cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်း နှမ်းနက်(စမုံ)လက်ကျန်နည်းနေကာ စျေးငြိမ်နေ

. သတင်းစုံ
လက်ရှိကာလတွင် တရုတ်ဘက်မှ လိုမှသာ ဝယ်ယူမှု ရှိ၍ ပြည်တွင်း၌ အရောင်းဝယ် သိပ် မရှိကြောင် နှမ်းexporterတစ်ဦး ကပြောသည်။
  • ပြည်တွင်း ၌ နှမ်းနက်(စမုံ)လက်ကျန်နည်းလာကာ စျေးငြိမ်နေကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။


    ယင်းအပြင် ယခင်က မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ ကို လည်း တင်ပို့ လေ့ရှိပြီး နှမ်းလက်ကျန်နည်းနေပြီး တချို့နိုင်ငံများမှာ တင်ပို့ရန်ခက်ခဲများ ရှိ သောကြောင့် တရုတ်နိုင်ငံ တခုတည်းက တင်ပို့ ရောင်းချလျက်ရှိ ကြောင်း သိရသည်။


    ထို့ကြောင့် ပြည်တွင် နှမ်းစျေးကွက်မှာ အဝယ်သိပ််မရှိ ကြောင်းလည်း နှမ်းကုန်သည်တချို့ကပြောသည်။


    “ နှမ်းကစျေးငြိမ်နေတယ်။နှမ်းအသစ် ပေါ်မှ ပဲပြန်စတော့မယ်။အခုကတရုတ်ဝယ်လက် တခုပဲ ရှိတယ်။ဒီစျေးမှာ ပဲ တန်းနေတာ ကြာပြီ ။တက်လဲ မတက်ဘူး ကျလဲ မကျဘူး ဖြစ်နေတယ်။ပစ္စည်းကလဲ သိပ်မရှိဘူး လိုတဲ့ အခါဝယ်ကြ မလိုတဲ့အခါ မဝယ်လိုက်ပေါ့ ။” ဟု အောင်လံမြို့မှ နှမ်းကုန်သည် ဦးအောင်မိုး ကပြောသည်။


    လက်ရှိ နှမ်းနက်(စမုံ)၄၅ပိသာ၀င် တစ်အိတ်ကို သုံးသိန်း ကျော် ဖြင့် စျေးငြိမ်နေသည့်မှာ ရက်အနည်းငယ် ကြာနေပြီဖြစ်ကြောင်းသိရသည်။


    လက်ရှိကာလတွင် တရုတ်ဘက်မှ လိုမှသာ ဝယ်ယူမှု ရှိ၍ ပြည်တွင်း၌ အရောင်းဝယ် သိပ် မရှိကြောင် နှမ်းexporterတစ်ဦး ကပြောသည်။


    “ ပစ္စည်းက မရှိလိုသာ ရှိရင်လဲ စျေးကွက်အေးသွားနိုင်တာပေါ့။အခုပစ္စည်းက မရှိတော့ မသွက်ဘူး ။မသွက်ဘူးဆိုပေမဲ့ လိုအပ်တဲ့အခါ ထထဝယ်တယ်။တရုတ်နိုင်ငံတခု တယ်ပဲ နှမ်းနက်(စမုံ)ကို တင်ပို့နေတယ်။ တရုတ်ဘက်ကို နယ်စပ်ကနေတဆင့် ပဲသွားနေတယ်။ဒါပေမဲ့ demand သိပ်မကောင်းဘူး။” ဟု မန္တလေးမြို့ မှ နှမ်းကုန်သည်တစ်ဦးကပြောသည်။


    ပြည်တွင်းနှမ်း များကို တစ်နှစ်လျှင် တရုတ်ဘက်သို့ တန်ချိန် ၃သိန်းခန့် တင်ပို့လျှက်ရှိကြောင်းသိရသည်။


    နှမ်းစျေးကွက် မှာ အက်စစ်အောင်သည့် နှမ်းများသာ အဓိက ထား အရောင်းအဝယ် လုပ်ကြပြီး လက်ရှိ အက်စစ်အောင်သည့် နှမ်းမှာလည်း စျေးကွက်တွင် မရှိတော့ ကြောင်း သိရသည်။


    နှမ်းအသစ်များ မှာ စက်တင်ဘာ လ လယ်ခန့် မှသာ ပြန်လည်ပေါ်မည်ဖြစ်ပြီး နှမ်းစိုက်ချိန်က မိုးခေါင်းခဲ့သည့် အတွက်အထွက်နှုန်း ကျဆင်းနိုင်ကြောင်းသိရသည်။


    သို့သော် နောက်ပိုင်း မိုးပြန်လည်ဆက်တိုက်ရွာသွန်း လာပါက အထွက်နိုင်ကျဆင်းနိုင်မည် မဟုတ်

    ကြောင်း သုံးသပ်ကြသည်။


    ဖိုးချဲ(AMIA)

    Exclusive Content For Htwet Toe - ထြက္တိုး

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views64views2037