cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပိုးသတ်ဆေးတွင်အဆိပ်ရှိသည်ဟု အမြဲသတိသွင်းထားပါ

. ကျန်းမာရေးဆောင်းပါးများ
ပိုးသတ်ဆေး နှင့်ပတ်သက်ပြီး တစ်လွဲသုံး ကြသဖြင့် သေဆုံးမှုများ၊ ပိုးသတ်ဆေး ဖျန်းစဉ်ပိုက်ဆို့သဖြင့် ပါးစပ်ဖြင့် မှုတ်၍ သေဆုံးရမှုများ၊ စိတ်ညစ်၊ စိတ်ဆိုး၍ပိုး သတ်ဆေးသောက်ပြီး သေဆုံးရမှုများ၊ ဆေးဖျန်းပိုသည့်ပိုးသတ်ဆေးကို၊ လစ်ပို အချိုရည်ပုလင်း၌ ထည့်ထားမိ၍၊ သောက် ပြီးသေဆုံးရမှုများစသည့် သတင်းတို့ကို သတင်းစာ၊ ဂျာနယ်များတွင် မကြာမီက ဖတ်လိုက်ရသဖြင့် များစွာစိတ်မကောင်းဖြစ် ကြရပါသည်။

  • ပိုးသတ်ဆေး နှင့်ပတ်သက်ပြီး တစ်လွဲသုံး ကြသဖြင့် သေဆုံးမှုများ၊ ပိုးသတ်ဆေး ဖျန်းစဉ်ပိုက်ဆို့သဖြင့် ပါးစပ်ဖြင့် မှုတ်၍ သေဆုံးရမှုများ၊ စိတ်ညစ်၊ စိတ်ဆိုး၍ပိုး သတ်ဆေးသောက်ပြီး သေဆုံးရမှုများ၊ ဆေးဖျန်းပိုသည့်ပိုးသတ်ဆေးကို၊ လစ်ပို အချိုရည်ပုလင်း၌ ထည့်ထားမိ၍၊ သောက် ပြီးသေဆုံးရမှုများစသည့် သတင်းတို့ကို သတင်းစာ၊ ဂျာနယ်များတွင် မကြာမီက ဖတ်လိုက်ရသဖြင့် များစွာစိတ်မကောင်းဖြစ် ကြရပါသည်။

    ပိုးသတ်ဆေးနှင့် ပတ်သက်၍ စနစ် တကျသုံးကြရန် မကြာခဏဟောပြော၊ ဆွေးနွေး၊ ရေးသားမှုများကို ဌာနဆိုင်ရာ များကလည်း ပြုလုပ်နေကြသည်။ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပိုးသတ်ဆေးရောင်းချ သူများကလည်း အသိပညာပေးနေကြ သည်။ သို့သော်ပိုးသတ်ဆေးကြောင့် ဖြစ် ရသော အန္တရာယ်များကို ကြားနေ၊ တွေ့ နေကြရဆဲဖြစ်သည်။ ပိုးသတ်ဆေးများသုံး တတ်လျှင်ဆေးဖြစ်၍ မသုံးတတ်လျှင် ဘေးအန္တရာယ်ဖြစ်မည်။ ပိုးသတ်ဆေး သည် တောမီးနှင့်တူသည်ဟု ဆရာစံထွန်း အောင်က တင်စားပြီး “ပိုးသတ်ဆေးတော မီး”စာအုပ်ကို စာပေဗိမာန်မှ ပိုးသတ်ဆေး ပေါ်စအချိန်ကာလက ရေးသားထုတ်ဝေခဲ့ ဖူးပါသည်။ ဒီနောက် ဒီနောက်များစွာသော စာရေးသူများက ပိုးသတ်ဆေးအသိ ပညာပေးများရေးခဲ့ကြပါသည်။ တောင်သူလယ်သမား များကိုယ်တိုင်က စနစ်တကျသုံးမှ ပိုးသတ် ဆေးကို ကြောက်မှဖြစ်ပါသည်။

    ထို့ကြောင့် “ပိုးသတ်ဆေးသည်အဆိပ်”ပိုးသတ်ဆေးကိုမသုံးနှင့်ဟု မဆိုလိုပါ။ ပိုးမွှားကျရောက်မှု မနှိမ်နင်းလျှင် သုံးကိုသုံးကြရပါသည်။ စနစ်တကျသုံးကြရန် သာလိုပါ သည်။ ထို့ကြောင့် “ပိုးသတ်ဆေးကို အထူးသတိပြု အသုံးပြုကြပါ” ဝယ်ယူရာတွင်သတိပြုရန် မြန်မာစာအညွှန်းနှင့် မှတ်ပုံတင်ပြီး သော ပိုးသတ်ဆေးကိုဝယ်ပါ။ မြန်မာစာ လုံးဖြင့်ရေးမထားသည့် မည်သည့်ဘာသာ စာလုံးကိုမျှလုံးဝမဝယ်ပါနှင့်။ ပိုးသတ်ဆေး ဥပဒေထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ပြည် တွင်း၌ အသုံးမပြုရန် တားမြစ်ပိတ်ပင်ထား သော အန္တရာယ်များသည့် ပိုးသတ်ဆေး များရှိပါသည်။ သို့သော် ဈေးကွက်တွင် ရောက်ရှိနေကြပါသည်။ မသုံးပါနှင့်။ တရားဝင် စစ်ဆေးမှုခံယူပြီး ပိုးသတ်ဆေး ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးမှ စိတ်ချရပါ သည်။ နို့တိုက်သတ္တဝါများကို အဆိပ်သင့်မှုနည်းသော သေနှုန်း ၅၀ (LD-၅၀)သင်္ကေတဖြင့် ဖော်ပြထားသောဆေး၊ လူရိုးခေါင်းပုံ နှင့် အဆိပ်အမှတ်အသားပါသောဆေး၊ ပိုးသတ်ဆေးမှန်သမျှ၊ မီးလောင်လွယ်သ ဖြင့်၊ မီးတောက်ပုံအမှတ်အသားပါသော ဆေးကိုဝယ်ပါ။ ကျရောက်သော ဖျက်ပိုး ကို ထိရောက်စွာနှိမ်နင်းနိုင်သောဆေးကို တတ်ကျွမ်းနားလည်သော၊ ပိုးမွှားကာကွယ် ရေး ဝန်ထမ်းများနှင့် ဆက်သွယ်ပြသတိုင် ပင်ပြီးမှ ဝယ်ယူပါ။

    ရောင်းချသူများက လည်း မသိလျှင် မသိကြောင်းပြောပါ။ တတ်သိသလိုနှင့် မိမိပစ္စည်းရောင်းချလို သဖြင့် အသုံးမတည့်သော ပိုးသတ်ဆေးကို မရောင်းပါနှင့်။ မှတ်ပုံတင်မထားသော ပိုး သတ်ဆေးကို မရောင်းပါနှင့်။ ဆေးအညွှန်း စာကို ပိုးသတ်ဆေးမသုံးမီ ဦးစွာနားလည် အောင် ဖတ်ရှုပြီးမှ ဆေးညွှန်းပါအတိုင်း အသုံးပြုပါ။ တောင်သူကြီးများ ဆေးညွှန်း သိရှိအသုံးပြုနိုင်ရန် ဥပဒေဖြင့်ထုတ်ပြန် ချက်များ မြန်မာစာဖြင့်ရေးသားရမည်ဟု သတ်မှတ်ခြင်းဖြစ်ပါသည်။ မိမိတို့ကျေးရွာ များစွာ၊ လယ်ယာကွင်းများစွာတွင် တွေ့ ကြုံနေရသဖြင့် ပြောဆိုနည်းပေးနေကြဆဲ ဖြစ်ပါသည်။ ဓာတုဗေဒပစ္စည်းများဖြင့် ထုတ်လုပ်သောပိုးသတ်ဆေးများကို ဦးစွာ မသုံးဘဲ ဇီဝနည်းပညာအခြေခံ၍ ထုတ် လုပ်သော အပင်ထွက်ပစ္စည်းမှထုတ်လုပ် သော တမာပိုးသတ်ဆေး(တမာစေ့မှထုတ် လုပ်သည်။) မဲရိုင်းပင်၊ ဆေးဂန္ဓာပင်၊ ဟုန်းမြစ်တို့မှထုတ်လုပ်သော ပိုးသတ်ဆေး များသုံးကြသင့်ပါသည်။ မနိုင်နင်းမှသာ ပိုမို ပြင်းထန်သော အာနိသင်ရှိသည့် ဓာတုဗေဒပိုးသတ်ဆေးကို သုံးသင့်ပါသည်။

    - ဖျော်စပ်ရာတွင် သတိပြုရန်

    ဆေးညွှန်းအတိုင်း တိတိကျကျရော စပ်ဖျော်ပါ။ ဆေးကိုင်ကွယ်မသုံးမီ လက် အိတ်၊ မျက်မှန်၊ နှာခေါင်းနှင့်ပါးစပ်ဖုံးအုပ် ခြင်းကို ဦးစွာပြုလုပ်ပါ။ ဆေးဖျန်းပုံးထဲသို့ ထည့်၍ဖျော်စပ်ပါ။ ဆေးဖျန်းပုံးကို အသုံး မပြုမီ နော်ဇယ်ခေါင်း၊ ပိုက်များ၊ ပိုက်ဆက် များနေရာကို ရေဖြင့်ထည့်၍ ဦးစွာစမ်းသပ် ပြုလုပ်ပါ။ ဆေးဖျန်းပြီးတိုင်း ဆေးပုံးကို စင်အောင်ရေဖြင့်ဆေးကြောပါ။ ယေဘုယျ အားဖြင့် ဆေးရည် ဟင်းစားဇွန်းကြီးအပြည့် (၁၀ စီစီ)ကို ရေတစ်ဂါလံ (၄-လီတာ)နှင့် ဖျော်စပ်ရမည်။ ဆေးမှုန့်ဖြစ်ပါက ဟင်းစား စတီးဇွန်းကြီးတစ်ဇွန်း (၁၀-ဂရမ်)ကို ရေ တစ်ဂါလံ(၄-လီတာ)နှင့် ဖျော်စပ်ရမည်။

    ဆေးညွှန်းကို မူတည်၍ တစ်ဧကအသုံးပြု ရမည့်ဆေးရည်၊ ရောစပ်ရမည့်ရေပမာဏမှာ မိမိအသုံးပြုမည့် ဆေးဖျန်းပုံး၏ အရွယ်အစား အချိုးအစားအပေါ်မူတည် ပါသည်။ တစ်ဧကဆေးရည် ၂၀၀ စီစီသုံးလျှင် ရေတစ်ဂါလံ ဆေးရည် ၁၀ စီစီ၊ တစ်ဧကဆေးရည် ၄၀၀ စီစီသုံးလျှင် ရေတစ်ဂါလံ ဆေးရည် ၂၀ စီစီ၊ တစ်ဧကဆေးရည် ၆၀၀ စီစီသုံးလျှင် ရေတစ်ဂါလံ ဆေးရည် ၃၀ စီစီ ဖြစ်ပါ သည်။ ဆေးဖျန်းစက်များ သုံးလျှင် တစ် ဧက ဆေးရည် ၂၀၀ စီစီသုံးလျှင် ရေတစ် ဂါလံ ဆေရည် ၁၀ စီစီဖြစ်ပါသည်။

    - အသုံးပြုရာတွင် သတိပြုရန်

    ဆေးဖျန်းပုံး၏ ဆေးရည်လုံ၊ မလုံ ကောင်း၊ မကောင်း ဦးစွာစစ်ဆေးပါ။ ဆေးဖျန်းနေစဉ် ဖြုတ်တပ်၊ စစ်ဆေးမှုမပြု လုပ်ပါနှင့်။ ဆေးဖျန်းမည့်သူသည် ခန္ဓာ ကိုယ်ရှိ အရေပြားပေါ်သို့ ပိုးသတ်ဆေးမထိ ရန်၊ မရှူမိစေရန်ဂရုပြုရမည်။ အင်္ကျီလက် ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ပါ။ လက် အိတ်၊ ဖိနပ်၊ မျက်နှာဖုံးကာပါ။ ဤလုပ်ငန်းများသည် ဤမျှမလိုပါဟုအသုံးပြုသူ အများစုက ယူဆကြပါသည်။ ပိုးသတ်ဆေး သည် အဆိပ်ဖြစ်သည်ဟု အမြဲအသိ၊ သတိ သွင်းထားပါ။ စွပ်ကျယ် တချို့ခန္ဓာကိုယ် ၌ လုံးဝအင်္ကျီ မဝတ်ဘဲဖျန်ကြသဖြင့် သတိပေးရပါသည်။ ဘာမှမဖြစ်ပါဟု မထင်ပါ နှင့်။နှာချေ၊ ချောင်းဆိုး၊ ယားယံ၊ အော့ အန်၊ မူးဝေဖြစ်မှုတို့သည် ပိုးသတ်ဆေး အဆိပ်၏ အာနိသင်ပြနေခြင်းဖြစ်သည်။ ချက်ခြင်းမသေ၍ မကြောက်ကြခြင်းလည်း ဖြစ်ကြသည်။ ပိုးသတ်ဆေးသည် ထုတ် လုပ်သူများက သယ်ယူရာတွင် လွယ်ကူ သက်သာစေရန် ဆေးပြင်းထုတ်ကြ၍ ဆေး ပြင်းကို စနစ်တကျဆေးနှင့် ရေရောစပ်သုံး ရ၊ နှုန်းထားတိကျသုံးရသဖြင့် ပျော့သည့် အာနိသင်ရှိသွားသော်လည်း အဆိပ်သည် အဆိပ်အာနိသင်ရှိဆဲ၊ ပြမြဲဖြစ်ပါသည်။

    နေပူပြင်သောနေရပ်နှင့် မိုးအုံ့ချိန်ကာလ၌ ဆေးမဖျန်းသင့်ပါ။ လေပြင်းတိုက်ချိန် ဆေးမဖျန်းသင့်။ ဆေးဖျန်းစဉ် လေတိုက် သည့်ဘက်သို့ မျက်နှာမူ၍ မဖျန်းသင့်။ ဆေးဖျန်းရာတွင် အပင်အနှံ့၊ အရွက်မျက် နှာပြင်အပေါ်၊ အောက်ဖျန်းမှ ထိရောက် သည်။ဖျက်ပိုးတို့၏ သဘာဝမှာ နံနက် စောစောနှင့် ညနေ၊ ညပိုင်းထွက်လေ့၊ ဖျက်လေ့ရှိသည်။ ဆေးဖျန်းချိန်၊ ဆေးဖျန်း စဉ် မိမိမှလွဲ၍ တခြားသူများ၊ ကလေး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ တိရစ္ဆာန်များ အနီးအနား၌ မရှိစေရ။ အန္တရာယ်များ သည်။ ဆေးကိုအနည်းဆုံံးနှုန်းထားနှင့် အကြိမ်အနည်းဆုံးဖြင့် အထိရောက်ဆုံး၊ အချိန်တွင် ပက်ဖျန်းပါ။ ပိုးသတ်ဆေးဖျန်း ပြီးတိုင်း၊ မိမိစိုက်ခင်းကို “သတိ-ပိုးသတ် ဆေးဖျန်းထားသည်”ဟု စာရေး၍အသိပေး ထားပါ။ ဆေးဖျန်းသည့်ရက်ကို မှတ်တမ်း ထားပြီး ပိုးသတ်ဆေးအမျိုးအစားအလိုက် ဆေးပြယ်သောကာလရောက်ရှိမှ ခူးဆွတ် ၍ ဈေးကွက်ပို့ပါ။ သီးနှံ၌ပိုးသတ်ဆေး ကြင်းအာနိသင်ကင်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းသည်။

    သတိဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်ပိုးသတ်ဆေးဖျန်းစဉ် အစာစားခြင်း၊ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်းလုံးဝမပြုလုပ်ပါနှင့်။ဆေးဖျန်းပြီး ဆေးဖျန်းပုံးကို ဆေးကြာသည့်ရေများ၊ ရေကန်၊ ချောင်း၊ မြောင်း၊ လမ်းပေါ်မစွန့်ပစ်၊ မသွန်ရ။ ကျင်းတူး၍ ကျင်းထဲသို့ လောင်းထည့်ပါ။ ဆေးဗူးခွံကို မြေမြှုပ်ပါ။ ဆေးကြော၍ စားစရာမထည့်ပါနှင့်။ ဆေးဗူးတွင် “အဆိပ်”စာသားကို ထင်ရှားမြင်လွယ်အောင် စာလုံးကြီးကြီးဖြင့်ရေးထားပါ။ ကလေးများလက်လှမ်းမီရာမထားပါနှင့်။ စားသောက်စရာပစ္စည်းများနှင့် ရောမထားပါနှင့်။ ပူလွန်းသောနေရာ၊ လေဝင်လေထွက်မကောင်းသောနေရာ၊ စိုစွတ်လွန်း သောနေရာ၌ ပိုးသတ်ဆေးများမထားပါ နှင့်။ ဆေးဖျန်းပြီးတိုင်း ခြေလက်၊ မျက်နှာစင်ကြယ်အောင်ဆပ်ပြာဖြင့် ဆေးကြောပါ။ ကုတင်၊ ဘီရိုများ၊ ကြမ်းပိုး၊ ခြ၊ ပိုးဟပ်၊ ပုရွက် ဆိတ်ကင်းရန် ပိုးသတ်ဆေးဖျန်းကြသည်။ မပြုလုပ်ပါနှင့်။ လူအသုံးအဆောင်ပစ္စည်း များကို ဆေးဖျန်းပြီး ချက်ခြင်းပြန်လည် အသုံးပြုကြသဖြင့် အဆိပ်ဘေးသင့်ကြရ ပါသည်။

    ကိုရဲ(စိုက်ပျိုးရေး)

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes4comments0
views127views3163