အာလူးတွင်ကျရောက်သော ဘတ်တီးရီးယားရောဂါများ
မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုးထုတ်လုပ်ခြင်းတွင် အဓိကကျရောက်သော ဘတ်တီးရီးယားရောဂါများမှာ-
၁။လောင်ဖြူ/ပင်ညှိုး
၂။ပင်ခြေမဲ
၃။အကြေးဖက်ရောဂါများ
၁။လောင်ဖြူ/ဘတ်တီးရီးယားပင်ညှိုးရောဂါ
-လောင်ဖြူ/ပင်ညှိုးရောဂါသည် ဘတ်တီးရီးယားကြောင့်ဖြစ်သောရောဂါဖြစ်သည်။
-ဘတ်တီးရီးယားများသည် အပင်၏အစာရေကြောစနစ်ကို ပိတ်လိုက်သည့်အချိန်တွင် ရောဂါလက္ခဏာများစတင်ဖြစ်ပေါ်လာသည်။
-ပူသည့်ရာသီဥတု(ပုံမှန်အပူချိန် ၂၇-၃၅ °C) မြေကြီးစိုနေသည့်အချိန်ကို နှစ်သက်သည်။
ရောဂါလက္ခဏာ
-အရွက်များ အစိမ်းရောင်မပျက် ညှိုးသွားခြင်း
-ပင်စည်နှင့်အမြစ်များ အညိုရောင်ပြောင်းသွားခြင်း
-ပင်စည်အားဖြတ်ကြည့်ပါက ပင်စည်ပုံစံပျက်စီးနေခြင်းတို့ဖြစ်ပါသည်။
ဘက်စုံကာကွယ်ရေးနည်းလမ်းများ
-လောင်ဖြူ/ပင်ညှိုးရောဂါကင်းစင်သော စိုက်ပျိုးမြေတွင် အာလူးကိုစိုက်ပျိုးပါ။
-သွင်းရေအသုံးပြုရာတွင်လည်း ရောဂါကင်းသော ညစ်ညမ်းမှုမရှိသောရေကို အသုံးပြုပါ။
-သွင်းရေကို ကွင်းမျက်နှာပြင်ပေါ်မှဖြတ်သန်းစီးဆင်းလာသော ရေမဖြစ်စေရန် သေချာဂရုစိုက်စီမံပါ။
-ကျန်းမာသော(မှတ်ပုံတင်ရှိသော)မျိုးကိုသာ အသုံးပြုပါ။
-အသုံးပြုပြီးသောလယ်ယာသုံးပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်ပါ။
-ရောဂါကျရောက်ဖူးသော အပင်အကြွင်းအကျန်များနှင့်ပေါင်းပင်များကိုဖယ်ရှားရှင်းလင်းပါ။
-ကောင်းမွန်ဆွေးမြေ့ပြီးသော သဘာဝမြေဩဇာကိုအသုံးပြုပါ။
-ရောဂါကျရောက်ပြီးသော အပင်များနှင့်အာလူးဥများကို တစ်ရာသီ တစ်လျှော်လုံးဖျက်ဆီးပါ(အမြစ်နှင့်မြေကြီးအပါအဝင် အနီးနား ၂ ပင်ကိုပါဖျက်ဆီးပစ်ရမည်)။
-သီးလှည့်စိုက်ပျိုးပါ။
-မှိုသတ်ဆေးများသည် ပင်ညှိုးရောဂါအတွက် ထိရောက်မှုမရှိပါ။
-ဒိုလိုမိုက်(ထုံး)ကို ရောဂါကျရောက်နေသည့်အပင်ပတ်လည်တွင်ထည့်သွင်းနိုင်သည်။ထုံးထည့်ခြင်းဖြင့် မြေကြီးအတွင်း၌ pH တက်လာပြီး ဘတ်တီးရီးယားကျရောက်မှုကို သက်သာစေသည်။
သတိပြုရမည့်အချက်များ
-အာလူးမျိုးများအားလုံးသည် လောင်ဖြူ/ပင်ညှိုးရောဂါကို ခံနိုင်ရည်မရှိကြပါ။
-မြေကြီးထဲတွင် ရောဂါဖြစ်စေသောဘတ်တီးရီးယားရှိနေသော်လည်း ထိခိုက်ဒါဏ်ရာမရှိသောအပင်များက ကျန်းမာစွာရှင်ကျန်နေမည်။ ထိုအပင်များသည် ရောဂါကျရောက်နိုင်ခြေနည်းသော်လည်း ရောဂါကျရောက်မှုလက္ခဏာမပြပဲငုပ်လျှိုးနေတတ်သည်။
-လောင်ဖြူ/ပင်ညှိုးရောဂါသည် မြေကြီးထဲတွင်နှစ်အလိုက်အသက်ရှင်နေနိုင်သည်။
-ရောဂါကျရောက်နေသည့် အာလူးဥများသည် မြေနှင့်ရေမှတဆင့် ရောဂါကူးစက်ပျံ့ပွားနိုင်ခြင်းသည် ထည့်သွင်းစဉ်းစားရမည့် အကြီးမားဆုံးသော ပြဿနာတစ်ရပ်ဖြစ်သည်။
၂။ဘတ်တီးရီးယားပင်ခြေမဲရောဂါ
-ပင်ခြေမဲရောဂါသည် ဘတ်တီးရီးယားကြောင့်ဖြစ်သောရောဂါဖြစ်သည်။
-ပင်စည်အောင်ပိုင်းတွင် အနက်ရောင်ပြောင်းပြီး ပုပ်သွားတတ်သည်။
-အပင်ညှိုးနွမ်းမှု မြန်ဆန်ပြီး အရွက်များအဝါရောင်ပြောင်းသွားတတ်သည်။
၃။အကြေးဖက်ရောဂါ
-အကြေးဖက်ရောဂါများသည် ဘတ်တီးရီးယားကြောင့်ဖြစ်သော ရောဂါများဖြစ်သည်။
-မြေကြီးအစိုဓါတ်များလျှင် ကြေးဖက်ရောဂါပိုများနိုင်ပြီး အာလူးဥအစိတ်အပိုင်းများတွင်ဖြစ်ပွားနိုင်သည်။
ဘက်စုံကာကွယ်ရေးနည်းလမ်းများ
-ခံနိုင်ရည်ရှိသောမျိုးများကို စိုက်ပျိုးပါ။
-သီးလှည့်စိုက်ပျိုးပါ။
Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။


