cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း ဒေသကြီးအတွက် ရက်ဝေးသုံးလစာ မိုးလေဝသနှင့်စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
စက်တင်ဘာလတွင် မိုးနည်းနိုင်ပြီး အပူချိန် မြင့်တက်လာနိုင်သည့် အတွက် စပါးပင်ကြီးထွားမှု နှောင်းပိုင်းအဆင့်တွင် ရောဂါကျရောက်မှု ပိုမိုဖြစ်ပွားနိုင်ပြီး အထူးသဖြင့် မှိုနှံသီးရောဂါ ကျရောက်နိူင်ပါသည်။
  • ၁) ဟင်္သာတမြို့နယ်

    ဩဂုတ်လ

    • အမြင့်ဆုံးနှင့်အနိမ့်ဆုံး မိုးရေချိန် ၂၃လက်မနှင့်၁၅လက်မရှိနိုင်ပါသည်
    • ပျမ်းမျှမိုးရေချိန် ၁၉လက်မ ရှိနိုင်ပြီး၊ ပုံမှန်မိုးရေချိန် ၁၇လက်မခွဲ ထိရှိနိုင်ပါသည်။

    စက်တင်ဘာလ

    •  မိုးရွာသွန်းမှု လျော့နည်းလာပါမည်။ အမြင့်ဆုံးနှင့်အနိမ့်ဆုံး မိုးရေချိန်၁၆ လက်မခွဲခန့်နှင့် ၁၁ လက်မခန့် ရှိနိုင်ပါသည်။
    • ပျမ်းမျှ မိုးရေချိန် ၁၄လက်မခန့် ဖြစ်ပြီး၊ ပုံမှန် မိုးရေချိန် ကတော့ ၁၃လက်မခန့် ရှိနိုင်ပါသည်။

    အောက်တိုဘာလ

    • မိုးရေချိန် အမြင့်ဆုံး၈လက်မ နှင့် အနိမ့်ဆုံး ၆လက်မ ခန့်သာ ရှိနိုင်ပါသည်။
    • ပျမ်းမျှမိုးရေချိန် ၇လက်မနှင့် ပုံမှန်မိုးရေချိန်၆လက်မခန့်သာရှိပါတော့မည်။ မိုးရွာသွန်းမှု အတော်နည်းလာပါမည်။

    ၂။ လပွတ္တာမြို့နယ်

    ဩဂုတ်လ

    • အမြင့်ဆုံးနှင့်အနိမ့်ဆုံး မိုးရေချိန် ၃၆လက်မနှင့်၂၅လက်မရှိနိုင်ပါသည်။
    • ပျမ်းမျှမိုးရေချိန် ၂၈ လက်မ ရှိနိုင်ပြီး၊ ပုံမှန်မိုးရေချိန် ၂၆ လက်မ ထိရှိနိုင်ပါသည်။

    စက်တင်ဘာလ

    • အမြင့်ဆုံးနှင့်အနိမ့်ဆုံး မိုးရေချိန် လက်မ ၂၀ လက်မခန့်နှင့် ၁၇ လက်မခန့် ရှိနိုင်ပါသည်။
    • ပျမ်းမျှ နှင့် ပုံမှန်မိုးရေချိန် ၁၈ လက်မခန့် ရှိနိုင်ပါသည်။

    အောက်တိုဘာလ

    • မိုးရွာသွန်းမှု လျော့နည်းလာပါမည်။ တစ်လလုံးစာအတွက် မိုးရေချိန် ၉ လက်မခန့်သာ ရှိနိုင်ပါသည်။

    ၃။ မအူပင်မြို့နယ်

    ဩဂုတ်လ

    • အမြင့်ဆုံးနှင့် အနိမ့်ဆုံး မိုးရေချိန် ၁၆ လက်မ နှင့် ၁၈လက်မ ရှိနိုင်ပါသည်။
    • ပျမ်းမျှမိုးရေချိန် ၂၁ လက်မခန့် ရှိနိုင်ပြီး၊ ပုံမှန်အားဖြင့်တော့ ၂၀ လက်မ ထိ မိုးရေချိန်ရှိနိုင်ပါသည်။

    စက်တင်ဘာလ

    • မိုးရွာသွန်းမှု ပိုမိုလျော့နည်းလာနိုင်ပါသည်။ တစ်လလုံးစာအတွက် မိုးရေချိန်လက်မ ၁၆ လက်မသာ အမြင့်ဆုံးရှိနိုင်ပြီး၊အနည်းဆုံး ၁၃ လက်မခန့် ရှိနိုင်ပါသည်။
    • ပျမ်းမျှနှင့် ပုံမှန်မိုးရေချိန် ၁၃လက်မ ရှိပါမည်။

    အောက်တိုဘာလ

    • ရှေ့နှစ်လအောက် မိုးရွာသွန်းမှု အနိမ့်ဆုံးလဖြစ်ပါမည်။အမြင့်ဆုံးမိုးရေချိန် မှာ ၁၀ လက်မ၊ အနိမ့်ဆုံးမှာ ၆ လက်မခန့်သာ တစ်လလုံးစာ မိုးရွာသွန်းနိုင်ပါသည်။

    ၄။ ပုသိမ်မြို့နယ်

    ဩဂုတ်လ

    • တစ်လလုံးစာအတွက် မိုးရေချိန်လက်မ အမြင့်ဆုံး 36 လက်မနှင့် အနိမ့်ဆုံး 25 လက်မ ရှိနိုင်ပါသည်။
    • ပျမ်းမျှမိုးရေချိန် ၂၈ လက်မခန့် တစ်လလုံးစာရှိနိုင်ပါသည်။

    စက်တင်ဘာလ

    • တစ်လလုံးစာ အတွက် မိုးရေချိန် ၂၀ လက်မသာ အမြင့်ဆုံး ရှိနိုင်ပြီး၊ အနိမ့်ဆုံး ၁၇ လက်မခန့် ရှိနိုင်ပါသည်။
    • ပျမ်းမျှနှင့် ပုံမှန်မိုးရေချိန် ၁၈ လက်မရှိပါမည်။

    အောက်တိုဘာလ

    • တစ်လလုံးစာ ၁၀ လက်မခန့်သာ အမြင့်ဆုံးမိုးရေချိန်ရရှိနိုင်ပြီး၊ အနိမ့်ဆုံး ၈ လက်မခန့်သာ ရှိနိုင်ပါတော့သည်။

    ၅။ ဖျာပုံမြို့နယ်

    ဩဂတ်လ

    • အမြင့်ဆုံးမိုးရေချိန် ၂၅လက်မထိ တစ်လလုံးစာ ရရှိနေနိုင်ပါသည်။ အနိမ့်ဆုံး ၁၈ လက်မခန့်ဖြစ်ပါသည်။

    စက်တင်ဘာလ

    • တစ်လလုံးစာအမြင့်ဆုံး ၁၆ လက်မ မိုးရေချိန် ရရှိနိုင်ပါသည်။ မိုး ရွာသွန်းမှု စတင်နည်းလာနိုင်ပါသည်။

    အောက်တိုဘာလ

    • တစ်လလုံးစာ အမြင့်ဆုံးမိုးရေချိန် ၁၀ လက်မခန့်သာရှိနိုင်ပါသည်။ အနိမ့်ဆုံးအနေနှင့် ၆ လက်မခန့်သာရှိနိုင်ပါတော့သည်။

    ၆။ မြောင်းမြမြို့နယ်

    ဩဂုတ်လ

    • တစ်လလုံးစာ အမြင့်ဆုံးမိုးရေချိန် ၂၅ လက်မ၊အနိမ့်ဆုံး 18 လက်မ ရှိပါမည်။

    စက်တင်ဘာလ

    • မိုးနည်းလာနိုင်ပြီး အမြင့်ဆုံးအနေနဲ့ ၁၆ လက်မခန့်သာ တစ်လလုံးစာ မိုးရေချိန် ရရှိနိုင်ပါမည်။ အနိမ့်ဆုံးအနေနဲ့ ၁၂ လက်မခန့်သာရှိပါမည်။

    အောက်တိုဘာလ

    • တစ်လလုံးစာ ၁၀ လက်မခန့်သာ မိုးရေချိန်ရရှိနိုင်ပါမည်။ မိုးနည်းလာပါမည်။

    ထွက်တိုးမှရက်ဝေးသုံးလစာမိုးလေဝသနှင့်စိုက်ပျိုးရေးအကြံပြုချက်

    • ယေဘူယျအားဖြင့် ဩဂတ်လတွင် မိုးရွာသွန်းနိုင်ဆဲ ဖြစ်ပါသည်။ စပါးသက်တမ်းအရ ပင်ပိုင်းကြီးထွားသည့် အဆင့်ဖြစ်သည့်အတွက် ရွှေခရု၊ ရွက်လိပ်ရွက်ကပ်၊ ဆစ်ပိုး၊ ဖြုတ်ပိုး စသည်ဖျက်ပိုးများ ဩဂုတ်လအတွင်း ပိုမိုကျရောက်နိုင်ပါသည်။ စပါးနှံစုပ်ပိုးကိုလဲ မပြတ်ကင်းထောက် ကြည့်ရှု့နေရန် လိုအပ်ပါသည်။
    • စပါးပင် သက်တမ်းအရ ဩဂုတ်နှင့်စက်တင်ဘာလအတွင်း အပင်ရောဂါအားဖြင့် ဘတ်တီးရီးယားရွက်ဖျားခြောက်၊ ဂုတ်ကျိုးရောဂါနှင့် ရွက်ညိုပြောက်ရောဂါတို့ ကျရောက်နိူင်သည့်အတွက် ကြိုတင်ကာကွယ်ပါ။
    • စက်တင်ဘာလတွင် မိုးနည်းနိုင်ပြီး အပူချိန် မြင့်တက်လာနိုင်သည့် အတွက် စပါးပင်ကြီးထွားမှု နှောင်းပိုင်းအဆင့်တွင် ရောဂါကျရောက်မှု ပိုမိုဖြစ်ပွားနိုင်ပြီး အထူးသဖြင့် မှိုနှံသီးရောဂါ ကျရောက်နိူင်ပါသည်။
    • ဩဂုတ်နှင့် စက်တင်ဘာလအတွင်း စပါးမှိုနှံသီးရောဂါ၊ စပါးဂုတ်ကျိုးရောဂါ၊ ရွက်ဖုံးပုပ်ရောဂါတို့ကို ကြိုတင်ကာကွယ်ပါ။
    • သွင်းအားစု ထည့်သွင်းခြင်းကို ရာသီဉတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှ အချိန်ကိုက်သုံးစွဲပါ။ မြေဆီထည့်သွင်းခြင်းကို ဩဂုတ်လအတွင်း ပြည့်မှီအောင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။
    • ထွက်တိုးတွင် စပါးအထွက်တိုး စိုက်ပျိုးရေးအတွက် လိုက်နာလုပ်ဆောင်သင့်သော အချက်များကို အခမဲ့ ဝင်ရောက်လေ့လာပါ။
    • နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကိုလည်း နေ့စဉ် ရယူနိုင်ပြီး အကြံပြုချက် ထပ်မံရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။
    • မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အားဆေးသုံးစွဲသည့် အခါ ထည့်သုံးပေးပါ။

    Source: CIAT


  • article
likes11comments1
views208views2499