cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးရွက်ညိုပြောက်က်ရောဂါ ( Brown Spot)

. ရောဂါ
ယခုလို စပါးစိုက်ရာသီကာလမှာ စပါးစိုက်တဲ့ တောင်သူဦးကြီးတို့အတွက် စပါးရောဂါတွေထဲက တစ်မျိုးဖြစ်တဲ့ စပါးရွက်ညိုပြောက်ရောဂါအကြောင်းကို တင်ပြပေးချင်ပါတယ်ရှင်....
  • ယခုလို စပါးစိုက်ရာသီကာလမှာ စပါးစိုက်တဲ့ တောင်သူဦးကြီးတို့အတွက် စပါးရောဂါတွေထဲက တစ်မျိုးဖြစ်တဲ့ စပါးရွက်ညိုပြောက်ရောဂါအကြောင်းကို တင်ပြပေးချင်ပါတယ်ရှင်.... 

    စပါးရွက်ညိုပြောက်က်ရောဂါ ( Brown Spot) 

    မြန်မာအမည် - စပါးရွက်ညိုပြောက်ရောဂါ 

    အင်္ဂလိပ်အမည် - Brown Spot 

    ရောဂါဖြစ်စေသော သက်ရှိ - Helminthosporium oryzae 

    ရောဂါ - မှိုရောဂါ 

    ရောဂါလက္ခဏာ 

    နှမ်းစေ့ရွက်စက်ပြောက်ရောဂါအနေနဲ့ အသိများပြီး မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ စပါးပျိုးပင်အဆင့်ကနေ စတင်တိုက်ခိုက်ပြီး နို့ရည်တည်တဲ့အဆင့်ထိ တိုက်ခိုက်ပါတယ်။ အရွက်တွေပေါ်မှာ နှမ်းစေ့အရွယ် ဘဲဥပုံ အညိုစက်တွေ ညီညီညာညာ ပြန့်ကြဲနေတတ်ပါတယ်။ ကြာလာရင် အညိုရောင် အနားရစ်နဲ့ မီးခိုးရောင်ဗဟိုရှိတဲ့ အကွက်ပြောက်တွေ ဖြစ်လာပါတယ်။ နောက်ပိုင်း အရွက်တွေ ခြောက်လာပါတယ်။ စပါးနှံတွေအထိ ကျရောက်တာကြောင့် စပါးစေ့အခွံနဲ့ ဆန်စေ့တွေမှာလည်း အမဲပြောက်တွေ တွေ့ရတတ်ပါတယ်။ တိုက်ခိုက်ခံထားရတဲ့ စပါးစေ့တွေဟာ အရည်အသွေးနဲ့ အလေးချိန် လျော့နည်းသွားပြီး မျိုးညှောက်ပေါက်နိုင်စွမ်း ဆုံးရှုံးသွားပါတယ်။ 

    အညိုပြောက်ရောဂါကျရောက်နေတဲ့ စိုက်ခင်းကို အဝေးကနေ လှမ်းကြည့်လိုက်ရင် စပါးညိုပြောက်ရောဂါမှန်း သိသာစေတာကတော့ ပျိုးပင်တွေ သေနေပြီး အညိုရောင် နေလောင်ကွက်တွေ မြင်နေရတာ ဖြစ်ပါတယ်။ စိုက်ခင်းရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးသွားနိုင်ပါတယ်။  

    ရောဂါကူးစက်ပျံ့နှံ့ပုံ 

    အစေ့တွေမှာ ၄နှစ်ကျော်အထိ ရှင်သန်နိုင်တာကြောင့် ရောဂါရမျိုးစေ့တွေကနေ အဓိက ကူးစက်ပျံ့နှံ့သလို တိမ်ထူပြီး မိုးမပြတ်ရွာတဲ့အခါမှာလည်း မိုးရေကနေ ရောဂါပျံ့ပွားမှု မြန်ပါတယ်။ အပင်အကြွင်းအကျန်၊ ရိုးပြတ်တွေ၊ ပေါင်းမြတ်တွေမှာ ကပ်ကျန်ပြီး နောက်ရာသီအထိ ပေါက်ပွားနိုင်ပါတယ်။ အာဟာရချို့တဲ့တဲ့မြေ၊ ပုလဲဓါတ်မြေသြဇာလွန်ကဲတဲ့ မြေ၊ ရေသွင်းရေထုတ်ညံ့တဲ့မြေ၊ အပုပ်လွန်တဲ့မြေ စတဲ့ မြေတွေမှာ ရောဂါက ပိုဖြစ်ပါတယ်။ အပင်တစ်ပင်ကနေ တခြားအပင်၊ တခြားအခင်းသို့ လေနဲ့ ပျံ့ပွားနိုင်ပါတယ်။ ဒါ့အပြင် အပူချိန် ၂၅- ၃၀ ဒီဂရီဆဲလ်စီယပ်၊ စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းအထက်၊ ၈-၂၄ နာရီအထိ စိုစွတ်နေတဲ့ အရွက်တွေဟာ ရောဂါကျရောက်စေတဲ့ အခြေအနေဖြစ်ပါတယ်။  

     

    ကာကွယ်နှိမ်နင်းနည်း 

    သီးနှံတွေ မစိုက်ခင် ပေါင်းမြက်တွေ၊ ရောဂါရအပင်အကြွင်းအကျန်တွေကို မီးရှို့ပစ်ရပါမယ်။ ရောဂါကင်းတဲ့ မျိုးစေ့ကို သုံးရပါမယ်။ ရေသွင်းရေထုတ်ကိုလည်း စနစ်တကျ ပြုလုပ်ရပါမယ်။ သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာနဲ့ အနည်းလိုအာဟာဓါတ်တွေကို အချိုးညီညီ အသုံးပြုရပါမယ်။ အပင်က အသုံးပြုနိုင်တဲ့ ဆီလီကွန်ဓာတ် နည်းတဲ့မြေတွေမှာဆိုရင် ကယ်လဆီယမ်ဆီလီကိတ် (calcium silicate) ထည့်ပြီး ပြုပြင်ပေးရပါမယ်။ Captan၊ Thiram (၁ -၂) ဂရမ်တို့နဲ့ မျိုးစေ့ (၁) ကီလိုဂရမ်နှုန်းထားကို လူးနယ်၊ စိမ်တာမျိုး ပြုလုပ်ပြီး ထိန်းချုပ်နိုင်ပါတယ်။ ပင်ပွားအဆင့်၊ အနှံစထွက်ခါနီးအဆင့်တို့မှာ mancozeb+tricyclazole ကို ဖျန်းပေးခြင်းဖြင့်လည်း ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် edifenphos၊ chitosan၊ iprodione၊ carbendazim စတဲ့ ဆေးအဆိပ်ရှိ ဆေးထုတ်များကိုလည်း အသုံးပြုနိုင်ပါတယ်။ 

    တောင်သူဦးကြီး၊ တောင်သူမယ်များအားလုံး သီးနှံအထွက်တိုး၊ ဝင်ငွေတိုးပြီး စီးပွားရေးအဆင်ပြေနိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်.... 

    ရေးသားသူ 

    နွယ်အေး 

     ကိုးကားချက် 

    http://www.agritech.tnau.ac.in/expert_system/paddy/cpdisbrownspot.html 


  • article
  • article
likes7comments1
views118views3082