cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်နီဈေးနှုန်း အတက်စောလို့ ပြည်ပအဝယ်မလိုက်ဘဲ တင်ပို့နိုင်မှုလျော့ကျနေ

. သတင်းစုံ
ကြက်သွန်နီဈေးအတက်စောတဲ့အတွက် ဈေးထပ်နိုင်ခြေနည်းသလို လှောင်လတ်အမြတ်မပေါ်တဲ့ အခြေအနေဖြစ်နိုင်တယ်လို့ သိရပါတယ်။
  • ယခုနှစ် ကြက်သွန်နီဈေးနှုန်း အတက်စောတာကြောင့် ပြည်ပအဝယ်မလိုက်ဘဲ တင်ပို့နိုင်မှုလျော့ကျနေတယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ သိရပါတယ်။


    “ပြည်ပတင်ပို့မှုက စောစောဈေးတက်တော့ Normal Trade မှာမတင်ရသလောက်ဘဲ၊ တခါတင်မှ တစ်လုံး နှစ်လုံး ဒါလည်း တစ်လတစ်ခါတောင် တင်ဖြစ်လားတောင်မသိဘူး။ Border Tadeတွေလည်း ဒီရက်ပိုင်း လမ်းခရီးတွေက မကောင်းတဲ့အခါကျတော့ သိပ်မသွားဘူး။ အဲ့ဒါကြောင့် ကြက်သွန်ဈေးက ၂၀၀၀ ဝန်းကျင်မှာပဲ အတက်ဈေးလည်းဖြစ်မလာဘူး။ Export သွားတာ ဒီနှစ်တော်တော်ကိုနည်းပါတယ်”လို့ စားဖိုဆောင်အသင်းမှ တာဝန်ရှိသူကပြောပါတယ်။


    လက်ရှိ ကြက်သွန်နီဈေးနှုန်းအနေနဲ့ တစ်ပိသာကို ကျပ် ၁၉၀၀ မှ ၂၃၀၀ ကြား၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိသာကို ကျပ် ၇၀၀၀ မှ ၇၁၀၀ ကြား၊ ရှမ်းကြက်သွန်ဖြူဈေးက ၇၇၀၀ မှ ၈၃၀၀ ထိဈေးရှိပြီး ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါကကြက်သွန်ဖြူဈေး နှစ်ဆကျော်လောက်မြင့်တက်လာသလို ကြက်သွန်နီဈေးကလည်း ကျပ် ၄၀၀ ဝန်းကျင် မြင့်တက်တယ်လို့ သိရပါတယ်။


    ကြက်သွန်နီဈေးအတက်စောတဲ့အတွက် ဈေးထပ်နိုင်ခြေနည်းသလို လှောင်လတ်အမြတ်မပေါ်တဲ့ အခြေအနေဖြစ်နိုင်တယ်လို့ သိရပါတယ်။


    “ပြည်တွင်းလက်ကျန်ကလည်းများနေပြီး ပြည်တွင်းစားသုံးမှုအားကျဆင်းတော့ အရောင်းအဝယ်မကောင်းတာတွေရှိနေတယ်။ နောက်ထပ်တော့ ဈေးအများကြီး မတက်နိုင်တော့ဘူး။ ၂၀၀၀ ဝန်းကျင်၊ ၁၈၀၀ လောက် ဝယ်ထားတဲ့ သူဆိုရင် အလျော့တွက်နဲ့ဆို လေးငါးထောင်ဖြစ်မှ မြတ်မှာ။ ၃၀၀၀ ကျော်ကျော်လောက်ဖြစ်လည်း အလျော့တွက်နဲ့ဆို အရင်းလောက်ပဲရှိမှာ ဆိုတော့ ဈေးထပ်မတက်နိုင်တော့တဲ့အတွက် လှောင်လတ်တွေ သိပ်မမြတ်နိုင်တော့ဘူးလို့ ယူဆရပါတယ်”လို့ စားဖိုဆောင်အသင်းမှ တာဝန်ရှိသူကပြောပါတယ်။


    လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်ကားအစီးရေ ၂၅ စီးခန့် ပုံမှန်အဝင်ရှိပေမယ့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။

    ဤဆောင်းပါးကို MyanmaPlatform မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes6comments0
views93views2064