cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အဓိကပြောင်းတင်ပို့နေသည့် မြဝတီ လမ်းမကြီး ပျက်စီးသွားသည့် အတွက် ပြောင်းစျေးကွက် ပြန်အေးသွား

. ဈေးကွက်
မြဝတီက လမ်းကြောင်း ပျက်သွားတဲ့ အတွက် စျေးကွက်ကတော့ အေးသွားတယ်။ တစ်ပတ်ဆယ်ရက်အတွင်း ပြန်ပြင်ပေးမယ်ပြောတော့ အဲ့တစ်ပတ်ဆယ်ရက် အတွင်းမှာကုန်သွယ်စီးဆင်မူ ရပ်
သွားနိုင်တယ်။
  • ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေသည့် လမ်းကြောင်းဖြစ်သော မြဝတီကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်း ပျက်စီးသွားသောကြောင့် ပြောင်းစျေးကွက်ပြန်အေး သွားကြောင်း သိရသည်။


    ဩဂုတ်လ ၇ရက် နေ့က မြဝတီကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်း တောနော်ရေတံခွန်ကွေ့အနီးတွင်တောင်မြေပြိုကျမှုကြောင့် အာရှကုန် သွယ်ရေးလမ်းမကြီး ပေ ၁၀၀ ခန့် ပြိုကျပျက်စီးသွားကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားကြောင်း သိရသည်။


    ထို့ကြောင့်ပြည်တွင်းမှ ပြောင်းစေ့များ ကိုထိုင်းနိုင်ငံ သို့ အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်း ဖြင့် ဖေဖော်ဝါရီ လမှ ဩဂုတ်လ အထိ တင်သွင်းခွင့် ပေးထာခြင်းကြောင့် ယခုကာလအတွင်း exporterများအနေဖြင့်အကြိတ်အနယ် တင်ပို့နေရသည့် ကာလဖြစ်၍ ယင်းကိစ္စများကြောင့် အခက်တွေ့နိုင် ကြောင်းသိရသည်။


    “ မြဝတီက လမ်းကြောင်း ပျက်သွားတဲ့ အတွက် စျေးကွက်ကတော့ အေးသွားတယ်။ တစ်ပတ်ဆယ်ရက်အတွင်း ပြန်ပြင်ပေးမယ်ပြောတော့ အဲ့တစ်ပတ်ဆယ်ရက် အတွင်းမှာကုန်သွယ်စီးဆင်မူ ရပ်

    သွားနိုင်တယ်။ရပ်သွားနိုင်အတွက် ပြောင်းစျေး အေးသွားနိုင်တယ် ။အခုလောလောဆယ် တောင် တစ်ပိဿာကို ၂၀လောက် အေးသွားပြီ။ “ ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


    ရန်ကုန် ပြောင်း စျေးမှာ တစ်ပိဿာ လျှင် ၁၂၁၀ နှင့် ၁၂၃၀ ကြား တွင် အရောင်းဝယ်ဖြစ်နေပြီး ဇူလိုင်လ နောက်ဆုံးအပတ်ကနေ စတင် ဈေးမြင့်တက်လာခဲ့တာ ဖြစ်သည်။


    “ ဒီနှစ်က တက်လိုက်ကျလိုက်နဲ့ အခုတော့ ငြိမ်နေတယ်။အခုလောလောဆယ်တော့ လမ်းပိုင်းဆက်သွယ်ရေး မှာ အခက်ခဲဖြစ်နေတယ်။ နောက်ပိုင်း အလားလာတော့ ခန့်မှန်းရခက်တယ် ။ပြောင်းလက်ကျန်နည်းနည်းလေးရှိတာရယ် လမ်းပိုင်းဆက်သွယ်ကြောင့် ရယ် ပြောရတာခက်တယ်။” ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦး ကပြောသည်။


    လမ်းပိုင်းဆက်သွယ်ရေး ကောင်းချိန်က တစ်လလျှင် ထိုင်နိုင်ငံသို့ တန်ချိန် တစ်သိန်း ခွဲ နှင့် နှစ်သိန်းကြား တင်ပို့နေရကြောင်းသိရသည်။


    ထိုင်းနိုင်ငံသို့ တင်ပို့ ၍ မရသော်လည်း Normal trade အနေဖြင့် စာချုပ် ရှိ ပြီးသားနိုင်ငံတွေ ဖြစ်သည့် ဗီယမ်နမ်နိုင်ငံနှင့် ဖလစ်ပိုင် နိုင်ငံသို့တင်ပို့နေကြဦးမည်ဖြစ်ကြောင်းသိရသည်။


    ထိုင်းနယ်စပ်ကုန်သွယ်ရေး မှ တဆင့် ၆လပိုင်းထိ ၁.၇သန်းတင်ပို့ထားပြီး လက်ရှိ ထိုင်းနိုင်ငံမှ တခြားနိုင်ငံများထပ် စျေးကွက်ရရှိမူ ကောင်းကြောင်း သိရသည်။


    ဩဂုတ်လ အပြီးမှာတော့ ပြောင်း ကလက်ကျန်နည်းသွားမည် ဖြစ်ပြီး ဆောင်းပြောင်း မှာ ၉လပိုင်း ၊၁၀လပိုင်း တွင်း ပျဉ်းမနား၊တောင်ငူ၊ရှမ်းမြောက် ၊ကယား စသည့်ဒေသများ မှ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။


    လက်ရှိ တိုင်းနှင့်ပြည်နယ် ၇ခု တွင် ပြောင်းစိုက်ဧက ၁သိန်းခွဲ ဝန်းကျင် မှ နှစ်စဉ် တ်ချိန် ၃သန်း အထိ ထုတ် လုပ် လျက်ရှိကြောင်း သိရသည်။


    ဖိုးချဲ(AMIA)

    Exclusive Content For Htwet Toe - ထြက္တိုး

    ---------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views110views3089