cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကန်စွန်းဥပင်ကို ဘယ်လို စိုက်ပျိုးသင့်သလဲ

. စိုက်ပျိုးနည်းစနစ်များ
ကန်စွန်းဥကို ပြုတ်၍ သော်လည်းကောင်း၊ မီးဖုတ်၍ သော်လည်းကောင်း ၊ အုန်းနို့သာကူတို့တွင် ထည့်၍ လည်းကောင်း စားသောက်ကြပေသည်။
  • ကန်စွန်းဥကို ပြုတ်၍ သော်လည်းကောင်း၊ မီးဖုတ်၍ သော်လည်းကောင်း ၊ အုန်းနို့သာကူတို့တွင် ထည့်၍ လည်းကောင်း စားသောက်ကြပေသည်။

    ကန်စွန်းဥသည် သဲနှုန်းမြေ ၊ နှုန်းမြေနှင့် မြေပွများတွင် ကောင်းစွာဖြစ်ထွန်း၏။

    မြေကျစ် ၊ မြေစေးများတွင်မူ ကောင်းစွာ ဖြစ်ထွန်းခြင်းမရှိ။ ကန်စွန်းဥ၏ သဘာဝကား ကောင်းစွာ ပူနွေးပြီး မိုးအသင့်အတင့် ရွာ သွန်းမှုကို ကြိုက်နှစ်သက်သည်။ ကန်စွန်းဥပင်ကို မိုးဦးကျတွင် စိုက်ပျိုးလေ့ရှိကြသည်။

    ကန်စွန်းဥ စိုက်တော့မည် ဆိုလျှင် မြေကို ထယ်ရေးဝင်ပြီးသည့်နောက် တဘောင်နှင့် တဘောင် ၂ ပေစီခြားကာ အမြင့် ၆ လက်မ မှ ရှိသော စိုက်ဘောင်များကို ဖော်ပေးရပါသည်။

    အဆိုပါ ဘောင်များပေါ်တွင် ကန်စွန်းနွယ်များကို ၉ လက်မအရှည် ထားပြီး ဖြတ်ကာ မျိုးကိုင်းတစ်ကိုင်းနှင့် တစ်ကိုင်း ၁ ပေစီခွာ၍ ခပ်စောင်းစောင်းကလေး ထိုးစိုက်ရသည်။

    ထိုသို့ စိုက်ပြီး သုံးလေးလမျှ ကြာသောအခါ ကန်စွန်းရွက်များ ဝါကျလာလိမ့်မည်။ ထို အနေအထားသည် ကန်စွန်းဥများ ရင့်ပြီဆိုသော သဘောဖြစ်သည်။ ထိုအခါ ထယ်ထိုး၍ လည်းကောင်း ၊ တူရွင်း ၊ ပေါက်ပြားတို့နှင့် လည်းကောင်း တူးယူနိုင်မည်ဖြစ်သည်။

    တစ်ဧကလျှင် ကန်စွန်းဥ ပိဿ တစ်ထောင့်ရှစ်ရာမှ သုံးထောင့်ငါးရာ အထိ ထွက်လေ့ရှိပေသည်။

     Source- ဟင်းသီးဟင်းရွက်စိုက်ပျိူးနည်း


  • article
likes17comments0
views644views2657