ဒုတ္တာမှိုသတ်ဆေး (ဘော်ဒိုဆေးရည်) ပြုလုပ်နည်း
၂။ မဖောက်ထုံး – ၁၀ ကျပ်သား
၃။ ရေ – ၁၀ ပိဿာ
(၄) ဂါလံ ဆေးဖျန်းပုံးအတွက် လိုအပ်သောပစ္စည်းများ
၁။ ဒုတ္တာ – ၁၀ ကျပ်သား
၂။ မဖောက်ထုံး – ၁၀ ကျပ်သား
၃။ ရေ – ၁၀ ပိဿာ
သတိပြုရန်
• မဖောက်ထုံးကို ဖောက်ပြီး ချက်ခြင်း သုံးစွဲရမည်။
• လေမသလပ်စေရပါ။ အလွယ်တကူ အနည်ထိုင်စေသဖြင့် မကြာခဏမွှေပေးပါ။
• ဖျော်စပ်ပြီး (၂၄) နာရီအတွင်း သုံးစွဲရန်။
• မြေ၊ စဉ့်၊ ကြွေ၊ ပလပ်စတစ်၊ သစ်သားစည်ပိုင်း၊ အိုးခွက်၊ ပုံးများသာ အသုံးပြုရန်။
• ဆေးဖျန်းပုံးကို အသုံးပြုပြီးပါက ပြောင်စင်အောင်ဆေးပါ။
• မိုးရွာစဉ်၊ အလွန်ပူပြင်းခြောက်သွေ့လွန်းချိန်၊ အပင်ရေငတ်၍ အားနည်းညှိုးနွမ်းချိန်များတွင် မပက် ဖျန်းသင့်ပါ။
ကာကွယ်နိုင်သော ရောဂါများ
• စပါးဂုတ်ကျိုး၊ စပါးရွက်ပြောက်ရောဂါ၊ မြေပဲရွက်ပြောက်ရောဂါ၊ ပဲမျိုးစုံမှဲ့ပြောက်စွန်းရောဂါ။
Source - စိုက်ပျိုးရေးဦးစီးဌာန
သီးနှံပင် စိုက်ပျိုးနည်းများ၊ ပိုး/ရောဂါကာကွယ်နှိမ်နင်းနည်းများ၊ စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - bit.ly/fbhtwettoe


