cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးရေးကဏ္ဍဟာ ရှမ်းပြည်ရဲ့ ဦးစားပေးမြှင့်တင်လိုတဲ့ ကဏ္ဍဖြစ်လို့လာရောက် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ၅နှစ်မှ ၇နှစ်အထိ ရမယ်

. သတင်းစုံ
စိုက်ပျိုးရေးကဏ္ဍဟာ ရှမ်းပြည်ရဲ့ အဓိက ကဏ္ဍလည်းဖြစ်ပြီး နိုင်ငံတော်က ဦးစားပေးမြှင့်တင်လိုတဲ့ ကဏ္ဍဖြစ်လို့ ပြည်နယ်မှာ မြေနေရာတွေလည်း အများကြီးရှိပါတယ်၊ ရာသီဥတုကလည်း ကောင်းမွန်တဲ့အတွက်ကြောင့် ရှမ်းပြည်နယ်မှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်လိုပါတယ်”
  • ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ၅နှစ်မှ ၇နှစ်အထိ ရရှိမှာဖြစ်ပြီး မကြာခင်မှာ ပြောင်းသန့်စင်ခြင်းလုပ်ငန်း၊ သတ္တုကဏ္ဍ နှင့် လျှပ်စစ်ထုတ်လုပ်ရေး ကဏ္ဍတို့ကို ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးသွားတော့မှာဖြစ်ကြောင်း ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရပါတယ်။

    “စိုက်ပျိုးရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ပြည်နယ်ထဲမှာ ၁၅ခု၊ ၁၆ ခု ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍဟာ ရှမ်းပြည်ရဲ့ အဓိက ကဏ္ဍလည်းဖြစ်ပြီး နိုင်ငံတော်က ဦးစားပေးမြှင့်တင်လိုတဲ့ ကဏ္ဍဖြစ်လို့ ပြည်နယ်မှာ မြေနေရာတွေလည်း အများကြီးရှိပါတယ်၊ ရာသီဥတုကလည်း ကောင်းမွန်တဲ့အတွက်ကြောင့် ရှမ်းပြည်နယ်မှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်လိုပါတယ်”လို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလေးနိုင်က နိုင်ငံပိုင် မီဒီယာနဲ့ အင်တာဗျူးအတွင်း ပြောဆို ထားပါတယ်။

    ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုရှိပြီး၊ မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုရှိကြောင်း၊ အဓိကအားဖြင့် ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ ထုတ်လုပ်မှုကဏ္ဍမှာ ဝင်ရောက်နေကြောင်း၊ ယခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှု နည်းနေသေးတဲ့ ရှမ်း(အရှေ့ပိုင်း)မှာရှိတဲ့ ကျိုင်းတုံ၊ တာချီလိတ်မြို့များကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး သိကောင်းစရာအချက်အလက်တွေကို ရုံးချုပ်နဲ့ ပူးပေါင်းမျှဝေပေးနိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

    ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ရှမ်းပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မရှင် တို့ကနေ ခွင့်ပြုလုပ်ကိုင်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတို့မှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၀၀ ကျော်ဖန်တီးပေးနိုင်ခဲ့တယ်လို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes4comments0
views77views2815