cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ရက်ကိုတန်ချိန် ၂၀ ထွက်မယ့် စားအုန်းဆီစက်ရုံ တနင်္သာရီတိုင်းအတွင်း တည်ဆောက်မယ်

. ဈေးကွက်
စက်ရုံကိုလာမယ့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာတည်ဆောက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။
  • တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာတစ်ရက်ကိုစာအုန်းဆီတန်ချိန် ၂၀ ထွက်ရှိမယ့်စက်ရုံကိုလာမယ့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာတည်ဆောက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။

    ယင်းစက်ရုံကိုတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းပြီး လုပ်ဆောင်သွားမှာဖြစ်သလိုတနင်္သာရီတိုင်းအတွင်းဆီအုန်းစိုက်ဧက လေးသိန်းကျော်ရှိပြီး ဆီကြမ်းအများအပြားရှိပေမယ့် ဆီချောစက်ရုံမရှိလို့ ဒေသတွင်းဆီဖူလုံမှုဟာ သုညဒသမ ၂၅ ရာခိုင်နှုန်းသာရှိတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးကဆိုထားပါတယ်။

    အဆိုပါ စားအုန်းဆီစက်ရုံတည်ဆောက်နိုင်ဖို့အတွက် တရုတ်နိုင်ငံရှိ ဆီစက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီးတစ်ရက်ကိုဆီတန်ချိန် ၁၀ တန် ထွက်ရှိမယ့်စက်ရုံတည်ဆောက်ဖို့ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။

    သို့ပေမယ့် စက်ရုံတည်ဆောက်ရာမှာကုန်ကျစရိတ်ကွာဟမှုနည်းပါးတဲ့အတွက် ၁၀ တန်အစားတန်ချိန် ၂၀ ၊ ပိဿာချိန်အားဖြင့် ၁၂,၀၀၀ ထွက်ရှိမယ့်စားအုန်းဆီစက်ရုံ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

    ပြည်တွင်းမှာနှစ်စဉ် စားသုံးဖို့နဲ့ လုပ်ငန်းသုံးဖို့အတွက် စားအုန်းဆီလိုအပ်ချက် တန်ချိန်က ၁ ဒသမ ၁ သန်းရှိပြီးဆီလိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်း ဖြစ်တဲ့ တန်ချိန် ၈ သိန်းခန့်ကိုနှစ်စဉ်ပြည်ပမှတင်သွင်းနေရပြီး လက်ရှိ နိုင်ငံခြားငွေလဲနှုန်းအပြောင်းအလဲကြောင့် စားအုန်းဆီလက်လီဈေးတွေဟာ အစိုးရရည်ညွှန်းစျေးထက် နှစ်ဆနီးပါးမြင့်တက်နေဆဲဖြစ်ပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views66views3536