cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်း

. စိုက်ပျိုးနည်းစနစ်များ
အစေ့ထုတ်ပြောင်းသည် မြေတွင်းရှိ အာဟာရဓါတ် စုပ်ယူစားသုံးမှုများသော သီးနှံဖြစ်သည်။ထို့ကြောင့် မြေဆီသြဇာ ထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့တွင် အထွက်နှုန်းပိုကောင်းသည်။ရှမ်းပြည်နယ်တွင် မြေနီသဲဝန်း၊ သဲနုန်းမြေများ၊ အစိုဓါတ်ထိန်းသိမ်းနိုင်ပြီး ရေမဝပ်သော ရေစီးရေလာကောင်းသော မြေများတွင် ဖြစ်ထွန်းမှုရှိသည်။မြေချဉ်ငန်ဓါတ် (၅.၅-၇.၅)အတွင်း ကြိုက်နှစ်သက်သည်။

  • မျိုးများ

    စိုက်ပျိုးသင့်သောမျိုးများမှာ တောင်ပေါ်ဒေသများတွင် ဆင်းရွှေလီစပ်မျိုး၊ ဧကရီ၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၅)၊ ၈၈၈မျိုး၊ ၉၉၉မျိုး တို့ဖြစ်သည်။ မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊ စူဝမ်(၃)၊ ရေဆင်းစပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၄) တို့ဖြစ်သည်။

    ရေမြေရာသီဥတု

    အစေ့ထုတ်ပြောင်းသည် မြေတွင်းရှိ အာဟာရဓါတ် စုပ်ယူစားသုံးမှုများသော သီးနှံဖြစ်သည်။ထို့ကြောင့် မြေဆီသြဇာ ထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့တွင် အထွက်နှုန်းပိုကောင်းသည်။ရှမ်းပြည်နယ်တွင် မြေနီသဲဝန်း၊ သဲနုန်းမြေများ၊ အစိုဓါတ်ထိန်းသိမ်းနိုင်ပြီး ရေမဝပ်သော ရေစီးရေလာကောင်းသော မြေများတွင် ဖြစ်ထွန်းမှုရှိသည်။မြေချဉ်ငန်ဓါတ် (၅.၅-၇.၅)အတွင်း ကြိုက်နှစ်သက်သည်။မိုးရေချိန်လက်မ (၃၅-၄၅) ရှိပြီး ညီညွတ်မျှတစွာ ရွာသွန်းမှုရှိပါက ပိုကောင်းသည်။သို့ရာတွင် ပြောင်းပင် ၁လသားအရွယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု မမိစေရန် ဂရုစိုက်ရမည်။ရေဝပ်မှု မရှိစေရန်လည်း ကြိုတင်ဆောင်ရွက်ထားရမည်။

    စိုက်ပျိုးချိန်

    ပြောင်းစိုက်ပျိုးချိန်သည် အရေးကြီးသည်။မိုးများတတ်သည့် လများဖြစ်သော ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အပင်သက်တမ်းရနေမှသာ မိုးဒဏ်ခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိုးရာသီတွင် စိုက်ပျိုးမည်ဆိုပါက ဧပြီလလယ်မှ မေလကုန်အပြီး စိုက်သင့်ပြီး ဆောင်းရာသီ စိုက်ပျိုးမည်ဆိုပါက အောက်တိုဘာလ၊နိုဝင်ဘာလကုန်အပြီး စိုက်ပျိုးသင့်သည်။

    မြေပြုပြင်ခြင်း

    မြေပြုပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ထွန်ရန် အရေးကြီးသည်။မိုးတွင်းပြောင်းစိုက်မည်ဆိုပါက မိုးကြိုထယ်ရေးဝင်ပေးနိုင်လျှင် ပိုကောင်းသည်။မြေမပြုပြင်မီ နွားချေးမြေဆွေး (၁၀-၁၅)စီးအထိ ချပေးရမည်။တောင်စောင်း၊ တောင်ကုန်းများတွင် မြေပြုပြင်ချိန် ပေါက်ပြားများဖြင့် (၂.၅)ပေ အကွာမြောင်းများ ပြုလုပ်၍ မြောင်းများတွင် သဘာ၀ နွားချေးမြေသြဇာမျာ လိုက်၍ချပေးရမည်။ယူရီးယား ၂အိတ်၊ တီစူပါ ၂အိတ်၊ ပိုတက်ရှ် အိတ်တစ်ဝက် အသုံးပြုရန်လိုအပ်သည်။ တီစူပါနှင့် ပိုတက်ရှ်မြေသြဇာကို မြေပြုပြင်ချိန်တွင် မြေခံအဖြစ် တစ်ကြိမ်တည်း ထည့်သွင်းပေးရမည်။ယူရီးယားမြေသြဇာအား မြေပြုပြင်ချိန်တွင် မြေခံအဖြစ် တစ်ကြိမ်၊ အပင်ကြီးထွားချိန် ၁လသားတွင် တစ်ကြိမ်၊ ပန်းမပွင့်မှ တစ်ကြိမ်၊ ပြောင်းဖူးစေ့အစာဖြည့်သွင်းချိန်တွင် တစ်ကြိမ်ထည့်ပေးရမည်။

    စိုက်ပျိုးခြင်း

    နွေထွန်ရေးခံထားသော စိုက်ကွင်းများတွင် မိုးရာသီမြေပြုပြင်ချိန်တွင် မိုးရာသီ အစေ့ထုတ်ပြောင်းစိုက်ရန် အကောင်းဆုံးဖြစ်သည်။နွေထွန်ရေး မခံနိုင်ပါက မိုးကြိုထွန်ရေးခံခြင်းဖြင့် ထွန်ရေးကောင်းပြီး အစိုဓါတ်ပိုရရှိသဖြင့် အထွက်နှုန်းကောင်းစေသည်။တောင်ကုန်းတောင်စောင်းများတွင် မထွန်ယက်နိုင်ပါက ပေါက်ပြားဖြင့် ထွန်ရေးကောင်းကောင်း မြေပြုပြင်ပြီး တစ်တန်းနှင့် တစ်တန်း ၂ပေခွဲ၊ တစ်ပင်နှင့် တစ်ပင် ၉လက်မခြား၍ မျိုးစေ့ချပေးရမည်။တစ်ကျင်းလျှင် တစ်စေ့နှုန်းသာ ချပေးရမည်။ မေလ၊ ဇွန်လများတွင် ရွာသွန်းသော မိုးရေတွင် စိုက်ပျိုးထားသော အပင်များကို ၁၄ရက်အတွင် အချိန်မီ သားခွဲပေးရမည်။ပင်ခြေမြေဆွပေးရန် အထူးလိုအပ်ပြီး အချိန်မီ သားမခွဲဘဲ နောက်ကျမှ အပင်သားခွဲပါက အထွက်နှုန်းကျဆင်းသွားတတ်သည်။

    အပင်ပြုစုခြင်း

    တစ်ပင်လျှင် စံနှုန်းပြည့် တစ်ဖူးနှုန်းရရှိစေရန် အပင်သက်တမ်း(၃၅-၄၀) ရက်သားအတွင်း ဘောင်တင်မြေတောင်မမြှောက်မီ ယူရီးယား ၂၈ ပေါင်ကို နွားချေးဆွေးနှင့် ရော၍ စိုက်တန်းများကြားတွင် ချပြီး မြေတောင်မြှောက်ပေါင်းတင်ပေးရမည်။ ထိုသက်တမ်း အရွယ်မှာပင် အဖိုနှံသည် လျင်မြန်စွာကြီးထွားလာပြီး ပင်စည်ခြောက်ဆစ်မှစ၍ ပြောင်းဖူးအစို့သားလောင်းများ ထွက်လာသည်။၎င်းကြီးထွားရန် အတွက် အစိုဓါတ်နှင့် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ပိုတက်စီယမ် ဓါတ်များလိုအပ်သည်။အပင်သက် ၈ပတ်သားအရွယ်တွင် အဖိုနှံများ စတင်ထွက်လာပြီး (၆၀-၆၆) ရက်သားတွင် အဖိုနှံမှ အဖိုဝတ်မှုန်များ စတင်ကွဲထွက်လာသည်။ ထိုအချိန်တွင် မမြိတ်ဆာများ လည်း ပြောင်းဖူး အပြင်သို့ထွက်လာသည်။ ထိုအမအမြိတ်များပေါ်သို့ အမဝတ်မှုန်များ ကျရောက်ပြီး မျိုးအောင်သည်။ထိုအချိန်တွင် ပင်ပိုင်းကြီးထွားမှုမှာလည်း ရပ်တန့်သွားသည်။မျိုးအောင်ပြီး ၁၂ရက်မှစတင်၍ ပြောင်းစေ့သားလောင်း စတင်ကြီးထွားပြီး အစေ့အတွင်း ကစီဓါတ် ဖြည့်တင်းသည်။ အမမြတ်ဆာထွက်လာပြီး ၂၄ရက်သားခန့်တွင် အစေ့မှာ ရာနှုန်းပြည့်ကြီးထွားလာပြီး အစာဖြည့်တင်းမှု ရပ်ဆိုင်းသွားသည်။ပြောင်းစေ့အတွင်း ကစီဓါတ်ဖြည့်တင်းချိန်တွင် အရွက်ကချက်လုပ်သော အစာ၏ ၆၀% ကို အစေ့ဖြစ်စေရန်အတွက် အသုံးချသည်။ထိုအချိန်တွင် အောင်စေ့များစေရန်အတွက် ယူရီးယား ၂၅ပေါင်ကို နွားချေးဆွေးနှင့် ရော၍ကျွေးရမည်။

    ကာကွယ်ခြင်း

    ပြောင်းဖူးပင် ၄၅ရက်သား အရွယ်တွင် ရွက်စားပိုးနှင့် ခေါင်ညွန့်ထိုးပိုးများကျရောက်တတ်သည်။ ပန်းပွင့်ချိန်တွင် ပိုးဖြတ်ပါက ပျပိုးများ ကျရောက်တတ်သည်။ ကြွက်၊ ကြက်တူရွေးနှင့် ရှဉ့်တို့သည် နို့ရည်တည်ချိန်တွင် ဖျက်ဆီးတတ်သဖြင့် ဆေးဖျန်းခြင်း၊ခြောက်လှန့်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ပြောင်းများ အဝါရောင်သန်းပြီး ပြောင်းရိုးအညှာတွင် အညိုရောင်ကွင်း မတွေ့ရမီ ၁၀ရက်ခန့် အလိုတွင် အပင်ကြားရှိပေါင်းများကို ပေါင်းသတ်ဆေးဖျန်း၍ နှိမ်နင်းပေးရမည်။

    ရိတ်သိမ်းခြင်း

    အစေ့ထုတ်ပြောင်းဖူးဖက် အဝါရောင်သန်းပြီး အဖူးအညှာတွင် အညိုရောင်ကွင်းပေါ်လာပါက ရိတ်သိမ်းသင့်သည်။ထိုအချိန်တွင် အစေ့တွင်း အစိုဓါတ် (၂၅-၃၅)% ခန့် ရှိနိုင်သဖြင့် ဖက်ကို ချက်ချင်းခွာပြီး (၅-၇) ရက်ခန့် ခပ်ပါးပါးနေလှန်းပေးပါ။အစေ့ချွေပြီးပါက တစ်နေထပ်လှန်းပြီး အဖျင်း၊ အမှော်၊ လုံးပိန်၊ လုံးညှပ်များကို သန့်စင်ရမည်။ မျိုးစေ့အဖြစ်ထားရှိပါက မျိုးစေ့ ၁ကီလိုကို ဟိုမိုင်းမှိုသတ်ဆေး ၁ကီလိုနှင့် ရောနယ်၍ အိတ်သွတ်သိုလှောင်နိုင်သည်။

    အောင်ဝင်းထွဋ်

    လယ်ယာသီးနှံစိုက်ပျိုးနည်း စာအုပ် မှ ကောက်နှုတ်တင်ပြထားပါသည်။

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - bit.ly/fbhtwettoe


  • article
likes11comments0
views91views1878