cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်နီ စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယ နိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန် နစ္စတန် နိုင်ငံနှင့် ပါလက်စတိုင်း တစ်လျှောက် ဖြစ်သည်။ မျိုးရင်း AMARYLLIDACEAE တွင် ပါဝင်ပြီး ရုက္ခဗေဒ အမည်မှာ Allium cepa ဖြစ်သည်။
  • ၁။ မူရင်းဒေသ

    ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယ နိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန် နစ္စတန် နိုင်ငံနှင့် ပါလက်စတိုင်း တစ်လျှောက် ဖြစ်သည်။ မျိုးရင်း AMARYLLIDACEAE တွင် ပါဝင်ပြီး ရုက္ခဗေဒ အမည်မှာ Allium cepa ဖြစ်သည်။ 

    ၂။ ရေမြေနှင့်ရာသီဥတု

    ကြက်သွန်နီသည် ရေ အလွန် လိုအပ်သော သီးနှံ ဖြစ်သည်။ ထို့ကြောင့် အစိုဓာတ်ရှိသော မြေဖြစ်ပါက မြေအတော်များများတွင် စိုက်ပျိုးနိုင်သည်။ မြေဆီသြဇာကို ပြည့်စုံစွာ ဖြည့်ဆည်းပေး၍ အစိုဓာတ် လုံလောက်စွာပေးနိုင်ရန် လိုအပ်သည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့်အောက် မြန်မာပြည်တွင် စိုက်ပျိုးမှု နည်းသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ ၆ မှ ၇ ဖြစ်သည်။ အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ သာမာန်အားဖြင့် အပူချိန် အသင့်အတင့် မြင့်ပြီးနေ့တာရှည်က ဥ ဖြစ်ပေါ်မှုကို အားပေးသည်။ အပူချိန်သည် ပွင့်တန်ထွက်ခြင်းကို စိုးမိုးသည်။ အပူချိန်၅၀-၆၀ ဒီဂရီဖာရင်ဟိုက်တွင် နေ့တာတို ၁၂နာရီ ရရှိပါက ပန်းပွင့်၍ အေစေ့တည်စေသည်။ တစ်နှစ်ပတ်လုံး အပူအအေး နှင့်နေ့တာ အတိုအရှည် ညီမျှသောဒေသတို့တွင် တစ်နှစ်အတွင်း မျိုးပြန်လည်ခံနိုင်သည်။ ကြက်သွန်ဥ အတွက် အကောင်းဆုံး အပူချိန်မှာ ၁၃-၂၇ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ ဥချချိန် အပူချိန် နိမ့်လွန်းပါက အနှံထွက်လာတတ်သည်။ အကောင်းဆုံး အပူချိန်မှာ၂၀-၂၅ ဒီဂရီ ဒင်တီဂရိတ်ဖြစ်ပြီး အလင်း ကာလမှာ ၁၂ -၁၃ နာရီ ရှိရမည်။

    ၃။ လက်ရှိ စိုက်ပျိုးလျက်ရှိသောမျိုးများ 

    (က) ရွှေဖလား ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးပမာဏမှာ (၁) ထက်ကြီးသည့်အတွက် ပြားဝိုင်းပုံ သဏ္ဍာန်ရှိသည်။ ရွှေဒင်္ဂါး၊ ရွှေဖလား ခွက်မှောက် ဟူ၍ခေါ်ဝေါ်ခြင်း ဖြစ်သည်။

    (ခ) ဘောင်စောက် ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးချ ကြည့်ပါက (၁) ထက် ငယ်သည့် အတွက်ဘောင်ဆောက်ဟူ၍ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ မျိုးကွဲအနေဖြင့် ဥတစ်လုံး၊ ဘုံဆိုင်း နှင့်ဘင်္ဂလား ဟူ၍ခေါ်ဝေါ် သုံးစွဲကြပါသည်။

    (ဂ) သပိတ်လုံး ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးအနေအထားအားဖြင့် ညီမျှမှုရှိသည့်အတွက် လုံးဝိုင်းသော ပုံသဏ္ဍန်ရှိပါသည်။ အချို့ဒေသများတွင် ဦးဝိုင်းမျိုး ဟုခေါ်ဆိုလေ့ ရှိကြပါသည်။ (ဃ) မင်းတုန်းဥမွှာမျိုး ကြက်သွန်နီဥ တစ်လုံးတည်း မဟုတ်ဘဲ အမွှာတက်များ ဖြစ်ပေါ်နေသည့် အတွက် ပုံသဏ္ဍာန် ထူးခြားမှု ရှိပါသည်။ မြိတ်စား ကြက်သွန်အဖြစ် အသုံးများ၍ မြန်မာ ကြက်သွန် (သို့မဟုတ်) ကြက်သွန်နီ ကလေးဟူ၍ လည်းခေါ်ဝေါ်ကြပါသည်။ 

    ၄။ ပျိုးထောင်ခြင်း 

    အစေ့ကို တိုက်ရိုက် စိုက်နိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကြက်သွန် တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (ဝ.၀၅) ဧက အရွယ် ရှိရမည်။ သေချာစွာ ပြင်ဆင်ထားသော ပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာ ကြဲ၍ လည်းကောင်း၊ အတန်းလိုက်သော် လည်းကောင်း စိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက် စိုက်သင့်သည်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးပါ။ အညှောင့်မြေပေါ် ထွက်လွယ်စေရန် ဖြစ်သည်။ နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ မြေပြန့်တွင် ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလ အထိ ပျိုးထောင်သည်။ တောင်ပေါ်ဒေသ၌ မတ်လမှ ဇွန်လ အထိ ပျိုးထောင်ကြသည်။ 

    ၅။ မျိုးစေ့နှုန်း

    တစ်ဧကလျှင် မျိုးစေ့၄ပြည် ခန့် လိုသည်။

    ၆။ မြေပြုပြင်ခြင်း

    ကြက်သွန်သည် ပြောင်းရွှေ့ စိုက်ပြီးချိန်မှ စ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကို တစ်ပါတည်း ကြိုတင် နှိမ်ထားရမည်။ မြက် နှင့်ပေါင်းပင်များကို နှိမ်နင်းရန် အတွက် ထယ်ဖြင့် အကြိမ်ကြိမ် ထိုးပစ်ရမည်။ ထယ်ထိုးပြီးက ထွန်ရေးညက်အောင် ထွန်ပြီး ကြမ်းတုံးရိုက်၍ မိမိ စိုက်ပျိုးသော နည်းဖြင့် အကွက်ဖော်ယူရသည်။ ကြက်သွန်ကို ဘောင်ပေါ်တွင် စိုက်ပျိုးခြင်းဖြင့်လည်းကောာင်း၊ ကန်သင်းဖော်ခြင်းဖြင့် လည်းကောင်း စိုက်ပျိုးကြသည်။ များသောအားဖြင့် ဆည်ရေ၊ မြောင်းရေ သွင်းနိုင်သောအားဖြင့် ဆည်ရေ၊ မြောင်းရေသွင်းနိုင်သော ဒေသတွင် ဘောင်ဖော်စိုက်ပျိုးကြသည်။ 

    ၇။စိုက်ပျိုးခြင်း

    (က) ဘောင်ဖော် စိုက်ပျိုးနည်း 

    ကြက်သွန်ကို စိုက်ပျိုးရန်အတွက် ဘောင်ဖော်ရာ၌ စိုက်ခင်း မြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်ပြီး ညီညာသော အပိုင်းများ အလိုက်ဘောင်ဖော်ပေးရမည်။ သို့မှသာ ရေသွင်းရန် လွယ်ကူပြီး ရေသည် ညီညာစွာ အကွက်ထဲသို့ ရောက်ရှိပေမည်။ ဘောင်ဖော်သည် ဆိုရာ၌ ရေသွင်းရန် အတွက်၃-၄ပေခြား မြောင်းများ ဖော်ပေးခြင်းဖြင့် အရာပေးပြီး ဂျုတ်ဆွဲ၍ ဖော်ကြသည်။ စိုက်ဘောင်ကို ညီညာအောင် ပြုပြင်ပြီး ပျိုးပင်ကလေးများကို တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင တစ်တန်း၄-၅လက်မခွာ စိုက်ရမည်။ ထို့နောက်ဘောင်နှင့် ညီအောင်ရေ သွင်းပေးရမည်။ 

    (ခ) ကန်သင်းဖော် စိုက်ပျိုးနည်း

    ဤစိုက်ပျိုးနည်းကို ဆည်ရေရသော ဒေသများတွင် အသုံးပြုကြသည်။ ကြက်သွန်ခင်းပေါင်း ရှင်းရာ၌ အကွက်ထဲ ဝင်၍ မရှင်းသင့်ပေ။ နုနယ်သော ကြက်သွန်ပင်များကို ထိခိုက် ပျက်စီးစေနိုင်ခြင်းကြောင့် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန် အတွက်၄-၅ပေထက် မကျယ်သော အကွက်များကို ဖော်ပေးရမည်။ ပျိုးပင်ကလေးများကို ၄ပတ်-၆ပတ်သား အရွယ်တွင် ပြောင်းရွှေ့ စိုက်ပျိုးကြသည်။ ပျိုးပင်၏ အရင်းသည် အနည်းငယ် ကြီးလာပါက ပြောင်းရွှေ စိုက်ပျိုးနိုင်သည်။ ကြက်သွန်မျိုးပေါ် မူတည်၍ ပျိုးသက် ၅၅-၆၀ရက်သား အထိ ထား၍ စိုက်နိုင်ပါသည်။ ငယ်လွန်းသည့် ပျိုးပင်များနှင့် အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို မစိုက်သင့်ပါ။ အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို စိုက်ပျိုးပါက ဖူးတံ ထွက်မှုများစေပြီး ပျိုးပင် အရွယ်ငယ် လွန်းပါက ဥ အရွယ်သေးငယ်ကာ အထွက် နည်းစေပါသည်။ တစ်တန်းနှင့် တစ်တန်း ၅ - ၆ လက်မ ခန့်ထားရှိပြီး တစ်ပင်နှင့် တစ်ပင် ၃- ၄လက်မ ခွာ၍ စိုက်ပျိုးကြသည်။ ပျိုးပင်များကို ဒီဇင်ဘာနှင့် ဇန်နဝါရီလ အစောပိုင်းတွင် စိုက်ခင်း သို့ပြောင်းရွှေ့ စိုက်ပျိုးကြသည်။ တစ်ဧကလျှင် အပင် ၅-၇သိန်းကျော အထိဒေသ အလိုက စိုက်ပျိုးစနစ်ပေါ် မူတည်၍ ဝင်ဆန့်ပါသည်။ စပ်မျိုး ကြက်သွန်နီကို သုံးပါက ၂သိန်းကျော် ဝင်ဆန့်သည်။ ကျွန်းမြေပေါ်နှင့် သဲချောင်းမြေများတွင်လည်း ကြက်သွန် စိုက်ပျိုးနိုင်သည်။ 

    မြန်မာနိုင်ငံ မိုးခေါင်ရေရှားဒေသများ ၌ ဤနည်းကို အသုံး


  • article
16 ကြိုက်
164 ကြည့်ရှု