cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သြဂုတ်လ ၇ မှ ၁၁ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
ဒီတစ်ပတ်မှာ ဆန်၊ စပါးစျေးက စံချိန်တင်မြင့်တက်ပြီး မြေပဲ၊နှမ်း စတဲ့စျေးတွေလည်းတက်လာပေမယ့် မတ်ပဲ အပါအဝင် ပဲသီးနှံအချို့ကတော့ စျေးပြန်ကျသွားပါတယ်။
  • ဆန်

     

    ပြည်တွင်းဆန်စျေးက ဆက်တိုက်မြင့်တက်လာနေပြီး စံချိန်တင် စျေးတန်းတစ်ခုကိုပင်ရောက်နေတယ်လို့ ဆန်ကုန်သည်တွေကဆိုပါတယ်။


    ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး က တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁သိန်း ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကိုကနေ ၉၉၀၀၀ ကနေ ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၉၄၀၀၀ ကနေ ၉၇၀၀၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၂၅၀၀၀ မှ ၁၃၅၀၀၀ အထိစျေးတက်လာပါတယ်။


    ပြင်ပဆန်စျေးကွက်မှာက နေရာဒေသအပေါ်လိုက်ပြီး ရွှေဘိုပေါ်ဆန်း ထူးရှယ်တစ်အိတ်ကို အမြင့်ဆုံး ၁၆၀၀၀၀ ကျပ်ထိ မြင့်တက်သွားတယ်လို့သိရပါတယ်။


    ဆန်ကြမ်း ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၆၅၀၀၀ ကနေ ၆၇၀၀၀ ပေါက်ဈေးရှိပြီး ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၃၀၀၀ ကျပ် ၊ ငစိန်က ၆၅၀၀၀ ကနေ ၆၇၀၀၀ ကျပ်၊ရက် ၉၀ ဆန်က ၇၅၀၀၀ ကနေ ၈၀၀၀၀ ကျပ် ၊ကျားပျံရှယ်က တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၀၅၀၀ ကျပ်အထိဖြစ်လာပြီး ဧရာပဒေသာဆန်ကလည်း ၂၄ ပြည်တ်အိတ်ကို ၁၄၀၀၀၀ ကျပ်အထိ စျေး​​မြင့်တက် လာပါတယ်။


    ဒါကြောင့် ရွှေဘိုပေါ်ဆန်း နဲ့ ဧရာပဒေသာ ဆန်က အရင်တပတ်ကထက် ၁၀၀၀၀ လောက် ထပ်မံ မြင့်တက်လာပြီး ကျန်တဲ့ဆန်တွေကလည်း တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။

     

    မတ်ပဲ

     

    စျေးတွေဆက်တိုက်မြင့်လာတဲ့ မတ်ပဲ ခုတပတ်မှာ အကျဘက်ပြန်ဦးတည်ပြီး ပိဿာ ၂၀ တစ်တင်းကို ၇၆၃၀၀ ကျပ် နဲ့ အရင်ပတ်ကထက် တစ်တင်းကို ၁၃၀၀ ကျပ် စျေးကျသွား ပါတယ်။


    မတ်ပဲကတော့ တောင်သူတွေလက်ထဲမှာ သိပ်မရှိတော့တာကြောင့် စျေးကွက်ထဲဝင်လာသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ ပဲကုန်သည် တွေဆီက သိရပါတယ် ။


    ရန်ကုန်ဈေးကွက်မှာလည်း စျေးကျဆင်းနေရာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၃၅၉၅၀၀ စျေးတန်းထိကျသွားပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၇၅၀၀ ကျပ် ကျဆင်းသွားတာဖြစ်ပါတယ်။


    မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၂၈၀၀၀ ကနေ ၂၃၀၀၀၀ အထိ စျေးကျသွားရာ အရင်တပတ်နဲ့ယှဥ်ရင် တစ်အိတ်ကို ၁၀၀၀၀ ကျပ် စျေးကျသွားပါတယ်။

     

    ပဲစဥ်းငုံနီ

     

    စျေးတန်းငြိမ်နေရာကနေ ပြီးခဲ့တဲ့ အပတ်မှာ စျေးပြန်တက်ခဲ့တဲ့ ပဲစင်းငုံနီလည်းခုတပ်မှာ စျေးပြန်လည်ကျဆင်းသွားပါတယ်။ပဲစဥ်းငုံနီက ပြည်တွင်း စားသုံးမှုနည်းပြီး ပြည်ပပို့ကုန်အဖြစ် အိန္ဒိယကိုသာ အဓိကတင်ပို့ရ​တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပဲစဥ်းငုံနီက အသစ်ပေါ်တာ နည်းတာကတကြောင်း၊ ဈေးကွက်မှာ အဟောင်း လက်ကျန်နည်းနေတာကြောင့် အရောင်းအဝယ်လည်း အေးတဲ့ အခြေအနေဖြစ်နေတယ်လို့ စျေးကွက်အရသိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အရင်ပတ်က ၃၂ သိန်း ၄၂၅၀၀ ကျပ်ရှိခဲ့ပေမယ့် လက်ရှိမှာ တစ်တန်ကို ၃၁ သိန်း ၁၅၀၀၀ ကျပ် စျေးတန်းဖြစ်သွားတာကြောင့် တစ်တန်ကို ၁ သိန်း ၃၀၀၀၀ ကျပ် စျေးကျဆင်းသွားပါတယ်။


     မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီ အတက်အကျမရှိဘဲ ပဲစဥ်းငုံနီ တစ်အိတ် ၃၁၀၀၀၀ ကျပ်နဲ့ စျေးတန်းမှာပဲ ရှိနေပါတယ်။


    ပခုက္ကူ ကုန်စည်ဒိုင် မှာလည်း ပဲစဥ်းငုံနီ စျေးကျသွားပြီး ပိဿာ ၂၀ တစ်တင်းကို ၁၀၀၀၀၀ ကျပ် စျေးတန်းရှိနေပါတယ်။

     

    ပဲတီစိမ်း

    အတက်အကျမရှိဘဲ ငြိမ်နေတဲ့ ပဲတီစိမ်းကတော့ ခုတပတ်မှာ စျေးတန်းကျဆင်းသွားပါတယ်။ပဲတီစိမ်းကလက်ရှိမှာ ဟင်္သာတ ကနေ စျေးကွက်ထဲကို ဝင်ရောက်မှုရှိသလို မန္တလေးအနီးတဝိုက်ကနေလည်း ဝင်ရောက်မှုရှိကြောင်း၊ တရုတ်ကလည်း ပဲအရည်အသွေးပေါ်လိုက်ကာ အဝယ်ရှိလို့ စျေးတန်းကကျသွားတာဖြစ် တယ်လို့သိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၀၀ ကျပ်နဲ့ ၁၅၆ ကျပ်ကျဆင်း ၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၂၅၀ ကျပ် နဲ့ ၅၀ ကျပ်ကျဆင်း၊ပဲတီစိမ်း(ဝါးခယ်မ)ကကတော့ စျေးနည်းနည်းတက်သွားပြီး တစ်ပိဿာကို၂၇၅၀ ​ ကနေ ၃၀၈၅ ကျပ်ဖြစ်သွားလို့ အရင်တပတ်ကထက် ၁၀၀ ကျပ်ဝန်းကျင် တက်လာပါတယ်။


    မန္တလေးဈေးကွက်မှာလည်း စျေးတန်းကျဆင်းနေရာ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို အနိမ့်ဆုံး ၁၄၅၀၀၀ ကနေ ၁၆၈၀၀၀ကျပ်ဖြစ်လို့ အရင်တပတ်ကထက် ၂၀၀၀၀ လောက် စျေးကျသွားတာဖြစ်ပါတယ်။


    နှမ်း

     

    နှမ်း စျေးကတော့ ဆက်တိုက်မြင့်တက်လာပြီး ခုတပတ်လည်း ထပ်မံမြင့်တက်လာတယ်လို့ ကုန်စည်ဒိုင် တွေကသိရပါတယ်။နှမ်းက ပြည်ပကို တင်ပို့နေရတဲ့အတွက် စေတန်းက ဆက်တိုက်မြင့်တက်လာပြီး မန္တလေးစျေးကွက်မှာ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ် ။


    မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃တင်းအိတ်ကို အနိမ့်ဆုံး ၃၈၅၀၀၀ ကျပ်ကနေ ၄၀၀၀၀၀ ကျပ် စျေးတန်ဖြစ်လာလို့ အရင်ပတ်နဲ့ယှဥ်ရင် ၃၅၀၀၀ ကျပ်မြင့်တက်လာပြီး နှမ်းဖြူ ဂျပန်ကတော့ ၄၁၅၀၀၀ ကနေ ၄၂၀၀၀၀ ကျပ် စျေး​ဖြစ်လာပြီး အရင်ပတ်ကထက် ၃၅၀၀၀ ကျပ် စျေးတက်လာကာ၊ နှမ်းညိုကလည်း ၃၁၀၀၀၀ ကနေ ၃၁၅၀၀၀ ဖြစ်လာလို့ အရင်ပတ်ကထက် ၂၀၀၀၀ ကျပ်စျေးတက်လာတယ်လို့ သိရပါတယ် ။

    AMIA

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments1
views173views2488