြေ၊ကြံမြှပ်ချေး၊ဘိုကာရှီ စသည်ဖြင့်)သုံးချိုးဖြင့် ရောနှပ်၍ ကျွေးပေးနိုင်လျှင်အကောင်းဆုံးဖြစ်ပါသည်။
- စပါးပင်ပိုင်း ကြီးထွားသည့် အဆင့်တွင် ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်လိပ်အိမ်ပိုး၊ကျိုင်းကောင်များ နှင့် ဆစ်ပိုးများ ကျရောက်မှု ဖြစ်ပွားနိုင်ပါသည်။
- စပါးရွေးချယ်ပေါင်းသတ်ဆေး အသုံးပြုလျှင်လည်း စပါးခင်း ရေများနေချိန် အသုံးမပြုသင့်ပါ။
- သံဆိပ်သင့်ခြင်းကြောင့် စပါးနီတိုကျရောက်မှု ရှိမရှိ စစ်ဆေးရန် စပါး အမြစ်များကို နှုတ်ယူ နမ်းကြည့်ပြီး သံချေးနံ့နှင့် အမြစ်များမဲနေခြင်းရှိမရှိ စစ်ဆေးပါ။
- ဘတ်တီးရီးယားရွက်ဖျားခြောက်နှင့် ရွက်ညိုပြောက်ရောဂါ၊ စပါးဘတ်တီးရီးယားပင်စည်ပုပ်၊ရွက်ဖုံးပုပ်ရောဂါများ တို့ကိုလည်း ကြိုတင်ကာကွယ်ပါ။
- သွင်းအားစုများ ထည့်သွင်းခြင်းကိုရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။
- ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။
- မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး သုံးစွဲသည့်အခါ ထည့်သုံးပေးပါ။
Source: CIAT


