cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပါတ်စာမိုးလေဝသခန့်မှန်းချက်နှင့်စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ဩဂုတ် ၁၁ မှ ဩဂုတ် ၁၇ ရက်နေ့ထိ နေ့စဥ်မပြတ် မိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းအတွင်း ရေပြည့်လျှံနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။ စပါးပင်ပွား ထွက်သည့် ကာလ ဖြစ်သည့် အတွက်ကြောင့် စပါးခင်းအတွင်း ရေများနေခြင်းက ပင်ပွားနှုန်းကို ထိခိုက်စေနိုင်တာကြောင့် ရေထုတ်မြောင်းများ ပြုလုပ်၍ စနစ်တကျ ရေထုတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
  • ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့ တွင် ယနေ့မှ ဩဂုတ်လ ၁၃ ရက်နေ့ထိ မိုးရွာရန် ၉၀ရာခိုင်နှုန်းနီးပါး ရှိနိုင်ပါသည်။ ဩဂုတ်လ ၁၁ရက်မှ ၁၄ရက်နေ့အထိ မိုးရွာနှုန်း ၉၀ရာခိုင်နှုန်း နီးပါး ရှိနိုင်သော ‌ဒေသများမှာ ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့ ဖြစ်ပါတယ်။ ဩဂုတ်လ ၁၄၊ ၁၅ ရက်တို့မှာတော့ မိုးရွာနှုန်း အနည်းငယ် လျော့ကျလာပြီး ၇၀ရာခိုင်နှုန်းသာ ရှိနိုင်သော ဒေသများမှာ ဟင်္သာတမြို့နယ်၊ ဓနုဖြူမြို့နယ်တို့ ဖြစ်ပါတယ်။

    ဩဂုတ်လ ၁၆၊ ၁၇ရက်များမှာတော့ ဟင်္သာတမြို့နယ်တွင် မိုးရွာနိုင်နှုန်း ၉၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက် လာနိုင်ပါတယ်။

    ညောင်တုန်းမြို့နယ်မှာတော့ ၁၅၊ ၁၆ ရက်တွေမှာ အနည်းငယ်လျော့ကျလာပြီး ၇၀ ရာခိုင်နှုန်း ဝန်းကျင်ရှိနိုင်ပါတယ်။ တစ်ဖန်ပြန်လည်ပြီး ၁၇ရက်နေ့မှာ ၉၀ရာခိုင်နှုန်းအထိ မိုးများလာနိုင်ပါတယ်။

    မအူပင်မြို့နယ်မှာတော့ ၁၄ရက်နေ့မှာတော့ ရွာနှုန်း အနည်းငယ် လျော့ကျလာနိုင်ပါတယ်။ တစ်ဖန် ၁၅ရက်နေ့ကနေ မိုးရွာနိုင်နှုန်း ပြန်လည်မြင့်တက်လာပြီး ၁၇ရက်နေ့မှာတော့ ရာနှုန်းပြည့်အထိ မြင့်တက်လာနိုင်ပါတယ်။  

    မြောင်းမြမြို့နယ်တွင် ယ‌နေ့နဲ့မနက်ဖြန်မှာ မိုးရွာရန် ၉၀ရာခိုင်နှုန်းကျော်အထိ ရှိနိုင်ပါတယ်။ သို့ပေမယ့် ၁၃ရက်နေ့ကနေ ရွာနှုန်း ပြန်လည်လျော့ကျလာပြီး ၁၅ရက်နေ့မှာတော့ ၆၅ ရာခိုင်နှုန်းအထိ နည်းနိုင်ပါတယ်။ ၁၆၊ ၁၇ ရက်များမှာတော့ ၉၀ ရာခိုင်နှုန်းအထိ ပြန်လည်မိုးများလာနိုင်ပါတယ်။ 

    ဓနုဖြူမြို့နယ်တွင် ၁၆၊ ၁၇ ရက်တွေမှာ မိုးပြန်ကောင်းလာပြီး ၉၀ ရာခိုင်နှုန်း ဝန်းကျင်ရှိလာနိုင်တယ်။

    ပန်း‌တနော်မြို့နယ်မှာတော့၁၅ ရက်နေ့မှာ အနည်းငယ် ရွာနှုန်း လျော့ကျပြီး ၁၆ ရက်နေ့မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင် ပြန်လည် မြင့်တက်လာနိုင်ပါတယ်။ ၁၇ ရက်‌နေ့မှာတော့ ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ မိုးရွာနိုင်ပါတယ်။ 

    ကျိုက်လတ်မြို့နယ်မှာ ယနေ့နဲ့ မနက်ဖြန်မှာ မိုးရွာနိုင်နှုန်ုး ၉၀ ရာခိုင်နှုန်းကျော်အထိ မိုးများနိုင်ပါတယ်။ ၁၃ ရက်နေ့မှာတော့ မိုးအနည်းငယ် လျော့နည်းပြီး ၁၄၊ ၁၅ ရက်တွေမှာ ၉၀ရာခိုင်နှုန်းကျော်အထိ ပြန်လည် မိုးများလာနိုင်ပါတယ်။ ၁၆၊ ၁၇ ရက်တွေမှာတော့ ၇၀ ရာခိုင်နှုန်း ဝန်းကျင်သာ မိုးရွာနိုင်ပါတယ်။ 

    ဝါးခယ်မမြို့နယ်တွင် ယနေ့ မိုးရွာရန် ရွာနှုန်း ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ ၁၂ ရက်ကနေ ၁၅ ရက်အတွင်းမှာတော့ ၈၀ ရာခိုင်နှုန်းဝန်းကျင်သာ ရွာနိုင်ပါတယ်။ တဖြည်းဖြည်း ရွာနှုန်းလျော့နည်းလာပြီး ၁၆၊ ၁၇ ရက်တွေမှာတော့ ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိနိုင်ပါတယ်။ 

    ကျုံပျော်မြို့နယ်တွင် ယနေ့ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ ၁၂၊ ၁၃ ရက်တို့မှာတော့ ရွာနှုန်း ၈၀ နီးပါးအထိ ရှိနိုင်ပါတယ်။ ၁၄ ရက်မှာ ၆၀ ရာခိုင်နှုန်း လျော့နည်းလာနိုင်ပြီး ၁၅ ရက်မှာ ၇၅ ရာခိုင်နှုန်းဝန်းကျင်ပြန်လည် မြင့်တက်လာနိုင်ပါတယ်။ တစ်ဖန် ၁၆၊ ၁၇ တို့မှာ ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိနိုင်ပါတယ်။

    ဇလွန်မြို့နယ်တွင် ယနေ့နဲ့ မနက်ဖြန်အတွက် မိုးရွာနိုင်နှုန်း ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ၁၃ရက်နေ့မှာတော့ ၆၀ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ ၁၄၊ ၁၅ ရက်တို့မှာ ၉၀ရာခိုင်နှုန်း ပြန်လည်မိုးများလာနိုင်ပြီး ၁၆၊ ၁၇ ရက်တို့မှာ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်လျော့နည်းလာနိုင်ပါတယ်။

    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်များ   

    • ဩဂုတ် ၁၁ မှ ဩဂုတ် ၁၇ ရက်နေ့ထိ နေ့စဥ်မပြတ် မိုးရွာသွန်းနိုင်သဖြင့် စပါးစိုက်ခင်းအတွင်း ရေပြည့်လျှံနေခြင်းများ ဖြစ်ပွားနေနိုင်ပါသည်။
    • စပါးပင်ပွား ထွက်သည့် ကာလ ဖြစ်သည့် အတွက်ကြောင့် စပါးခင်းအတွင်း ရေများနေခြင်းက ပင်ပွားနှုန်းကို ထိခိုက်စေနိုင်တာကြောင့် ရေထုတ်မြောင်းများ ပြုလုပ်၍ စနစ်တကျ ရေထုတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
    • ပင်ပွားထွက်ချိန်တွင် ပုလဲမြေဩဇာ တစ်မျိုးတည်း ကျွေးခြင်းထက် အာဟာရစုံလင်စွာ ပါဝင်သည့် ကွန်ပေါင်း ဓါတ်မြေဩဇာများနှင့် ရောကျွေးပါ။ ဓါတ်မြေဩဇာ တစ်ချိုးကို သဘာဝမြေဩဇာ (နွားချေးဆွေး၊ စပ်မြေ၊ ကြံမြှုပ်ချေး၊ ဘိုကာရှီစသည်ဖြင့်) သုံးချိုးဖြင့် ရောနှပ်၍ ကျွေးပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။  
    • ဘတ်တီးရီးယား ရွက်ခြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါ၊ ရွက်ဖုံးပုပ်ရောဂါနှင့် ရွက်ညိုပြောက်ရောဂါ တို့ကို အထူးကြိုတင် ကာကွယ်ပါ။
    • ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသည် အသုံးပြုပြီး အနည်းဆုံး ၄နာရီအထိ အပင်ပေါ် ရှိနေမှသာ အစွမ်းပြနိုင်တာကြောင့် ယခုလို မိုးရာသီကာလမှာ အသုံးမပြုမှီ ရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ ချင့်ချိန်သုံးစွဲပါ။ ကော်ရည် ကပ်ဆေးကိုလည်း ထည့်သုံးပေးပါ။
    • ဒါ့အပြင် နေ့စဥ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ရေကြီးမှု ဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်ရန် မိုးလေဝသ သတင်းများကို ထွက်တိုးမှတစ်ဆင့် အချိန်နဲ့အမျှ စောင့်ကြည့်ပေးပါ။
    • ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး စိုက်ပျိုးရေးနှင့်မိုးလေ၀သ အကြံပြုချက်များကို ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။  

    Source: CIAT 

     


  • article
likes6comments0
views164views3146