cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၃၁ ၇.၂၀၂၃ မှ ၄.၈.၂၀၂၃ရက်နေ့ထိဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
-မတ်ပဲစျေး အရင်အပတ်တွေထဲက ဆက်တိုက်မြင့်လာ
-ပဲစင်းငုံနီ လက်ကျန်လည်း မရှိစျေးနူန်းခုန်တက်
-ကုလားပဲ ဈေးကွက်ထဲအဝင်နည်း၊အဝယ်သွက်နေတဲ့ အတွက်ဆက်တိုက်ဈေး မြင့်တက်
-ထောပတ်ပဲစျေး ဆက်တိုက်တက်လာ
-စွန်တာပဲစျေးကျနေရာမှခုတပတ်မှာ စျေးပြန်တက်လာ
-ကြက်သွန်ဖြူ တရုတ်ကဝင်နည်းလို့အမြင့်စျေးမှာပဲရှိ
  • မတ်ပဲ


    မတ်ပဲကတော့ အရင်အပတ်တွေထဲက စျေးတွေဆက်တိုက်မြင့်လာပြီး လက်ရှိမှာ ပိဿာ ၂၀ တစ်တင်းကို ၇၇၆၀၀ ကျပ်ထိ စျေးတက်လာ ပါတယ်။ မတ်ပဲက တောင်သူတွေလက်ထဲမှာ သိပ်မရှိတော့တာကြောင့် စျေးကွက်ထဲ အရောင်းအဝယ်နည်းနေတယ်လို့ ပဲကုန်သည် တွေဆီက သိရပါတယ် ။


    ရန်ကုန်ဈေးကွက်မှာလည်း မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၃၇၇၀၀၀ စျေးတန်းဖြစ်လာပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၇၀၀၀၀ ကျော် ထပ်မံစျေးမြင့်တက်လာတာဖြစ်ပါတယ်။


    မန္တလေးဈေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်စျေးရှိတာကြောင့် အရင်တပတ်နဲ့ယှဥ်ရင် တစ်အိတ် ၂၀၀၀၀ စျေးတက်လာပါတယ်။



    ပဲစင်းငုံနီ


    စျေးတန်းငြိမ်နေတဲ့ ပဲစင်းငုံနီကလည်း ၂၀၀၀၀ တန်ထုတ်အပြီးမှာ စျေးနူန်းခုန်တက်လာပါတယ်။ ပဲစဥ်းငုံနီဟာ အိန္ဒိယ နိုင်ငံကိုအဓိကတင်ပို့နေရတာဖြစ်ပြီး လက်ရှိ ပဲစဥ်းငုံနီဟာ ဈေးကွက်မှာ လက်ကျန်လည်း မရှိတာကြောင့် အရောင်းအဝယ်လည်း မရှိတဲ့အခြေအနေဖြစ်နေတယ်လို့ စျေးကွက် အရသိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို အရင်ပတ်က သိန်း ၃၀ ရှိခဲ့ရာကနေ လက်ရှိမှာ တစ်တန်ကို ၃၂ သိန်း ၄၂၅၀၀ ကျပ် အထိစျေးတက်လာလို့ တစ်တန်ကို ၂ သိန်း ၄၀၀၀၀ ကျော် မြင့်တက်လာပါတယ်။

    အလားတူ စျေးကွက်မဖွင့်ခဲ့တဲ့ မန္တလေးစျေးကွက်မှာလည်း ခုတပတ်မှာတော့ ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၀၅၀၀၀ ကနေ ၃၁၀၀၀၀ ကျပ်နဲ့ စျေးဖွင့် လာပါတယ်။


    အောင်လံကုန်စည်ဒိုင်နဲ့ ပခုက္ကူ ကုန်စည်ဒိုင် မှာလည်း ပဲစဥ်းငုံနီ ပိဿာ ၂၀ တစ်တင်းကို ၁၀၁၅၀၀ ကျပ်စျေးပေါက် နေပါတယ်။


    ကုလားပဲ


    ကုလားပဲကတော့ ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ လက်ရှိမှာ ကုလားပဲက ဈေးကွက်ထဲကို အဝင်နည်းပေမယ့် အဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်နေသလို ငွေစျေးမတည်ငြိမ်မှု ကြောင့်လည်း စျေးတန်းကအမြင့်ဘက်မှာရှိနေတာဖြစ်တယ်လို့သိရပါတယ်။ ကုလားပဲကပြည်ပ ကနေ လည်း တင်သွင်းနေရတာပါ။


    ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူ နဲ့ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၄၅၀၀ ကနေ ၄၅၈၅ ကျပ် စျေးတန်တူရှိနေရာ အရင်တပတ်နဲ့ယှဥ်ရင် တစ်ပိဿာ ကို ၁၀၀ ကျပ်အထက် မြင့်တက်လာပါတယ်။


    မန္တလေးဈေးကွက်မှာလည်း ကုလားပဲ ၉၂၉ ကတော့ တစ်အိတ်ကို ၂၆၂၀၀၀ ပေါက်ဈေးရှိပြီးတစ် အိတ်ကို ၃၀၀၀ ကျပ်၊ကုလားပဲ(V2)ကတော့ တစ်အိတ်ကို ၂၆၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်၊V7 ကတော့ တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၈၀၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။


    ထောပတ်ပဲ


    အရင်တပတ်ကစပြီး မြင့်တက်လာတဲ့ ထောပတ်ပဲက ခုတပတ်မှာလည်း စျေးတန်းက ဆက်တိုက်တက်လာတာတွေ့ရပါတယ်။ ထောပတ်ပဲက ပြည်ပကလည်း အဝယ်ရှိသလို ဈေးကွက်ထဲ လည်း ပဲ အဝင်နည်းတာကြောင့် ဈေးက ထပ်ပြီး မြင့်တက်လာတာဖြစ် တယ်လို့သိ ရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၅၂၀ ကျပ်စျေးရှိပြီး အရင်ပတ်ကထက် တစ်ပိဿာကို ၃၅၀ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။


    မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၃၀၀၀၀၀ ကနေ ၃၄၀၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀၀ ကျပ်စျေးတက်လာပါတယ်။


    စွန်တာပဲ


    စျေးကျနေတဲ့ စွန်တာပဲလည်း ခုတပတ်မှာ စျေးပြန်တက်လာပါတယ်။


    ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၈၆၅ကနေ ၃၀၄၅ ပေါက်စျေးရှိပြီး အရူ်ပတ်ကထက် တစ်ပိဿာကို ၁၇၅ ကျပ် မြင့်တက်လာတာဖြစ်ပါတယ်။


    မန္တလေးဈေးကွက်မှာလည်း စွန်တာ (ရိုးရိုး)က တစ်အိတ်ကို ၁၆၀၀၀၀ စျေးတန်းဖြစ်လာပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊စွန်တာ(ကသဲ)ကတော့ တစ်အိတ်ကို ၁၇၀၀၀၀ စျေးတန်းရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးပြန်တက်လာပါတယ်။


    ကြက်သွန်ဖြူ


    ကြူကုတ် ကြက်သွန်ဖြူက တော့ တရုတ်က အဝင်ရှိနေပေမယ့်လည်း နည်းတဲ့အတွက် စျေးတန်းက အမြင့်မှာပဲ ရှိနေပါတယ်။


    ရန်ကုန်စျေးကွက်မှာ ကြူကုတ်ရှယ် တစ်ပိဿာကို ၇၁၀၀ ကနေ ၇၂၀၀ စျေးပေါက်ပြီး လက်လီစျေးကွက်မှာ ၇၅၀၀ ကနေ ၉၀၀၀ အထိ စျေးတန်းရှိနေပါတယ်။တစ်ရက်ကို အိတ်ရေ ၆၀၀ ဝင်နေပြီး ကုန်ချိန် ၁၈၀၀၀ လောက် ပုံမှန်အဝင်ရှိတယ်လို့သိရပါတယ်။


    ထန်းလျက်


    ထန်းလျက်ကတော့ လက်ရှိမှာ အညာဘက်မှာ ကုန်ကြမ်းရှားလို့ ထုတ်လုပ်နိုင်မှု ကျပြီး ဈေးကွက်ထဲ အဝင်နည်းတာ ကြောင့် ဈေးတွေက ထပ်မံ မြင့်တက်လာပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၃၅၀၀ ကနေ ၃၈၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကိ အရင်ပတ်ကထက် ၁၀၀ ကနေ ၁၅၀ တက်လာပါတယ်။


    လက်လီစျေးကွက်မှာ မုန့်လုပ်ထန်းလျက်၊အရောအနှော ထန်းလျက်တောင် တစ်ပိဿာကို ၄၀၀၀ ကျပ်အထိ အနည်းဆုံးစျေးရှိနေပါတယ်။

    AMIA

    Exclusive Content For Htwet Toe - ထြက္တိုး


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes8comments0
views138views1963