cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သီဟိုဠ်သရက် စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
သီဟိုဠ်သရက် စိုက်ပျိုးနည်း
  • article

  • သီဟိုဠ်သရက်သည် မြန်မာနိုင်ငံအတွင်းသို့ သီဟိုဠ်ကျွန်းမှဝင်ရောက်လာသော 

    သီးနှံဖြစ်၍ ၁၉၈၈ ခုနှစ်မတိုင်ခင်အထိ အနည်း အကျည်းသာ စိုက်ပျိုးခဲ့သော်လည်း 

    ယင်းနောက်ပိုင်းကာလများမှစ၍ ကျယ်ကျယ်ပြန့်ပြန့်စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ 

    ရခိုင်ကမ်းရိုးတန်းဒေသ၊ တနင်္သရီကန်းရိုးတန်းဒေသများတွင် အထူးဖြစ်ထွန်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့တွင် စီးပွားဖြစ်စိုက်ပျိုးသည်။


    htwettoe

    သီဟိုဠ်သရက်အဆံမှာ အချိန်အခါမရွေး ရောင်းချနိုင်သည့် ပြည်ပဈေးကွက်ဝင်

    ဈေးကောင်းရသော နှစ်ရှည်ပင်ဖြစ်သည်။ ဒန်ပေါက်၊ ရေခဲမုန့်နှင့် အခြားမုန့်များတွင်

    ထည့်သွင်း၍ တန်ဖိုးထားစားသုံးကြသည်။ သီဟိုဠ်သရက်သီးမှလည်း ဝိုင်၊ အရက်၊ ယိုနှင့် အဖျော်ယမကာများလည်း ထုတ်လုပ်နိုင်သည်။ သီဟိုဠ်သရက်ပင်သည် အီကွေတာ၏ မြောက်ဖက် ၂၇°နှင့် တောင်ဖက် ၂၈°အတွင်း ပေါက်ရောက် သော်လည်း မြောက်ဖက်နှင့် တောင်ဖက် ၁၅° အတွင်းသာ အကောင်းဆုံးဖြစ်ထွန်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ( ၂၃၀၀-၂၅၀၀ )အထိ ပေါက်ရောက်နိုင်သော်လည်း အမြင့်ပေ ( ၅၀၀)အောက်တွင်သာစိုက်ပျိုးရန်သင့်တော်သည်။ တနှစ် မိုးရေချိန်လက္မ ( ၆၀ - ၁၀၀ )ခန့် လိုအပ်ပြီး ပျမ်းမျှ အနိမ့်ဆုံးအပူချိန်( ၁၅-၁၈ )°စင်တီဂရိတ်နှင့် အမြင့်ဆုံးအပူချိန် ( ၃၂-၃၇)°စင်တီဂရိတ်ရရှိပါကကောင်းစွာဖြစ်ထွန်းသည်။ အပွင့်ပွင့်ချိန်တွင် ၁၈°စင်တီဂရိတ်အောက် ရက်ကြာရှည်ပါက အပွင့်များ ပျက်ဆီးတက်သည်။ သီးကင်းဝင်ချိန်တွင်အပူချိန် ၃၉°စင်တီဂရိတ်ထက် ကျော်လွန်သွားကအသီးကင်းများ ကျွေကျတက်သည်။သီဟိုဠ်သရက်ပင်သည်မြေသားထူပြီး နုန်းမြေနှင့် သဲဆန်သောနုန်းမြေများတွင် ဖြစ်ထွန်းသည်။ မြေသားထု အထူ ၃ပေခွဲ မှ ၅ ပေခန့်အထိ ရှိသင့်သည်။ ရေမဝပ်သော PH ( ၅ မှ ၅.၆ )အတွင်းရှိမြေကို နှစ်သက်သည်။ နေရောင်ခြည် အပြည့်အဝရရှိရန်လည်းလိုအပ်သည်။


    အထွက်ကောင်းမျိုးများအားရွေးချယ်စိုက်ပျိုးရမည် ဖြစ်၍ အခြေခံအားဖြင့် 

    ~~~~~~~~~~~~~~~~~~~~~~~~

    ၁။ အပင်သက် ၇ နှစ်နှင့်အထက်ရှိသောအပင်

    ၂။ ရွက်အုပ်ကျဉ်းကျဉ်းနှင့် သီးကိုင်းများသောအပင်

    ၃။ အပွင့်လှိုင်လှိုင် ပွင့်သောအပင်

    ၄။ လိင်စုံပွင့် အချိုးအစားများသောအပင်

    ၅။ သီးခိုင်တစ်ခိုင်တွင် ၅ လုံးထက်မနည်း သီးသောအပင်

    ၆။ တစ်ပင်လျှင် အသီး ၅၀၀ လုံးထက်မနည်း သီးသောအပင်

    ၇။ အစေ့ ပျမ်းမျှအလေးချိန် ၇ ဂရမ်ခန့်ရှိသောအပင် စသည်တို့ဖြစ်၍ ဒေသအတွင်းဖြစ် ထွန်းပြီးသော သီဟိုဠ်ခြံများအား လေ့လာပြီးအထက်ပါ အချက်များနှင့်ချိန်ညှိ၍ မျိုးရွေးချယ်သွားရမည်။ အောက်တိုဘာ၊ နိုဝင်ဘာလတွင်ပန်းပြ၍ ပွင့်ချိန်ကာလ( ၄၀-၆၀ )ရက်၊ ပန်းခိုင်တွင် အပွင့်အရေအတွက် ၇၀၀ အထက်နှင့် လိင်စုံပွင့် ၆၀ အထက်မျိုးသည် အကောင်းဆုံးဖြစ်သည်။ မျိုးအဖြစ်ရွေးချယ်ရန် အထူးသင့်လျော်သည်။


    #မျိုးစေ့အား ပျိုးထောင်ပြီးစိုက်ပျိုးနည်း -

    အထွက်ကောင်းသော မိခင်အပင်မှ မျိုးစေ့အား ရွေးချယ်၍ ၂ရက် ၃ရက်ခန့် နေလှမ်းပြီး ရေဖြင့်စိမ်ကြည့်ပါက ရေမြုပ်သော မျိုးစေ့များကိုသာ ပျိုးအိတ်အတွင်းထည့်၍ ပျိုးထောင်ရသည်။

    စပ်မြေအဖြစ် နွားချေး၊ သဲကြမ်းနှင့် မြေသား အပေါ်ယံမြေ ၃ မျိုး ဆတူစပ်ထားသော

    စပ်မြေအသုံးပြုနိုင်သည်။ မျိုးစေ့အား ချိုင့်နေသောဖက်ကို မှောက်၍ သို့မဟုတ်

    အညှာကို အပေါ်ကထား၍ စပ်မြေတွင် တေဝက်မြုပ်ကာ ပျိုးထောင်ရသည်။ 

    ရေလုံလောက်စွာလောင်းပေးရသည်။ သို့သော် ရေများသွားပါက မျိုးစေ့များပုပ်တက်သည်။( ၁၀ - ၁၅ )ရက်ခန့်တွင် အပင်ပေါက်စုံသည်။ အညှောင့်ပေါက်ပြီး ပျိုးသက် ( ၂ - ၄ ) လသားတွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။


    စိုက်ပျိုးခြင်း

    သီဟိုဠ်သရက်ပင်များအား ပင်ကြား/တန်းကြား ( ၂၆ × ၂၆ ) ပေ စိုက်ပျိုးလျှင် တဧက ၆၅ ပင် ဝင်ဆန့်သည်။ မြေညံ့က ပင်ကြား/တန်းကြား အနည်းငယ်လျှော့နိုင်သည်။ ပျိုးပင်များ မစိုက်ပျိုးမီ စိုက်ကျင်းများကို ( ၂ × ၂ × ၂ ) ကြိုတင်တူးထား ရမည်။ စိုက်ကျင်းထဲသို့ နွားချေး၊ မြေဆွေး၊ အပေါ်ယံမြေသား ၁ ပေခန့်မှ မြေတို့နှင့် ဖော့စဖိတ်မြေသြဇာပေါင်ဝက်ခန့် သမအောင်ရောစပ်၍ စိုက်ကျင်းပြည့် အောင်ပြန်ဖြည့်ကာ ရေဝအောင်လောင်းပြီး ၁ ပတ်ခန့်နှပ်ထားရသည်။ ထို့နောက် ပျိုးပင်များစိုက်ပျိုးပြီး

    ပျိုးပင်အခြေတွင် ရေမဝပ်စေရန် မို့မို့ကလေးပြန်ဖုံး ပေးရသည်။ စိုက်ခင်းရေမဝပ်စေရန် 

    စိုက်ခင်းပတ်လည် ရေနုတ်မြောင်းများ ကြိုတင်တူး ထားရမည်။ ဇွန်လအတွင်း အပြီးစိုက်ပျိုးရသည်။


    အပင်ပြုစုခြင်း

    ပျိုးပင်များ ယိုင်လဲမသွားစေရန် ငုတ်ရိုက်ပြီး အပင်နှင့် ကပ်၍ ကြိုးဖြင့်ချည်နှောင်ခြင်း၊

    စိုက်ပြီး ၁၅ ရက်ခန့်တွင် ပျိုးပင်ပတ်လည် မြေသား နိမ့်ကျသွားပါက မြေပြန်ဖို့၍ ခြေဖြင့်နင်းပေး ရသည်။

    ပျိုးပင်အမြင့် ၂ ပေခွဲ၊ ၃ပေ အမြင့်အထိ ဘေးကိုင်းများထွက်လာပါက ဖယ်ရှားရှင်းလင်း

    ရမည်။ ယင်းထက်ကျော်လွန်သော ပင်မပင်စည် အကိုင်းကိုသာ ချန်လှန်ကာ မွေးထားရသည်။ အပင်အသက် ၄ နှစ်နောက်ပိုင်းတွင်ထွက်သည့် အထက်သို့ထောင်နေသောကိုင်းအားလုံးကိုလည်း ဖယ်ရှားရှင်းလင်းပစ်ရသည်။ သီဟိုဠ်သရက်ပင်သည် အကြမ်းခံနိုင်သော အပင်မျိုးဖြစ်သော်လည်း ပျိုးပင်မှ ၃ နှစ်သား အရွယ်အထိ ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ အစိုဓာတ်ထိန်းခြင်းလုပ်ငန်းတို့ကို လိုအပ်သလို ဆောင်ရွက်သွားရမည်။ 

    အပင်အသက် ၅/၆ နှစ်သားတွင်စသီးသည်။ တဧကပျမ်းမျှအထွက်း ပိဿာ ( ၁၅၀ )ဖြစ်သည်။ ပင်ကြား/တန်းကြားတွင် ကြားသီးနှံများ စိုက်ပျိုး ခြင်းဖြင့် ဝင်ငွေတိုးတက်စေနိုင်သည်။

    ပိုးမွှားရောဂါကာကွယ်ခြင်း

    သီဟိုဠ်သရက်ပင်များအား မြန်မာနိုင်ငံတွင် ပင်စည်နှင့် အမြစ်ထိုးပိုး ( Stem and root

    borer ) ဆိုးရွားစွာကျရောက်ဖျက်ဆီးတက်သည်။ ၎င်းပိုးသည် ကျိုင်းအမျိုးအစားဖြစ်ပြီး

    သိပ္ပံအမည် Plocaederus ferrugineus ( Coleoptera; Cerambicidae )ဖြစ်သည်။

    ကျိုင်းကောင်သည် ဥအားအပင်ခြေနားရှိ အခေါက် ကြားတွင် ဥ၍ ပေါက်လာသော ပိုးတုံးလုံးကောင် သည် ပင်စည်နှင့် အမြစ်များအတွင်း လှိုင်ခေါင်း ထိုးဖောက်၍ အစာနှင့် ရေပို့တစ်သျူးများအား ဖျက်ဆီးသည်။ ဖျက်ဆီးခံရသော အပင်မှာ တဖြည်းဖြည်း အရွက်များဝါခြောက်ကာ သေဆုံးသည်။ ပိုးကျရောက်သည့် အပင်ခြေတွင်

    သစ်စများ ပိုးချေးများတွေ့နိုင်ပြီး အညိုရောင် အစေးများ ထွက်ကျနေသည်။ ပိုးကျရောက် ဖျက်ဆီးကာစတွင် သိရှိပါက အခေါက်အတွင်း ထွင်း၍ ပိုးကောင်အားဖယ်ထုတ်နိုင်သည်။ သို့မဟုတ် ယင်းနေရာအားခြစ်ကာ ပိုးသတ်ဆေး ( Carbaryl ဝ.၂% ) အားသုတ်လိမ်းပေးရသည်။ အပင်ခြေရှိကိုင်းများ ပေါင်းမြက်များရှင်းလင်း၍ အခြေမှ ၃ ပေအမြင့်ထိ ဆေးကတ္တရာနှင့် ရေနံ ၁ အချိုး ၄ ရောစပ်သုပ်လိမ်းပေးခြင်းကို တနှစ်လျှင် နှစ်ကြိမ် ဧပြီလ/မေလနှင့် နိုဝင်ဘာလ/ ဒီဇင်ဘာလ များတွင် ပြုလုပ်ကာကွယ် နိုင်သည်။ ပိုးကျရောက်ပျက်ဆီးထားသော အပင်များကိုလည်းဖယ်ရှားရှင်းလင်းပစ်ရမည်။

    Source - ဥယျာဉ်စိုက်ပျိုးခြင်းပညာ - 

    ဦးအောင်သိန်း၊ ဘက်စုံစိုက်ပျိုးနည်းပညာ -

    မောင်မျိုးသန့်၊ သီဟိုဠ်သရက်စိုက်ပျိုးရေး -

    မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း၊ 

    သစ်သီးဝလံစိုက်ပျိုးနည်း-

    မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း စာအုပ်များနှင့် Google


  • article
likes9comments0
views191views4116