cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပထမနေ့ ဝေဒနာ

. သတင်းစုံ
“တစ်ကိုင်ပြီးတစ်ကိုင်၊ တစ်ဖတ်ပြီးတစ်ဖတ်၊ တစ်စည်းပြီးတစ်စည်း နုတ်လိုက်ပါတော့လား၊ အခုတော့ ဟုတ်ပေါင်၊ခုနစ်ရက် ထမင်းမတွေ့တဲ့ပုံနဲ့´´

  • ပျိုးနုတ်သမားများကို ကြည့်မိတိုင်း ရည်းဆေးရိုး၏စိတ်ထဲတွင် မရိုးမရွဖြစ်လာသည်။

    “တစ်ကိုင်ပြီးတစ်ကိုင်၊ တစ်ဖတ်ပြီးတစ်ဖတ်၊ တစ်စည်းပြီးတစ်စည်း နုတ်လိုက်ပါတော့လား၊ အခုတော့ ဟုတ်ပေါင်၊ခုနစ်ရက် ထမင်းမတွေ့တဲ့ပုံနဲ့´´

    မကျေနပ်စိတ်သည်လည်း ရင်ထဲ၌ လှုပ်ရှားလာချေသည်။လယ်ပြင်ကြီးတစ်ခုလုံးမှာ ရှင်းနေသည်။ ငြိမ်သက်နေသည်။ လှုပ်လှုပ်ရွရွဟူ၍ မိမိတစ်ဦးတည်းသာ ကျန်တော့သည်။ဒေါသေထွက်နေ၏။ ကြားနေကျ တေးဟစ်သံများ၊ နွားငေါက်သံများ မကြားရသောကြောင့်ဖြစ်သည်။ သို့လျှင်ဖြစ်ငြား၊အစိမ်းရောင်စုံ စပ်ကန့်လန့်ကာကြီးတစ်လျှောက် မျက်လုံးကစားလိုက်သည့်အခါ အားတက်သည်။

    “ဟ...ဘယ်မှာ ငါတစ်ယောက်တည်း ဟုတ်လို့တုံး”အချို့မှာ လယ်ပွဲကြီးတစ်ဖွဲ့လုံး ထွန်တုံးပိတ်သွားငြားပျိုးခင်းကျန်နေသေးသည်။ အချို့ က စိုက်စရာမကျန်တော့ပါ၊ ပျိုးခင်းမှာပင် စိုက်ပြီးပြီ၊ သို့ရာတွင် ကန်သင်းပေါ်တွင် ရပ်ရင်း၊ ပဲကြီး၊ ပဲလွမ်း၊ မောင်မခေါ်၊ တိုင်ထောင်ပဲ၊ပဲပိစပ် စသည့်ပဲများ စူးထိုးစိုက်ရန် ကျန်သေးသည်။

    ဟိုဘက်လယ်ကွက်မှာလည်း ရေ၊ သည်ဘက်မှာလည်းရေ၊သည်ရေပြင်နှစ်ခုကြားက ကန်သင်းတွင်စိုက်ပါက ရေမလောင်း ပေါင်းမသင်ရဘဲ လေးငါးတင်းရနေကျ မဟုတ်လား၊ သို့ဖြစ်၍ ကန်သင်းတွင် စူးထိုးစိုက်ရန်ကိုလည်း မေ့မထားနိုင်၊ ဤနည်းအားဖြင့် လယ်ပွဲတိုင်းတွင် လူများလှုပ်ရွနေကြသည်။

    ရည်းဆေးရိုးမှာသော်ကား သူတကာထက် နောက်ကျသည်။ ရေနက်ပိုင်းတွင် အစိုက်စောသည်နှင့်အမျှ ကုန်းတန်းပိုင်း နောက်ကျသည်။ ယခုပင်ကြည့်၊ရေနက်ပိုင်း လယ်ကွက်များတွင် အစိမ်းရင့်ရောင် စပါးပင်ကြီးတွေ တရှဲရှဲလေဝှေ့သံပေးနေပြီ၊ အမြင့်ပိုင်း “အကာဘန်း”မှု ထွန်ဆဲ၊ တမန်းပြန်ဆဲ။

    တမန်းပြန်နေရာက ပျိုးခင်းဘက်သို့ လည်ဆန့်ကာ ဆန့်ကာကြည့်သည်၊ ပျိုးနုတ်သမားများမှာ ရွေ့သည်မထင်ရ။“ငါ့နှယ်နော်၊ ဘယ်လိုကောင်များခေါ်လာမိပါလိမ့်'ချက်ချင်းပင် ရှည်းဆေးရိုး၏ အလျင်စလိုစိတ်ကိုတရားက ကြိမ်တို့၏။

    “အင်းလေ ဟုတ်သားပဲ၊ ငါတမန်းပြန်ဖို့ကိုက တစ်ကွက်တောင်ကျန်သေးတာပဲ၊ သူနုတ်လို့ ပြီးသွားတော့ကော ငါကထွန်နိုင်မှာမို့ လား”

    ထိုအခါ စိတ်မရှည်မှုသည် လျော့ပါးသွား၏။စင်စစ်ရည်းဆေးရိုး၏ ပျိုးခင်းထဲတွင် ပျိုးသုံးရာထက်ပို၍ မကျန်တော့ပါ။ ဤမျှသည်ပင်လျှင် စစ်စစ်ဖာဖာ လိုက်နုတ်ပါမှရမည့် …အရေအတွက်။ သည်မျှအတွက် ပျိုးနုတ်သူနှစ်ယောက်ခေါ်ဦး။ လိုက်ချင်သူ ရှိရန်မလွယ်၊အကြောင်းမူ -ပျိုးနုတ်သမား၏ လုပ်အားနှင့် ကျွမ်းကျင်မှုကို အစွမ်းကုန်အသုံးမချနိုင်သောကြောင့်ပေတည်း။

    လေတဟူးဟူးတိုက်နေသည်။နေသည်ပြောပလောက်အောင် … မစူးမပြင်း။ နွားနှစ်ကောင်မူစမြုံ့ပြန်ပင်မပျက်။ တစ်လှမ်းချင်း လှမ်းလျက်အစိုထွန်ကြီးကိုတအိအိဆွဲနေသည်။ နွား နှစ်ကောင်အေးဆေးနေသည်နှင့်အမျှ ထွန့်နောက်က ရည်းဆေးရိုးမှာ ပင်ပန်းလှသည်။ထွန်ကြောင်းမှတ်တိုင် အဟောင်းကို သိမ်းရသည်။ ထွန်ကြောင်းအသစ်အတွက် မှတ်တိုင်စိုက်ရန်ကိုလည်း မေ့၍မဖြစ်၊ထွန်သွားတွင် ငြိလာသောအမှိုက်ကို ဆွဲပစ်ရသေး၏။ တက်လာသည့် ထွန်ချေးစာ နှမ်းဖတ်ခဲပုံဖြင့်- လန်ကျမသွားလျှင်ခြေဖြင့် ထိုးကော်ချရသေး၏။

    အကောတန်း နောက်ဆုံးလယ်ကွက်သို့ ခြေချမိချိန်တွင်ရည်းဆေးရိုး‘ဒူးဆတ်ခေါက်’လိုက်နေပြီ၊ မောလည်း မောလာပြီ။ သို့ဖြင့်“ထွန်နား”ထားခဲ့ကာ ပျိုးခင်းအနီး ကန်သင်း-ဆုံသို့ ရောက်လာခဲ့လေ၏။ကိုင်းပင်ကြားတွင် ညှပ်ထားခဲ့သော ဆေးလိပ်တိုကို'လှမ်းယူမိငြား၊ ရည်းဆေးရိုး၊ မီးမညှိနိုင်သေးပါ။ နွားချေးချပ်ကိုငေးကြည့်နေမိ၏။ နွားချေးခြောက်၏ အနားစွန်းတွင် ပြာဖြူဖြူ ဥဥကလေးတွေ ဖြစ်နေပြီ။ သည်ပြာဖြူနှင့် နွားချေးချပ်ကြားမှ မီးခိုးတလူလူ လွင့်ဝေနေပေ၏။

    ရည်းဆေးရိုး၏ အကြည့်သည် မီးခိုးနွယ်ကို ဖြတ်လျက်ပျိုးနုတ်သမားများထံ ရောက်သွားလေသည်။ ဖြန်းခနဲ ဖြန်းခနဲ ပျိုးပင်နှင့် ရေနှင့်ထိတိုင်း အသံထွက်လာသည်။ အသံတွက်လာတိုင်း လည်ကုပ်မှ ချွေးစက်များ စီးကျသွားသည်။

    “ငါကသာ နှေးတယ် ထင်နေတာကိုး၊ သူ့မှာတော့လဲမသက်သာပါကလား'

    ပျိုးတပ်ကိုင်နုတ်လိုက်တိုင်း ထင်းခနဲပေါ်လာသော နံရိုး

    များကို ရည်းဆေးရိုး ဘေးတိုက်မြင်ရသည်။ ပျိုးနုတ်သူသော်ကား ရည်းဆေးရိုးကို သတိမထားနိုင်ဘဲ ဝဲယာ သိမ်းနုတ်လိုက်၊ ရှေ့တိုးလိုက်၊ ပျိုးဖတ်ကိုစီလိုက်၊ ရေပြင်တွင် ဆောင့်လိုက်၊ နှီးပင်ကို လှမ်းဆွဲလိုက်နှင့်ပင်ရှိချေ၏။

    တုံးကြီးခေါက်သံ ရပ်စဲသွားပြီး ကြက်တွန်သံများလည်းအလုအယက် တွန်ကြူးရာက ကြဲပါးစပြုပြီ။ရှမ်းဘိုကုန်းရွာသည် အသေကောင်ကြီးသဖွယ် အိပ်မော

    ကျနေရာက ညင်သာ လူးလွန့်လာ၏။ နာကျင်ကိုက်ခဲသော

    ဝေဒနာကြီးသည် သွေးပူလာသည့်အခါ မြန်ဆန်စွာ လှုပ်

    ရှားလာနိုင်ပြီ။မီးရောင်ကလေးတွေ ပွင့်လာပြီ။ စကားပြောသံများပေါ်လာပြီ။

    “ဟဲ…ဆေးရိုး၊ ပျိုးနုတ် လိုက်မလို့ဆို´

    အမေသည် ဆေးလိပ်တဖွားဖွား ချောင်း တဟွတ်ဟွတ်

    ဖြင့် နိုးလာရာက လှမ်းနှိုး၏။ ကိုဆေးရိုးကမူ အာခေါင်ခြစ်၍

    ဟောက်နေသေး၏။

    “ဟဲ…ဆေးရိုး’

    အမေသည် ဝါးခြမ်းပြင်ကိုပါ လက်ဝါးဖြင့် ပုတ်သည်။

    “ဆေးရိုးလို့ ဆိုနေ”

    “ဟာဗျာ….အစောကြီး ဘာပြုလို့များ….

    “နင် ပျိုးနုတ်လိုက်မယ်ဆိုလို့ နှိုးတာဟဲ့´

    ကိုဆေးရိုး ကုန်းရုန်းထသည်။ ဟုတ်ပါကလား။ ပျိုးနုတ်

    လိုက်မှ ပိုက်ဆံရမှာပါကလား။ သည်အသိကြောင့် လူးလဲ

    ထူထောင်ရာ မျက်စိကို ဖွင့်၍မရ ။

    “ထမင်းတော့ရှိတယ်။ ဟင်းကတော့ မကျန်ဘူး၊အေး.….

    အေး..ငရုတ်သီးထောင်း အကပ်အသတ်နဲ့ ငါးပိဖုတ်တော့

    ရှိဦးမလား မသိဘူး”

    အမေသည် .. ဆက်မပြောနိုင်ဘဲ ချောင်းဆိုး နေသည်။

    ကိုဆေးရိုး ‘ဂျီရိပတ္တ’ များမနေအား။ မျက်နှာကို ခါးက

    ပုဆိုးဖြင့်သုတ်ရှင်း မီးဖိုထဲသို့ ဝင်ခဲ့ရသည်။ ကြွက်လှန်ထား

    သော ထမင်းအိုးတွင်းမှ ထမင်းကြမ်းခဲမှာ ကြွက်ခြေရာများ

    ပွနေ၏။ ပွပါစေ၊ ဝမ်းဖြည့်စရာဟူ၍ သည်အရာသာရှိသည်။

    ပျိုးနုတ်သမားမှာ ဝမ်းမတောင့်၍ မဖြစ်။

    ကျွဲချိုမှုတ်သံတကူကူကို ကြားရသည်။ သည်အသံ ထွက်

    ပေါ်ရာအရပ်သို့ ပျိုးနုတ်သမားတွေ လာရောက် စုရုံးရန်

    ဖြစ်သည်။ယနေ့သည် ပွဲဦးထွက်။မည်သည့်နေရာ၊ မည်သည့်လယ်ဟု ကြိုတင်မသိရ။ သိထားလျှင် နောက်ကျ၍မဖြစ်။ ကိုဆေးရိုး ထမင်းကို အလောတကြီးမြိုသည်။ အရေးကြီးခါမှ ထမင်းက “နင်”နေသည်။

    ရင်ထဲတွင် အရိုးတစ်ချောင်း ဝင်စူးပြီလော ထင်ရသည်။

    အသက်ရှူ၍ မကောင်း။

    ဆေးရိုးရေ၊သွားရအောင်ဟေ့

    ကိုအောင်မြ အသံ။

    ကိုဆေးရိုးမှာ အသံလည်း ထွက်မလာနိုင်။ သို့ရာတွင်

    အမေက ထမင်းစားနေတုန်း၊ ခဏနေဦး’ လှမ်းပြော

    ဖော်ရသဖြင့် နေရာကျသွား၏။

    “ဘာလို့စားနေမှာတုံးကွ၊ ရှားပင်ပေါင်း အလွန်ကလေး

    တင် ဥစ္စာ။……..

    ထိုအချိန်တွင် ကိုဆေးရိုးမှာ ချမ်းသာခြင်းကြီး ချမ်းသာသွားပြီ။ နင်နေသော ထမင်းလုတ် လျှောခနဲ ကျသွားသောကြောင့်ဖြစ်သည်။“အောင်မြရေ၊ လာပြီဟေ့ ခဏလေး ခဏလေး''ကိုဆေးရိုး ကုန်းထရင်း ထမင်းကိုလွေးသည်။ ငရုတ်သီးထောင်း အကြွင်းအကျန်နှင့် ငါးပိဖုတ် အကပ်အသတ်ပေမယ့် အရသာ ရှိလှသည်။ ထမင်းအိုးထဲတွင် ကျန်နေသေးသော ထမင်းနှစ်လုတ်စာကို ထားပစ်ခဲ့ရန် ၀န်လေးသည်။သို့ကြောင့်တစ်လုပ်ကိုခွံ့ပြီး တစ်လုတ်ကို လက်က ကိုင်ထားရသည်။

    '

    … ဆေးမနေနဲ့၊ အိုးထဲမှာ ထည့်ပြီး ဖုံးထားခဲ့။

    အမေ မပြောမီကပင် ပန်းကန်နှစ်လုံးကို ထမင်းအိုးထဲ

    ထည့်ပြီးပြီ။ စလောင်းဖုံး ဖုံးခဲ့မိပါစ။ လက်ဆေးမိပါစ။

    ကိုဆေးရိုး သတိမထားမိပါ။ ခမောက်ကိုဆွဲ ဆေးလိပ်တိုကိုဆွဲလာမိသည်သာ သတိထားမိ၏။

    “ဝေးတယ်ထင်လို့ ထမင်းစားနေပါကွ”

    “မင်း စောင့်နေရတာနဲ့ကောက်စိုက်သမတွေ ဝေးသွားပြီ။

    သူတို့ သွက်သွက်လှမ်းကြသည်။ရွာပြင်မှ နံနက်ခင်းလေက အေးမြစွာ ဆီးကို၏။ အရှေ့ဆီတွင် မှောင်နေဆဲရှိသေးငြား ကောက်စိုက်သမတို့၏မောင်းသံကို ကြားရသဖြင့် အကွာအလှမ်းကို မှန်းဆနိုင်၏။ရယ်မောသံကလေးတွေ၊ တေးချင်း ညည်း သံ က လေးတွေကြောင့်ကိုအောင်မြနှင့် ကိုဆေးရိုး ခြေလှမ်းသွက်သည်။

    …ဟေ့ လူမစုံသေးဘူးဟ၊ စောင့်ကြပါဦး”

    တာလမ်းပေါ်မှ ဆီးကြိုတားမြစ်သူမှာ ကိုပိတ်စ ဖြစ်၏။

    ပွဲဦးထွက်နေ့မို့ နေရာမသိသူများ နစ်နာနိုင်သည်။ သို့ဖြင့်

    ကောက်စိုက်မများနောက် အမီလိုက်ရေး စိတ်ကူးမှာ ပြယ်

    လွင့်ရသည်။ သူတို့၏ သီးခေါက်နံ့ သနပ်ခါးနံသာ လေတွင်

    - ကျန်ရစ်၏။

    ‘မောင်တို့……မောင်တို့’

    ‘လေလေ့……လေလေ့’

    “သရက်ပင်အောက်မှာ သောက်ရေအိုးရှိတယ် မောင်တို့၊

    နှီးစည်းကို ကန်သင်းပေါ်မှာ ထားတယ်၊ စေတနာထားပြီး

    ကောင်းကောင်းလေး လုပ်သွားကြပါကွယ်တို့

    လယ်ရှင်သည် ပျိုးနုတ်သမားများ ဘလွတ်ရွတ်တ ပြော

    သံကို မကြာ ဟန်ပြုလျက် သူ ဆန္ဒပြောအပြီး၌ သရက်ပင်

    အောက်သို့ ပြန်ပြေးသွားလေ၏။

    စိတ်ချ… စိတ်ချ၊ ပျိုးတစ်ဆုပ်ကို လက် ကောက် ဝတ်

    လောက် ရှိပါစေ မယ်'

    “ဒါပေါ့ဗျာ၊ ကိုင်လိုက်ဘာနဲ့ တစ်ပင်စီ ဖြစ်ပါစေ မယ်’

    သူတပါး ပြောသမျှကို သွားအဖူးသားပေါ်အောင်

    ` ဆေးရိုး ရယ်သည်။ ရယ်မောသော်ငြား ရပ်မနေ၊

    တစ်ရာနှီးစည်းကို ခါးပုံနှင့်လုံးစနှင့် လုံးကာ ခါးရှေ့ တွင်

    ထည့်တားပြီး၊ ပျိုးခင်းထဲ ဆင်းခဲ့သည်။ဆင်းကတည်းက

    “ကတွတ်ပေါက်”နှင့် မတိုးမိမည့်နေရာကို ရွေးချယ်ပြီး ဆင်းဖြစ်၏။မှောင်နှင့် မည်းမည်းအောက်မှ ပျိုးခင်းထဲတွင် ထိုင်စရာမရှိသေး။ သို့အတွက် ခါးကုန်းလျက် “ဆင်ဖမ်း” ဖမ်းသည်။တစ်ကိုင်စာနုတ်လိုက် “ဟာ..ခိုင်တယ်ဟ’ တစ်ချက် အော်သည်။ နောက်ထပ် နုတ်ပြန်သည်။ “အမယ်လေး ညောင်ပင်ကြီးနုတ်ရသလား မှတ်ဟေ့”အော်ပြန်သည်။

    အော်သာ အော်ငြား အနုတ်မရပ်၊ လေးငါးခြောက်

    ကိုင်စာမျှ ဆွဲနုတ်မိမှ ထိုင်စရာ ကွက်ကွက်ကလေး ပေါ်လာသည်။

    ၄၅ ရက်သား မကျော်သေးသရွေ့ ပျိုးမနုတ်သော

    အချိန်အခါမျိုးမှလွဲ၍ လွှဲ၍ နုတ်လိုက်တိုင်း ပျိုးပင်ဖျားက

    ပါးကိုရိုက်သည်။ လွဲ၍ လွှဲ၍ ဆွဲသောကြောင့် အနုတ်ရ

    လွယ်ကူသည်။ကိုဆေးရိုးသည် ထိုအခါတွင်ကား လွယ်လိုက်

    တာ ညင်သာလိုက်တာ မအော်တော့ချေ။

    လေကလေး တဖြူးဖြူးဖြင့် အအေးဓာတ် ရှိခိုက်တွင်

    အားသွန်နုတ်ကြ၏။ ပျိုးဖျားခတ်သံ၊ ပျိုးစည်း စည်းသံများ

    သာလျှင်၊ ပျိုးခင်း၏ အသံဗလံ ဖြစ်နေပေတော့သည်။

    သူတစ်ပါးတွေ လေးငါးဆယ်ရသည်အထိ ပျိုးခင်းထဲသို့

    ကိုဘသောင်း မဆင်းသေး။မဆင်းသေးငြား၊ ခါးတောင်းကို

    ကျိုက်ထားပုံမှာမြှောင်’နေ၏။ ကွမ်းစားသယောင်ယောင်

    ရေသောက်သယောင်ယောင်၊ ပျိုးခင်းဝင်ရေ ကြည့်သယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ် လုပ်နေ၏။

    “အောင်မာ၊ ဆေးရိုးတို့က တယ်လဲ လုပ်လိုက်ပါကလား”

    ကိုဘသောင်း ဆင်းလာချိန်တွင် လင်းရောင်ခြည်လာလေ

    ပြီ။ ကိုဆေးရိုးလည်း ပျိုးတစ်ရာရပြီး နှီးပြတ်များ ပျိုးပြတ်

    များသည် ပျိုးခင်း ရေပြင်တွင်း၌ ကူးကလန်ခတ်နေကြ

    သည်။

    “ပျိုးနုတ်ဖို့လာတာ ပျိုးနုတ်မှာပေါ့ကွ၊ မင်းလိုလတ်လျား

    လတ်လျားလုပ်မနေအားဘူး မောင်ရေ´ ကိုဘသောင်း အရှက်ပြေ ရယ်သည်။ ထိုနောက် အရှက်ပြေ ပြောနေပြန်၏။

    “မြင်မြင်ထင်ထင်ရှိမှ ဆင်းဝံ့တယ်၊ မြွေရှိသလား၊

    ငြောင့်ရှိသလား မသိ။

    ပျိုးနုတ်သမားသည် ရေထဲ၌ ဒူးထောက်ပြီး နုတ်ရ၏။

    ခြေဖဝါးကို ထောင်ထားကာ လူရွေ့သမျှ ထောင်လျက်

    ရွှေ့ ပြောင်းလိုက်ရပါသည်။ ကိုယ်အလေးချိန်သည် ဒူးပေါ်

    ရောက်လိုက် ခြေဖျားပေါ်ရောက်လိုက် ဖြစ်သည်။ ပျိုးပင်

    ခြား၌ မြွေရှိသလော၊ မည်သူမျှ မဥပဒ်၊ ပျိုးရရန် အရေး

    ကြီးသည်။မြွေတစ်ကောင် ရှိနေပြီ၊ အချိန်မီ ထွက်မပြေးလျှင် ပျိုးနူတ်သမား၏ ခါးကို ရစ်ပတ်မိရန် အနေတော် ဖြစ်သည်။

    ရေထဲတွင် ပျော်ပိုက်သော မြွေကလည်း ရေမြွေဖြစ်လျှင်

    ဖြစ်၊ မဖြစ်လျှင် မြွေပွေး။ ထို့ကြောင့် ပျိုးနုတ်သမား

    သည် မြွေသံ မကြားလို။မကြားလိုသော စကားကို ကိုဘသောင်း ပြောလေပြီ။ရွှံ့မည်းမည်းတစ်ခဲသည် ကိုဘသောင်း၏ … ပြောင်ထင်းနေသော ကျောပြင်ပေါ်သို့ ဖြန်းခနဲ ကိုဘသောင်းကပျိုးအနုတ်မပျက်။

    ဟေ့ ကောင်တွေ၊ ဟေ့ ကောင်တွေ

    နောက်တစ်ခဲ ကျရောက်လာသည်။ ခမောက်မှာ ခါခနဲ

    ဖြစ်ကာ လည်ထွက်သွား၏။

    “ ဟ ကောင်တွေနော်၊ ရပ်နဲ့ရွာနဲ့ ပြောပြီး ဆိုပြီးသား၊

    မင်းတို့ ကျေနပ်အောင် ပေးပြီးသား၊အခုမှ ပစ်လားခတ်လား မလုပ်နဲ့၊ လုပ်ရင် မင်းတို့ နှမပဲ အရှက်ရမှာ

    သူ့ကိုယ်သူ မင်္ဂလာသတို့သားဟန် သူ့ကိုပစ်ခဘ်သူမှာ

    နှမပေးရသူ ဖြစ်လေဟန် ပြောငြား၊ ရွှံ့ခဲနှစ်ခဲ ရောက်လာ

    သည်။ တစ်ခဲက ခေါင်းပေါ် တစ်ခဲက ကျောပေါ်၊ ကျော

    ပေါ်က ရွှံ့ခဲမှာ အတန်ကြီးသဖြင့် ကိုဘသောင်း ကျောကော့

    သွား၏။

    “ဟေ့ကောင်တွေလို့ ပြောနေတယ်နော်၊ ဟေ့

    ဟေ့ အရောက်တွင် ရွံ့နှင့်မျိုးပင်နှင့် လုံးထွေးထားသော

    အခဲတစ်ခဲ ကိုဘသောင်း၏ပါးကို ထိပြန်သည်။ကိုဘသောင်းပါးစပ် ပိတ်သွားသည်။ နောက်တစ်ခဲ ခမောက်ပေါ် ရောက်လာစေကာမှု မပြောတော့။ ရွှံ့ခဲအကျလည်း ရပ်စဲသွား

    သည်။

    ထိုအဖြစ်အပျက်တွင် ကြားထဲက အူနာသူမှာ ကိုဆေးရိုး။

    ပျိုးကို ကုန်းနုတ်လိုက်၊ ကိုဘသောင်းကိုလှည့်ကြည့်ကာ ရယ်မောလိုက်ဖြင့် ကြာလာသော်မရယ်နိုင်တော့ပါ။

    “တော်ကြပါတော့ကွာ၊ ကြားထဲက ငါ ပျိုးအနုတ် ပျက်

    လှသိကွာ”

    ပွဲဦးထွက်နေ့မို့ ပင်ပန်းသည်မထင်။ 'နေကလည်း မပူ၊

    ပျိုးခင်းကလည်း ကောင်းသည့်အတွက် ဆွမ်းစား ခေါင်း

    လောင်းထိုးသံ ကြားတော့မှ နေကိုမော့ကြည့်မိ၏၊ ဘာ

    လိုလိုနဲ့ ခေါင်းလောင်းထိုးတာ ဟုတ်မှ ဟုတ်ရဲ့လား။ ...

    ဟုတ်သဟ။

    ****

    ခါးထဲကနှီးကုန်လျှင် ဟိုလူလှမ်းပါ သည်လူလှမ်းပါ

    ဖြင့် တောင်းခဲ့သည်။ မထဖြစ်။ ယခု ထဖြစ်သည်။ ငန်းတစ်

    လျှောက်ရှိ ပျိုးစည်းများကိုရေတွက်ကြည့်သည်။ စုစုပေါင်း

    သုံးရာ့နှစ်ဆယ်။

    “ကဲဟေ့ ဖေ့သား၊ ငါးဆုပ်လောက် ဆွဲလိုက်ဦးဟ”

    ကိုယ့်ဘာသာကိုယ် အားပေးကာ ပြန်ထိုင်သည်။ ကန်

    သင်းသည် နီး၍နီး၍လာ၏။ငါးစည်းစာမရမီ ‘ငန်း’ကျွတ်မည်စိုးသဖြင့် ဘေးက လူတွေ၏ ငန်းထဲမှ ဖွဲ့ယူရသည်။

    ပျိုးနုတ်သမားသည် လယ်သမားနှင့် ထပ်တူ ပင်ပန်း၏။

    သည်အသိမှာ ယမန်နှစ် ပျိုးနုတ်ရာသီတုန်းက အသိဖြစ်

    သည်။ သည်ကြားထဲတွင် ကိုးလ ဆယ်လမျှ ခြားခဲ့သော

    ကြောင့် ကိုဆေးရိုးမေ့ပြီ။ ပျိုးတစ်ရာလျှင် တစ်မူး၊ ပျိုးသုံး

    ရာနှင့် အစိတ်အတွက် သုံးမူးနှစ်ပြား။

    ကိုဆေးရိုးပျော်သည်။ ခပ်သင့်သင့်ပုဆိုးတစ်ထည်ဝယ်

    နိုင်သော သည်နှုန်းဖြင့် သုံးလသာနုတ်ရဦး၊ မိုးရာသီကုန်လျှင်လေးငါးဆယ်စုမိမည်။

    “အမေရေ ကျက်ပြီလားဗျို့

    အိမ်လှေကားရင်းမှ အော်မေးသည်။

    “ငရုတ်သီးဟင်းချက်တာ ဆူတာင်မဆူသေးဘူး၊ရေလေး

    မိုးလေး ချိုးပါဦးလား”

    ကိုဆေးရိုးသည် လေကလေးတချွန်ချွန်ဖြင့် ချောင်းထဲသို့

    ဆင်းလာခဲ့သည်။ ရေချိုးရင်း ကြေးတွန်းသည်။ တိုက်စရာ

    ဆပ်ပြာအစား ချောင်းပြင်ထဲက သဲနုနုဖြင့်ပွတ်သည်။ ထို

    အခါတွင် ပျိုးနုတ်သမား၏လက်က စကားပြောပြီ။ သို့တစ

    ကိုဆေးရိုး သတိမထားမိသေး။ အတွေးဖြင့် ပျော်၍ကောင်း

    ဆဲမို့ ။

    ဒေါ်ကြွယ်စိုးသည် အငွေ့ထောင်းထောင်းထသောထမင်း

    ပွဲဖြင့် … သားကိုကြိုလင့်၏။ သပြက်ရွက် ဟင်းချိုနံ့သည်

    သွားရည်ကို ချ၏။ ငရုတ်သီးချက်ရနံ့က ထမင်းဆာအောင်

    ဆူ၏။ ဆန်ဆေးတောင်း’ထဲက လုံးတီးရာရာ စံရွှေနှုန်း

    ထမင်းသည် လာလော့ ဖိတ်ခေါ်နေ၏။

    ကိုဆေးရိုး တင်ပျဉ်ခွေ ထိုင်သည်။ ထမင်းမထည့်သေးဘဲ

    -ဟင်းချို တစ်ဇွန်း ခပ်သောက်သည်။ ဟင်းနံ့ရသည့် အတွက် အူတွေက ကြုတ်ကြုတ်မြည်သံပေးသည်။ ထမင်းထည့်သောဆန်ဆေးတောင်းကိုယူသည်။ လက်ငါးချောင်းဖြန့်ကားလျက်ထမင်းကိုဆုပ်လိုက်သည့်ခဏဝယ်“အား”ခနဲ အော်ပြီး လက်ကိုရုတ်သည်။အကျင့်မရသေးသော လက်ဖဝါးသည် ပျိုးပင်၏ ပွတ်စားမှုတို့ ခံထားရသည့်အတွက် ဖြစ်ချေသည်။ အမယ်လေးလေး နာလိုက်တာ၊ နာလိုက်တာဟု အော်ရင်း လက်ဖဝါးကို ကိုဆေးရိုး ဖြန့်ကြည့်၏။ လက်ဝါးပြင်တစ်ပြင်လုံး နီရဲနေ၏။ မဖြစ်ဘူး ဇွန်းနဲ့စားမှ။

    “ဟဲ့ ဇွန်းနဲ့စားရင်ပိုဆိုးမှာပေါ့၊ ထမင်းပူကို လက်နဲ့ နာနာဆုပ်´´

    ဇွန်းကိုင်ရုံဖြင့် ဒေါ်ကြွယ်စိုး လှမ်းတားသည်။

    “မခံနိုင်ဘူး အမေရ”

    “သယ် နင် ယောက်ျားမဟုတ်ဘူးလား။ သည်လိုဆို မိန်းမ

    ‘မယူနဲ့’

    ကိုဆေးရိုး နာကျင်သွားသည်။

    စောဒက မတက်တော့ပါ၊ ဆန်ဆေးတောင်းထဲမှ ထမင်း

    ကို လက်ဖြင့်ယူသည်။ သွေးခြည်ဥနေသည့် လက်ဝါးဖြင့်

    ထမင်းပူကို တအားဆုပ်ထားသည်။ ခံရချက်ဆိုးရွားလှပါဘိ၊မျက်ရည် တောက်တောက်ကျငြား၊ အံကြိတ် ထားသည်။နင် ယောက်ျား မဟုတ်ဘူးလား၊ ထပ်မံ အမေးမခံနိုင်။

    လက်ဝါးထဲက ထမင်းအေးသွားလျှင် ပန်းကန်ထဲထည့်

    သည်။ ထမင်းတောင်းထဲက နောက်တစ်ဆုပ် ထပ်ယူပြီး ဆုပ်ထားသည်။ အခံရကား ဆိုးရွားဆဲပင်။ သို့သော် ပဉ္စမ

    အဆုပ်တွင် ခံနိုင်ရည်ရှိစ ပြုလာပြီ။ ဒသမ ထမင်းဆုပ်တွင်

    နေသားကျသွားလေ၏။သည်ဝေဒနာသည် သည်မျှဖြင့် မပြီးသေးပေ။ ညဘက်စားချိန်တွင်လည်း ထပ်မံကြုံရပြန်သေး၏။ ထိုအချိန်တွင်ကားပြီးခဲ့သော ပျိုးနုတ်ရာသီကို ကိုဆေးရိုး သတိလာပြီ။ အာရုံကိုနွှေးပေးသည်။ အသားမကျမီ သုံးလေးရက်တွင် ထမင်းပူပူကိုဆုပ်ပြီး၊ ကျင့်ပေးရဦးမည်။ သို့အတွက် ဇွန်းဖြင့်စားရန်မကြိုးစား နင်ယောက်ျား မဟုတ်ဘူးလား အမေးလည်း မခံရတော့ချေ။

    သို့သော် ပျိုးနုတ်သမား၏ ဒုက္ခဝေဒနာကား မဆုံးသေး၊

    နောက်တစ်နေ့ နံနက်အထိ ဆက်ပွဲမြှောင်ကပ် “ပါလာသေးသည်။ခေါင်းချသည်နှင့် အိပ်ပျော်သည်။ သာမန်အိပ်စက်မှုမျိုးမဟုတ်။ သည်းထန်သည့် ရောဂါဒနာသည် တစ်ဦး အိပ်ပျော်ပုံမျိုးဖြင့် “တုံးထင်းသရော အိပ်ခြင်း ဖြစ်၏။ အမေခေါ်သံကို မကြား ကြမ်းကိုပုတ်၍ မနိုး၊

    “....အသက်မှ ရှိသေးရဲ့လားဟုခပ်ကြမ်းကြမ်းကြီး လာပုတ်မှ နိုးတော့သည်။

    တုံးကြီးခေါက်ပြီးသွားတာ ဘယ်လောက်ကြာပြီလဲ”

    ကိုဆေးရိုး လူးလဲထသည်။ ငုတ်တုတ်ထိုင်ပြီးမှ အရုပ်

    ကြိုးပြတ်ခွေကျသွားပြန်လေ၏။ အကြင်နာကင်းသော လက်ပန်းသည်၏ ကိုင်ပေါက် ထုရိုက်ထားခြင်း ခံရသူနှယ် တစ်ကိုယ်လုံး နာကျင်နေသည်။ မနာသောနေရာမရှိ၊ နွမ်းနယ်မှုကလည်း ဆင့်လောင်းသေး၏။

    တူတူ။

    ဂဒိုးမှုတ်သံကြားရသည်။

    ဖြစ်နိုင်လျှင် တစ်နေ့လုံး အိပ်၍သာ နေလိုက်ချင်ပါဘိ

    တော့သည်။ တစ်စုံတစ်ရာ မစားသောက်ဘဲ နေရလျှင်လည်းနေရပါစေတော့။

    “အမယ် ပြန်လှဲနေပြန်ပြီလား၊ ထထ၊ ချဉ်ပေါင်ရွက်

    ညတုန်းက အမေပိုချက်ထားတာနဲ့ ငရုတ်သီးထောင်းရှိတယ်”

    သည်မျှဖြင့် ငေါက်ခနဲ မထလျှင်နင်ယောက်ျားမဟုတ်ဘူး

    လား။ဆက်တွဲ လာချေဦးမည်။ ထမှ။ နာကျင်နွမ်းယိစွာ ထ

    သည်၊ ပြင်းထန်သော စစ်ပွဲအတွင်း၌ မြားချက်လှံချက်အရာအထောင် ထိထားသော ဆင်တော်ကြီးတစ်ကောင်အလား၊

    ကိုဆေးရိုးသည် အနွမ်းတနာကို မျိုသိပ်လျက် မီးဖိုဘက်သို့

    ဒယီးဒယိုင်ဖြင့် ထသွားလေသည်။

    ရည်းဆေးရိုး သက်ပြင်းရှိုက်မိသည်။

    ယောင်ယောင်ယမ်းယမ်းဖြင့်ပခုံးကိုလက်ဖြင့် စမ်းသပ်

    သည်။ ပခုံးကိုဆေးလိပ်နှင့် ထိုးမိမှ ဆေးလိပ်မီးညှိရန်သတိရသည်။ မီးခိုးနှင့် ပြာသာ ထင်ရှားသောနွားချေးချပ်

    သည်ပါးစပ်ဖြင့် မှုတ်မှ ရဲခနဲ ဖြစ်လာ၏။ ရဲခနဲဖြစ်သော နေရာကိုဆေးလိပ်ဖြင့်တို့ပြီးဖွာရှိုက်သည်။မီးခိုး ပြာပြာသည် တန်းတန်းကြီး လွှင့်သွား၏။ မီးခိုးနောက်သို့ ရည်းဆေးရိုး၏ အကြည့်က ကပ်လျက် ပါသွားရာနွားနှစ်ကောင်တွင် ဆုံး၏။

    “အင်း…တစ်ကွက် ကျန်သေးပါကလား၊ ဒီဟာ တမန်း

    ပြန်ပြီးချိန်နဲ့ ကောင်လေးနူတ်လို့ ကုန်တာနဲ့ အတော်ပဲနေ

    မယ် ထင်ပါရဲ့'

    စိတ်ဖြင့် မှန်းဆရင်း ကုန်းထသည်။ ထိုအခါ ပျိုးနုတ်

    သမား၏ ဦးဆုံးနေ့ ဝေဒနာသည် ကယောင်ကတမ်းဖြင့်

    ပေါ်လာ၏။ ပခုံးက နာလေဟန်၊ လက်ခမောင်းက ကိုက်လေဟန်၊ ရင်ဘတ်က အောင့်လေဟန်။

    (ဆင်ဖြူကျွန်း)အောင်သိန်း

    ( ၁ ၉ ဂ၇ အောက်တိုဘာလ သွေးသောက်မဂ္ဂဇင်း)

    ---

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes7comments0
views75views3579