cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တောင်သူဦးကြီးတို့အတွက် သတိထားစရာ ပိုးစေးနှဲ

. ပိုးမွှား
ပိုးရဲ့အမည်က မီလီဂျပိုးဖြစ်ပြီး ဒေသအခေါ်အဝေါ်အနေနဲ့ ပိုးစေးနှဲဖြစ်ပါတယ်။ ပိုးစေးနှဲအနေနဲ့ အသိများတဲ့ အင်းဆက်မျိုးစိတ်ပေါင်း ရာကျော် ရှိပါတယ်။ သေးငယ်တဲ့ ဘဲဥပုံသဏ္ဍာန်ရှိပြီး စုပ်စားပိုးအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ပိုးစေးနှဲတို့ဟာ အခြားကြေးခွံပါရှိတဲ့ ပိုးမွှားတို့ပုံစံမျိုးဖြစ်ပြီး မတူတာက သူတို့မှာက နူးညံ့တဲ့ ခန္ဓာကိုယ်၊ ဖယောင်းလွှာ၊ အဆစ်ဆစ်ပုံသဏ္ဍာန်မျိုး ရှိနေတာ ဖြစ်ပါတယ်။
  • မြန်မာအမည် - ပိုးစေးနှဲ 

    အင်္ဂလိပ်အမည် - Mealybug  

    မျိုးရင်း - Pseudococcidae  

    ပိုးရဲ့အမည်က မီလီဂျပိုးဖြစ်ပြီး ဒေသအခေါ်အဝေါ်အနေနဲ့ ပိုးစေးနှဲဖြစ်ပါတယ်။ ပိုးစေးနှဲအနေနဲ့ အသိများတဲ့ အင်းဆက်မျိုးစိတ်ပေါင်း ရာကျော် ရှိပါတယ်။ သေးငယ်တဲ့ ဘဲဥပုံသဏ္ဍာန်ရှိပြီး စုပ်စားပိုးအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ပိုးစေးနှဲတို့ဟာ အခြားကြေးခွံပါရှိတဲ့ ပိုးမွှားတို့ပုံစံမျိုးဖြစ်ပြီး မတူတာက သူတို့မှာက နူးညံ့တဲ့ ခန္ဓာကိုယ်၊ ဖယောင်းလွှာ၊ အဆစ်ဆစ်ပုံသဏ္ဍာန်မျိုး ရှိနေတာ ဖြစ်ပါတယ်။  

    အမ ပိုးစေးနှဲတစ်ကောင်ကနေ အဥ (၃၀၀-၆၀၀) အထိ ဥနိုင်ပြီးတော့ ရက်အနည်းငယ်အတွင်း ဒီဥတွေက ပေါက်ပွားကြပါတယ်။ ပေါက်လာတဲ့အကောင်တွေက (၆-၁၀) ပတ်အတွင်း အဥပြန်ဥတဲ့ အကောင်ကြီးအဆင့် ပြန်ရောက်နိုင်တာကြောင့် သူတို့ဘဝစက်ဝန်းက အရမ်းမြန်ပါတယ်။ အရွယ်ရောက် အမပိုးစေးနှဲကောင်တွေဟာ ပိုးတုံးလုံးအဆင့်နဲ့ ဆင်တူပြီး အတောင်ပံမရှိပါဘူး။ အရွယ်ရောက်အဖိုပိုးစေးနှဲကတော့ သူ့နောက်ကျောဘက်မှာ အတောင်နှစ်ခုနဲ့ ဖြစ်ပြီး အပြင်မှာ တွေ့ရခဲပါတယ်။ ပိုးစေးနှဲမျိုးစိပ်အများစုဟာ မိတ်လိုက်မှုမရှိဘဲ လိင်မဲ့မျိုးပွားတတ်ကြပါတယ်။ (၂၁-၃၂) ဒီဂရီဆဲလ်စီယပ် အတွင်းမှာ ကောင်းကောင်းရှင်သန် ပေါက်ဖွားကြပါတယ်။ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ ပေါက်ပွားကြပါတယ်။ 

    ဘယ်အချိန်၊ ဘယ်လိုသီးနှံတွေမှာ တိုက်ခိုက်တာလဲ။ 

    နိုက်ထရိုဂျင်အကျွေးများချိန်၊ အပင်နုပျိုချိန်၊ ပင်စည်နုနဲ့ရွက်နုရှိချိန်၊ ရေသွင်းများချိန် တို့မှာ အပင်တွေက အရည်ရွှမ်းနေတာကြောင့် စုပ်စားပိုးဖြစ်တဲ့ သူတို့အတွက် တိုက်ခိုက်ဖို့ ကြိုက်နှစ်သက်တဲ့ အနေအထားဖြစ်လာပါတယ်။ ရှောက်၊ သံပုရာ၊ သင်္ဘော စတဲ့ နှစ်ရှည်ပင်တွေ၊ အပူလျော့ပိုင်းစိုက်အပင်တွေ၊ ရုံးပတီစတဲ့ greenhouse အပင်တွေ၊ ပဲ၊ နှမ်း၊ ဝါ၊ ငရုတ်၊ မြက် စတဲ့ ကွင်းပြင်စိုက်အပင်‌တွေ၊ အရည်ရွှမ်းတဲ့ အလှစိုက်အပင်တွေ စသဖြင့် အပင်မျိုးစုံမှာ ကျရောက်နိုင်ပါတယ် ။ ပိုးစေးနှဲဟာ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုကို ကြိုက်နှစ်သက်တာကြောင့် မိုးကြိုနှမ်း၊ နွေနှမ်းစိုက်ခင်းတွေမှာ မိုးဆက်တိုက်ရွာပြီဆိုရင် ကျရောက်တတ်ပါတယ်။ ကျရောက်တဲ့ အပင်အမျိုးအစားအလိုက် ပိုးစေးနှဲမျိုးစိပ်တွေလည်း အမျိုးမျိုးဖြစ်ပါတယ်။ အပင်တော်တော်များများရဲ့ အရည်ကို စုပ်ယူစားသောက် ဖျက်ဆီးနိုင်ပါတယ်။  

    မြောက်ပိုင်းရာသီဥတုတွေအတွက်ဆိုရင် သူက အိမ်တွင်းစိုက်အပင်တွေ၊ ဖန်လုံအိမ်တွင်းစိုက်အပင်တွေမှာ တိုက်ခိုက်တတ်ပါတယ်။ ကွင်းပြင်စိုက်အပင်တွေမှာ တွေ့ရခဲပါတယ်။ သိုပေမယ့် မြန်မာနိုင်ငံအပါအဝင် ပူနွေးတဲ့ရာသီဥတုရှိတဲ့ဒေသတွေမှာတော့ သီးနှံအားလုံးကို အန္တရာယ်ပေးနိုင်ပါတယ်။ 

    တိုက်ခိုက်ဖျက်ဆီးမှု 

    ဖယောင်းလွှာအမှုန့်တွေကို အကာအကွယ်အနေနဲ့ ထုတ်ပြီး အတောင်မဲ့ပျော့စိစိအကောင်လေးတွေ အစုလိုက်၊အပြုံလိုက် နေထိုင် စားသောက်ကြပါတယ်။ အဓိက ကျရောက်တဲ့အစိတ်အပိုင်းတွေကတော့ အသီးအချင်းချင်းထိစပ်တဲ့နေရာ၊ အပင်ရဲ့ အအုံတွေ၊ ခွကြားတွေ၊ မြေပြင်အနီးက ပင်စည်တွေ၊ ပင်စည်နဲ့အရွက် ထိစပ်တဲ့နေရာ စတဲ့နေရာတွေမှာ ကျရောက်တတ်ပါတယ်။ မျိုးစိပ်အနည်းငယ်ကသာ အမြစ်တွေပေါ်မှာ ဖျက်ဆီးပါတယ်။ ကျရောက်မှု နည်းချိန်မှာဆိုရင် အကောင်နဲ့ဥအစုလေးတွေ အနည်းငယ်သာ တွေ့ရပြီး ပျက်စီးတာ မသိသာပေမယ့် အရေအတွက်များလာရင်တော့ အဖြူရောင်ဥအစုနဲ့ အကောင်ကြီးတွေ အများကြီး တွေ့ရပြီး ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ သူတို့က အပင်ကိုစုပ်ယူစားသောက်တဲ့အခါမှာ ချိုပြီး စေးကပ်တဲ့ အရည်တွေ ထုတ်ပေးတာကြောင့် ပုရွက်ဆိတ်တွေ ရောက်ရှိလာပြီး အကျိုးပြုသားရဲတွေ၊ ကပ်ပါးကောင်တွေကို ဟန့်တားပစ်ပါတယ်။ ချိုတဲ့အရည်တွေကြောင့် အပင်ကို စေးကပ်စေပြီး ကြပ်ခိုးမှိုရောဂါ၊ ဗိုင်းရပ်ရောဂါတွေ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် သူက အပင်ရောဂါ သယ်ဆောင်ကောင်လည်း ဖြစ်ပါတယ်။  

    အချိန်ကြာလာတာနဲ့အမျှ စိုက်ပျိုးပင်တွေက အားနည်းလာပြီး အရွက်ဝါတာ၊ လိပ်တာတွေဖြစ်ပြီး အပင်ကနေကြွေကျကုန်ပါတယ်။ အရွက်တွေသာမက အပွင့်၊အသီးတွေလည်း မရင့်ခင် ကြွေကျကုန်ပါတယ်။ မကြွေကျရင်တောင်မှ အရည်အသွေးတွေ ကျဆင်းလာစေပါတယ်။  

    သို့ပေမယ့် ကံကောင်းသည်က အမပိုးစေးနှဲတွေဟာ အတောင်မပါတာကြောင့် မပျံသန်းနိုင်သလို အလျင်အမြန် တွားတွားသွားဖို့ ခက်ခဲတာကြောင့် စိုက်ခင်းတစ်ခုနဲ့ တစ်ခု မြန်မြန်ဆန်ဆန် မပျံ့ပွားနိုင်ပါဘူး။ သို့ပေမယ့် ရေ၊ လေ၊ စက်ပစ္စည်း စတဲ့ ကြားခံတို့နဲ့ ပျံ့ပွားနိုင်တာကြောင့် သတိထားသင့်ပါတယ်။ 

    ကာကွယ်ကုသရန် 

    • နိုက်ထရိုဂျင် ပမာဏလျော့ကျွေးတာမျိုး၊ ရေလောင်းတာ ‌လျော့တာမျိုး လုပ်ပေးခြင်းဖြင့် အပင်ကို တုပ်ခိုင်လာစေပြီး ပိုးစေနှဲတို့ မကြိုက်သောအခြေအနေကို ဖန်တီးနိုင်ပါတယ်။ 

    ပိုးစေးနှဲက ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ပိုကြိုက်တာကြောင့် အိမ်တွင်းစိုက်အပင်တွေမှာဆိုရင် ညအပူချိန် ၁၅ ဒီဂရီဆဲလ်စီယပ်အထိ လျော့ချပြီး ထိန်းချုပ်နိုင်ပါတယ်။ 

    • ရေဖျန်းစိုက်တဲ့ စိုက်ခင်းတွေမှာဆိုရင် ရေခပ်ပြင်းပြင်း ဖြန်းပေးပြီး ကွာကျအောင် လုပ်နိုင်ပါတယ်။ 
    • Isopropyl alcohol 70% ကို ရေနဲ့ရောပြီး ဝါဂွမ်းနှစ်ကာ ကျရောက်နေတဲ့ မျက်နှာပြင်ကို သုတ်ချပေးခြင်းဖြင့်လည်း ထိန်းချုပ်နိုင်ပါတယ်။ 
    • ဆပ်ပြာမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ ၁ ဂါလန်နဲ့ဖျော်ကာ ဆပ်ပြာရည် ပြုလုပ်ပြီး ဆေးချနိုင်၊အသုံးပြုနိုင်ပါတယ်။  
    • အိမ်လုပ် သဘာဝအင်းဆက်ဖျန်းဆေး၊ အော်ဂဲနစ်ပိုးသတ်‌ဆေး/တမာဆီ တို့လည်း အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်မှုန့်တို့ကို ရောကြိတ်ပြီး ရေဖျော် အသုံးပြု နိုင်ပါတယ်။ တမာဆီမှာရှိတဲ့ သဘာဝဓာတ်က အင်းဆက်ရဲ့စားချင်စိတ်၊ ကြီးထွားဖွံဖြိုးတာကို ဟန့်တားပါတယ်။ အော်ဂဲနစ်ဖြစ်တာကြောင့် အင်းဆက်များကိုသာ တိုက်ခိုက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု မရှိသလို လူသားတို့ စားသုံးတဲ့အခါမှာလည်း အန္တရာယ်ကင်းပါတယ်။ 
    • နကျယ် ဥကပ်ပါးကောင်၊ ပိုးတောင်မာ beetles၊ ပင့်ကူ၊ lacebugs တို့ကို စိုက်ခင်းထဲ လွှတ်ပေးခြင်းဖြင့် ပိုးစေးနှဲတို့ကို သက်ရှိသားရဲကောင်တို့နဲ့ သတ်နိုင်ပါတယ်။ အကျိုးပြုသက်ရှိတွေကို ဝယ်၍သော်လည်းကောင်း၊ သူတို့ကြိုက်နှစ်သက်တဲ့အပင်တွေ ထည့်စိုက်၍သော်လည်းကောင်း စိုက်ခင်းထဲကို ဆွဲဆောင်နိုင်ပါတယ်။ အကျိုးပြုသက်ရှိတို့ စိုက်ခင်းထဲ လွှတ်ထားတဲ့အချိန်မှာဆိုရင်တော့ broad-spectrum pesticide တွေကို အသုံးမပြုသင့်ပါဘူး။ 
    • ဓာတုဆေးအသုံးပြုမယ်ဆိုရင်တော့ ပင်လုံးပျံ့အာနိသင်ရှိတဲ့ ပိုးသတ်ဆေး dinotefuran၊ imidacloprid၊ ဖျန်းရည် pyrethroids စတဲ့ ဆေးအဆိပ်ရှိ ဆေးထုပ်များကို အသုံးပြုနိုင်ပါတယ်။ ဆေးဖျန်းရာမှာ အကာအကွယ်များကို အသုံးပြုပါ။ အညွှန်းပါအတိုင်း ဖျန်းပေးရပါမယ်။ ကျရောက်မှု များနေရင် တစ်ကြိမ်ဖျန်းရုံနဲ့ မထိန်းချုပ်နိုင်တာကြောင့် နောက်ထပ်ဖျန်းပေးဖို့ လိုပါအုံးမယ်။ တစ်နေ့တာရဲ့ အေးတဲ့၊ အကျိုးပြုအင်းဆက်တွေ လှုပ်ရှားမှုနည်းတဲ့ မနက်ပိုင်း၊ ညနပိုင်း အချိန်တွေမှာ စိုက်ခင်းကို ဖျန်းသင့်ပါတယ်။ သတိထားရမှာက ပိုးစေးနှဲတို့ကထုတ်တဲ့ ဖယောင်းလွှာက ပိုးသတ်ဆေးထိရောက်မှု နည်းစေပါတယ်။ 
    • နောက်ဆုံးမည်သည့်ဆေးမှ မနိုင်ဘူးဆိုရင်တော့ ကျရောက်နေတဲ့ အပင်တွေကို နုတ်ဖယ်ပစ်သင့်ပါတယ်။  

     နိဂုံးချုပ်အားဖြင့် 

     တစ်ခါတစ်ရံ ပိုးစေးနှဲကို အခြား ဖယောင်းလွှာ၊ စေးကပ်ကပ်အချိုရည်တွေထုတ်တဲ့ အင်းဆတ်၊ ဖားဥမှိုရောဂါတို့နဲ့ မှားတတ်ပါတယ်။ cottony cushion scale၊ soft scale ၊ woolly aphid၊ ယင်ဖြူ တို့နဲ့ လွှဲတတ်ပါတယ်။ ဒါကြောင့် ကာကွယ်ကုသတော့မယ်ဆိုရင် ဖယောင်းလွှာအောက်မှာရှိတဲ့ အကောင်ကို သေချာစစ်ဆေးသင့်ပါတယ်။ သို့ပေမယ့် ဘယ်ပိုးမွှား၊ရောဂါ‌ကျရောက်မှုမဆို ကာကွယ်ခြင်းထက် ကုသခြင်းက ပိုထိရောက်ပါတယ်။ ဒါကြောင့် မစိုက်ခင်မှာ သေချာ ဂရုစိုက်သင့်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့မျိုးစေ့၊ပျိုးပင်ကို အသုံးပြုရမယ်။ အပင်တွေ ကျန်းကျန်းမာမာကြီးထွားသန်စွမ်းဖို့ ကောင်းကောင်းပြုစုပေးရမယ်။ 

    တောင်သူဦးကြီး၊ တောင်သူမယ်များအားလုံး သီးနှံအထွက်တိုး၊ ဝင်ငွေတိုးပြီး စီးပွားရေးအဆင်ပြေနိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်.... 

    ရေးသားသူ 

    နွယ်အေး 

    ကိုးကားချက် 

    https://www.thespruce.com/how-to-control-mealybugs-1902890 

    https://ipm.ucanr.edu/PMG/PESTNOTES/pn74174.html#:~:text=On%20small%20infestations%20on%20houseplants,cause%20leaf%20burn%20(phytotoxicity) 

     


  • article
  • article
  • article
  • article
likes19comments0
views271views1945