cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပါတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
မအူပင်မြို့နယ်တွင် ဩဂုတ် ၉ရက်နေ့မှ လွဲ၍ ဩဂုတ် ၅ရက်နေ့မှ စတင်ကာ ၁၀ရက်နေ့ထိ မိုးများ ရွာသွန်းရန် ၉၀ရာခိုင်နှုန်း ဖြစ်ပါသည်။
  • ၁။ဟင်္သာတမြို့နယ်

    ဟင်္သာတမြို့နယ်တွင် ဩဂုတ် ၄ရက်နေ့မှာ ဩဂုတ် ၈ ရက်နေ့ထိ အမြင့်ဆုံး ၇၈ မှ အနိမ့်ဆုံး၆၀ ရာခိုင်နှုန်းသာ မိုးရွာသွန်းနိုင်ပါသည်။ ဩဂုတ် ၉ ၊၁၀ နေ့များမှာတော့ ၉၅ ရာခိုင်နှုန်း မိုးပြန်လည်ရွာသွန်းနိုင်ပါသည်။

    ၂။လပွတ္တာမြို့နယ်

    လပွတ္တာမြို့နယ်တွင် ဩဂုတ် ၄ရက်နေ့မှ ဩဂုတ် ၆ ရက်ထိ မိုးရွာရန် ၇၀ ရာခိုင်နှုန်းသာရှိပါမည်။ ဩဂုတ် ၇၊ ၈၊ ၉၊ ၁၀ ရက်များမှာ ရာနှုန်းပြည့်နီးပါး မိုးများ ပြန်လည်ရွာသွန်းနိုင်ပါသည်။

    ၃။ မအူပင်မြို့နယ်

    မအူပင်မြို့နယ်တွင် ဩဂုတ် ၉ရက်နေ့မှ လွဲ၍ ဩဂုတ် ၅ရက်နေ့မှ စတင်ကာ ၁၀ရက်နေ့ထိ မိုးများ ရွာသွန်းရန် ၉၀ရာခိုင်နှုန်း ဖြစ်ပါသည်။

    ၄။မြောင်းမြမြို့နယ်

    မြောင်းမြမြို့နယ်တွင် ဩဂုတ် ၄ မှ ၆ ရက်နေ့အထိ မိုးရွာသွန်းရန် ၇၀ ရာခိုင်နှုန်းသာ ရှိပါသည်။ ဩဂုတ် ၇၊ ၈၊ ၉၊ ၁၀ ရက်များမှာ မိုးရွာသွန်းရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါသည်။

    ၅။ပုသိမ်မြို့နယ်

    ပုသိမ်မြို့နယ်တွင် ဩဂုတ်၅ရက်နေ့တွင် မိုးရွာရန် ၄၈ ရာခိုင်နှုန်းသာရှိပြီး ဩဂုတ် ၆ မှ ၁၀ ရက်‌နေ့အထိ မိုးရွာသွန်းရန် ရာနှုန်းပြည့်နီးပါး ဖြစ်ပါသည်။

    ၆။ဖျာပုံမြို့နယ်

    ဖျာပုံမြို့နယ်တွင် ဩဂုတ်လ ၈ရက်နေ့အထိ မိုးများ ၉၀ ရာခိုင်နှုန်းကျော် ရွာသွန်းနေနိုင်ပါသည်။ ဩဂုတ်လ ၉၊ ၁၀ နေ့များမှာတော့ မိုးရွာသွန်းရန် ၆၀ ရာခိုင်နှုန်းသာ ရှိပါတော့မည်။

    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်များ 

    -      ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်သော‌ ဒေသများတွင် စပါးစိုက်ခင်းအတွင်း ရေများနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။ စပါးပင်ပွားကြီးထွားလာသည့် ကာလဖြစ်သည့်အတွက်ကြောင့် သွင်းအားစု ထည့်သွင်းသည့်အခါ စိုက်ခင်းမှ ရေထုတ်ပြီးမှသာလျှင် အသုံးပြုသင့်ပါသည်။

    -      ပုလဲမြေဩဇာ တစ်မျိုးတည်း ကျွေးခြင်းထက် အာဟာရစုံ ပါဝင်သည့် ကွန်ပေါင်း ဓါတ်မြေဩဇာများနှင့် ပုလဲမြေဩဇာကို ရောကျွေးပါ။ ဓါတ်မြေဩဇာ တစ်ချိုးကို သဘာဝမြေဩဇာ (နွားချေးဆွေး၊စပ်မြေ၊ကြံမြှပ်ချေး၊ဘိုကာရှီစသည်ဖြင့်) သုံးချိုးဖြင့် ရောနှပ်၍ ကျွေးပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။

    -      ဘတ်တီးရီးယား ရွက်ဖျားခြောက်နှင့် ရွက်ညိုပြောက်ရောဂါတို့ကို ကြိုတင်ကာကွယ်ပါ။ စပါးဘတ်တီးရီးယား ပင်စည်ပုပ်၊ရွက်ဖုံးပုပ် ရောဂါများကိုလည်းဂရုပြုပါ။ ဘတ်တီးရီးယားရောဂါများ ကျရောက်နေသော စပါးစိုက်ခင်းတွင် ပုလဲမြေဆီ မသုံးစွဲသင့်ပါ။ ရောဂါကျနေသော စပါးစိုက်ခင်းမှ ရေများအား တခြားစပါးခင်းသို့ မဝင်ရောက်စေရပါ။

    -      စပါးဂုတ်ကျိုး ရောဂါသည်လည်း ပင်ပွားကာလမှစပြီး ကျရောက်တတ်သဖြင့် မှိုသတ်ဆေးများ အသုံးပြုနှိမ်နင်းခြင်း ပြုလုပ်သင့်ပါသည်။

    -      စပါးပင်ပိုင်း ကြီးထွားသည့် အဆင့်တွင် ပိုးမွှားအနေဖြင့် ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်လိပ်အိမ်ပိုး၊ကျိုင်းကောင်များ နှင့် ဆစ်ပိုးများ ကျရောက်မှု ဖြစ်ပွားနိုင်ပါသည်။ စပါးရွေးချယ် ပေါင်းသတ်ဆေး အသုံးပြုလျှင်လည်း စပါးခင်း ရေများနေချိန် အသုံးမပြုသင့်ပါ။

    -      သွင်းအားစု ထည့်သွင်းရာတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေး တို့ဟာ အသုံးပြုပြီး အနည်းဆုံး ၄နာရီအထိ အပင်ပေါ်ရှိနေမှ အစွမ်းပြတာကြောင့် ယခုလို မိုးရာသီကာလမှာ သွင်းအားစုများကို အသုံးမပြုမှီ ရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်ထည့်ပါ။

    -      မိုးရာသီကာလ ဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ထည့်သုံးပေးပါ။ 

    -      ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။

    Source:CIAT




  • article
likes9comments0
views124views1936