cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲစေ့ထိုးပိုး အကြောင်း သိကောင်းစရာပဲစေ့ထိုးပိုုး ဖျက်စီးမှု လက္ခဏာများ

. ပိုးမွှား
ပဲစေ့ထိုးပိုးသည် အပေါက်ငယ်လေးများဖောက်၍ ခြစ်စားပြီး အစေ့မျက်နှာပြင်ပေါ်တွင် ဥများဥခဲ့သည်။

  • 🐛 ပဲစေ့ထိုးပိုးသည် အပေါက်ငယ်လေးများဖောက်၍ ခြစ်စားပြီး အစေ့မျက်နှာပြင်ပေါ်တွင် ဥများဥခဲ့သည်။ 

    🐛 အကောင်ပေါက်ပြီး ၂၄-၃၆ နာရီကြာသည့် အခါ အကောင်ကြီးအဆင့်သို့ရောက်သည်။ အကောင်ကြီး အဆင့်သည် အစာမစားတော့ပါ။ 

    🐛 အကောင်ကြီးသည် ၁၂-၁၄ ရက်အတွင်းမိတ်လိုက်ပြီး ဥအု ခြင်းကိုပြုလုပ်သည်။ 

    🐛 ဥများကို ရင့်မှည့်သော သီးတောင့်များအပေါ် (သို့) သိုလှောင်ထားသော အစေ့အဆန်များပေါ်တွင် ဥသည်။

    🐛 ဥအဆင့်- အကောင်ကြီးသည် သူတို့၏ဘဝသက်တမ်းတစ်လျှေက်တွင် ဥပေါင်း ၁၀၀ ထိ ဥနိုင်သည်။ ဥများကို အစေ့၏ မျက်နှာပြင်ပေါ်တွင် တစ်လုံးချင်းဥသည်။ ဥများသည် အဖြူရောင် နှင့် နို့နှစ်ရောင်ဖြစ်ပြီး ဘဲဥပုံ ဖြစ်သည်။ အကောင်ကြီးများသည် ဥကို ရင့်မှည့်သော အတောင့်များပေါ်တွင် ဥလေ့ရှိသည်။

    🐛 လောက်ကောင်အဆင့်- ဥမှပေါက်ပြီး ၅ရက်မှ ၇ရက် အကြာတွင် သားလောင်းအကောင်သည် အစေ့ကိုဖောက်၍ ဝင်ပြီး အစေ့အတွင်းထဲတွင် အစာစားသည်။

    🐛 ရုပ်ဖုံးအဆင့်- ရုပ်ဖုံးအဆင့်ကို အစေ့ထဲတွင်သာ ပြုလုပ်သည်။ ရုပ်ဖုံးပြုလုပ်ရန် အကောင်းဆုံး အခြေအနေပေးပါက သားဆက်တစ်ခုသည် ၄-၅ ပတ်သာလျှင် ကြာသည်။

    🐛 အကောင်ကြီးအဆင့်- အကောင်ကြီးအဆင့်ရှိ အရွယ်အစားသည် အလယ်အလတ် လောက်ဖြစ်ပြီး အတောင်ပံ၏ အရွယ် အစားသည် ၂၅ မှ ၃၀ မီလီမီတာ ရှိသည်။ ရှေ့တောင်ပံသည် မီးခိုးရောင်မှ အညိုရောင် ဖြစ်ပြီး မညီညာသည့် အစင်းကြောင်းများကို တွေ့ရသည်။အကောင်ကြီး အဆင့်သည် သေးငယ်ပြီး အတောင်ပံ တစ်ခုချင်းစီပေးတွင် အနက်ရောင်အစက် ပြောက်ကိုတွေ့ရပါသည်။ အမကိုအတောင်ပံပေါ်တွင်ပါရှိသော အနက်ရောင်အစင်းဖြင့် အလွယ်တကူ ဆုံးဖြတ်နိုင်ပါသည်။ ထိုအနက်ရောင် အစင်းကို အထီးတွင်မတွေ့ရပါ။ 

    ပဲစေ့ပိုးအား ကာကွယ်နှိမ်နှင်းခြင်း

    ပဲစေ့ထိုးပိုး အန္တရာယ် ဒို့ကာကွယ်စိုက်ပျိုးနည်းစနစ်များ သုံးခြင်းဖြင့် ကာကွယ် နှိမ်နှင်းခြင်း

    🐛 အချိန်မှန်မှန် ရိတ်သိမ်းခြင်းသည် အလေအလွင့်များကို လျော့နည်းစေခြင်း၊ သီးနှံများကို ကြာရှည် သိုလှောင်သည့် အခါ သီးနှံအရည်အသွေးကိုထိန်းထားနိုင်သည်။ မျိုးစေ့များကိုသန့်စင်အောင် ပြုလုပ် ခြင်းဖြင့်သိုလှောင်သည့်အခါ ပိုးမွှားများတိုက်ခိုက်မှုကို ဟန့်တားနိုင်သည်။ သိုလှောင်သည့်အခါ သီးနှံ ၏အစိုဓါတ်သည် ၇% အောက်လျှော့နည်းရမည်။ ကုလားပဲကို မသိုလှောင်ခင် ရှင်းလင်းသော နေရာ တွင် နေလှန်ခြင်းသည် အစိုဓါတ်ကို သေချာပေါက်လျှော့နည်းစေပါသည်။ သိုလှောင်သည့်အခါ သန့်ရှင်းသော (သို့) ပိုးသန့်ထားသော ဂုန်နီအိတ်ထဲတွင် သိုလှောင်သင့်သည်။ ဂုန်နီအိတ် အဟောင်း များကို ပြန်လည် အသုံးပြုပါက ဒိုင်ကလို ဗော့ ဝ.၀၅% (dichlorvos 0.05%)ကို ဖျန်း၍ အသုံးပြုသင့် သည်။ ကုလားပဲထည့်ထားသောအိတ်များကို သိုလှောင်နေစဉ်အတွင်း အစိုဓါတ် မဝင်အောင် ထိန်းသိမ်းသင့်သည်။ ပဲစေ့ထိုးပိုးမဝင်စေရန် သေချာစောင့်ကြည့်၍ လိုအပ်သည်များကို ပြင်ဆင်ထား ရမည်။

    ဘက်စုံ နည်းစနစ်များဖြင့် ကာကွယ်နှိမ်နှင်းခြင်း 

    🐛 ပဲစေ့ထိုးပိုးကို ကာကွယ်ရန် သင့်တော်သည့် ကာကွယ် နှိမ်နင်းခြင်းများကို လုပ်ဆောင်ရမည်။ ကုလားပဲ စေ့များကို ပဲစေ့ထိုးပိုး မကျရောက်စေရန် ရှေးရိုးရာ နည်းလမ်းများ ဖြစ်သော ပြာဖြင့် လူးနယ်ခြင်း၊ တမာရွက်ခြောက်များ၊ ကုလားပဲရိုးများ၊ ဂျုံရွက်ခြောက်များကို အသုံးပြု၍ လည်းကွယ် နှိမ်နင်းနိုင်သည်။ ကုလားပဲများကို စီးပွားဖြစ် သိုလှောင်ပါက ပဲစေ့ထိုးပိုး မကျရောက်စေရန် ဈေးကွက် ထဲတွင် အလွယ်တကူ ရရှိနိုင်သော မှိုသတ်ဆေးကို အသုံးပြု၍ သိုလှောင်ရုံများကို အလုံပိတ် မှိုင်းတိုက်၍ စနစ်တကျ ပိုးသန့်ထားသင့်သည်။ ပိုးသန့်ပေးခြင်းဖြင့် ပဲစေ့ထိုးပိုး၏ ကြီးထွားမှု အဆင့်အားလုံး ဥ၊ လောက်ကောင်၊ ရုပ်ဖုံးအဆင့် နှင့် ကြွက်များကိုပါ နှိမ်နင်းနိုင်သည်။ သိုလှောင်နေစဉ်အတွင်း ပဲစေ့ထိုးပိုးကျရောက်မှုကို ကာကွယ်ရန် ကုလားပဲကို နေရာင်အောက်တွင် ကောင်းစွာ အခြောက်လှန်း၍ အစိုဓါတ် ၇% အောက်တွင် ထား ရန်လိုအပ်ပါသည်။ နောက်ရာသီအတွက် မျိုးအဖြစ် ပြန်လည် အသုံးပြုမည်ဆိုပါက ပဲစေ့ထိုးပိုး ကျရောက်မှုကို ကြိုတင် ကာကွယ်ရန် မျိုးစေ့ထဲသို့ ပရုပ်လုံး ထည့်ထားခြင်းအားဖြင့် အသုံးပြုနိူင်ပါသည်။

    ပိုးသတ်ဆေးသုံးခြင်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း

    🐛 ပဲစေ့ထိုးပိုးသည် ကုလားပဲစေ့နှင့်အခြား ပဲမျိုးနွယ်ဝင်မျိုးစေ့များ သိုလှောင်သိမ်းဆည်းရာတွင် ဆိုးရွား စွာ ကျရောက်ဖျက်ဆီးတတ်ပါသည်။ ကုလားပဲမျိုးစေ့များအား ပဲစေ့ထိုးပိုးရန်မှ ကာကွယ် နှိမ်နှင်းရန် အတွက် လယ်ယာစိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထောက်ခံထားပြီး မြန်မာ ဘာသာအညွှန်းပါသည့် ပိုုးသတ်ဆေးများကို ဝယ်ယူအသုံးပြုပါ။ ပဲစေ့ထိုးပိုးရန်မှ ကာကွယ်ရန် အလျူမီနီယမ် ဖော့စဖိုက် (Aluminium Phosphide) ဆေးပြား ၂ပြားမှ ၆ပြားအား သိုလှောင်ကုန်ပစ္စည်း ၁ကုဗမီတာလျှင် ထည့်သွင်း အသုံးပြုနိူင်ပါသည်။ ကုန်ပစ္စည်း အစုအပုံများအား ပလတ်စတစ်ဖြင့် လေလုံအောင် ဖုံးအုပ်ပြီး သတ်မှတ် နှုန်းထားအတိုင်း အသုံးပြု၍ အဆိပ်ငွေ့မှိုင်း တိုက်ခြင်းဖြင့် သိုလှောင်ဖျက်ပိုး များစွာကို နှိမ်နှင်းနိူင်ပါသည်။ မြန်မာဘာသာဖြင့် ရေးထားသော အညွှန်းတွင် ပါရှိသည့် လမ်းညွှန်ချက်များအတိုင်း ဂရုတစိုက် လိုက်နာဖို့ လိုအပ်ပါသည်။


  • article
likes8comments0
views200views2021