cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားအုန်းဆီစျေး တစ်သောင်းကျော်ထိ မြင့်တက်နေပြီး ဆိုင်အချို့ အရောင်းပိတ်ထား

. ဈေးကွက်
ဒေါ်လာစျေးတက်နေသည့်အတွက် ကျပ်ငွေတန်ဖိုးထိုးကျကာ ပြည်ပမှ သွင်းကုန် မှန်သမျှမြင့်တက်လာခြင်းဖြစ်ပြီး ပြည်တွင်း စားအုန်းဆီဈေး တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။
  • လက်ရှိ ပြည်တွင်းစျေးကွက်တွင် စားအုန်းဆီစျေး တစ်သောင်းကျော်ထိ မြင့်တက်နေပြီး ဆိုင်အချို့ အရောင်းပိတ်ထားကြောင်း စားသုံးဆီ ရောင်းချသူများ ထံ မှ သိရသည်။


    ဒေါ်လာစျေးတက်နေသည့်အတွက် ကျပ်ငွေတန်ဖိုးထိုးကျကာ ပြည်ပမှ သွင်းကုန် မှန်သမျှမြင့်တက်လာခြင်းဖြစ်ပြီး ပြည်တွင်း စားအုန်းဆီဈေး တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။


    “ အဓိက စားအုန်းဆီ တင်သွင်းနေတဲ့ နိုင်ငံတွေ ကလဲ စားအုန်းဆီ ကို အကန့်အသတ်နဲ့ ပဲ ပေးတော့တယ်။ ပြီးတော့ ဒေါ်လာစျေးတွေ တက်လာတော့ စျေးတွေ တက်သွား တယ်။ တချို့ဆိုင်တွေ တင်သွင်းသူတွေဆီ စားဆီ ပြန်ရောင်းဖို့ လုံလုံလောက်လောက်မရတာမျိုးတွေရှိတယ်။ တချို့ ဆိုင်တွေကျ ရှိရဲ့ သားနဲ့ စျေးတွေထက် တက်မလာဆို ပြီလှောင်ထား ကြတယ် ထုတ် မရောင်းကျဘူး “ ဟု ရန်ကုန်မြို့ရှိစားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။


    ဇူလိုင် ၁၁ ရက်နေ့ တွင် စျေးကွက်တွင် တစ်ပိဿာ လျှင် ၇၃၀၀ မှ ၇၈၀၀ အထိ သာ ရှိပြီး ဩဂုတ်လ၁၄ရက်နေ့တွင် တပိဿာလျှင် ၉၀၀၀ကျော်မှ တစ်သောင်းကျော်အထိ ဒေသအလိုက် စျေးနှုန်း ကွာဟ ကြောင်းသိရသည်။


    လက်ရှိ တစ်ပိဿာ လျှင် ရန်ကုန်တွင် ၉၈၀၀ကျပ်၊ နေပြည်တော်တွင် ၉၉၅၀ ကျပ် ၊မန္တလေးတွင် ၉၈၅၀ ကျပ် ၊တောင်ငူတွင် ၁၀၀၀၀ကျပ် နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဘက်တွင် ၁၀၀၀၀ မှ ၁၆၀၀၀ ကျပ် အထိ အသီးသီးပေါက်စျေးရှိကြောင်း စျေးကွက်မှ သိရပြီး အချိန်နှင့် နေရာပေါ်မူတည်ကာ စျေးနှုန်းများအချိန်မရွေးပြောင်းလဲနိုင်သည်။



    ့ကြောင့် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ သတ်မှတ်ထား သည့် အခြေခံရည်ညွန်းစျေး ထက် ပြည်ပ စားအုန်းဆီ စျေး မှာ နှစ်ဆကျော်ထ် မြင့်တက် နေကြောင်း စျေး ကွက်မှ သိရသည်။


    လက်ရှိ ကော်မတီမှ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေး ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇ ရက်နေ့ မှဩဂုတ် ၁၃ရက်နေ့ အထိ တစ်ပိဿာလျှင် ၄၁၅၀ကျပ် သာသတ်မှတ်ထုတ်ပြန်သည်။



    လက်ရှိ ပြည်တွင် စာအုန်ဆီး အရောင်းဆိုင်ကြီးများ တွင် စားအုန်းဆီ ပြတ်လပ် နေသည်ဟု ပြောကာ အရောင်းရပ်ထားသောကြောင် အခက်တွေ့နေကြကြောင်းစားအုန်းဆီ မဖြစ်မနေဝယ်ယူအသုံးပြု နေသူများထံမှသိရသည်။


    “ ပစ္စည်းပျက်တယ်ဆိုပြီး မရောင်းကြဘူး ၊တကယ်ပစ္စည်း ပျက်တာလား လှောင်ထားတာလားမသိဘူး။ သူတို့စကားပေါ်မှာပဲ မူတည် နေတယ်။ ရောင်းချင်တဲ့သူကြ ရောင်းလွတ်တယ် ။ အခု စားအုန်းဆီ

    က ပဲဆီစျေး နဲ့ တစ်တန်းထဲ ဖြစ်နေပြီး မနက်တစ်စျေး၊ညနေ့တစျေး အမျိုးမျိုးပြောင်း နေတာ။အခုဆို အရမ်းကို ထိုးတက်လာတာ နှစ်ရက်အတွင်းပဲ ။ ကော်မတီက ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေး ဆိုတာထုတ်ပြန်တာပဲရှိတယ် တခါမှ အဲ့စျေးနဲ့ မရဖူးဘူး“ ဟု ရန်ကုန်မြို့၊သင်္ဃန်းကျွန်း နယ် မှ အိမ်ရှင်မ မကြည် ကပြောသည်။


    ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါကအရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသော်လည် ပြင်ပ စျေး မှာ ကော်မတီ မှ သတ်မှတ် ထား သည့် အခြေခံရည်ညွန်းစျေး ထက် အဆမတန် စျေးတင်ရောင်းချနေကြကြောင်းသိရသည်။


    ပြည်တွင်း ၌ စားအုန်းဆီ သုံးစွဲမူ တစ်နှစ် လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိ သောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ၇သိန်ကြား အား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိက ထား၍ တင်သွင်းနေရကြောင်းသိရသည်။


    စားအုန်းဆီ အဓိကတင်သွင်း နေသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့ မှ ပြည်ပတင်ပို့မှုခွင့်ပြုသည့်ပမာဏကို လျော့ချထားခြင်းကြောင့် တင်သွင်းသူများ မှ ပြည်တွင်း လက်လီ လက်ကာ အရောင်းဆိုင်များ သို့ ဆီ အကန့်သတ်ဖြင့် သာ ဖြန့်ဖြူ နေရ ခြင်း ကြောင့် ပြင်တွင်းစားဆီစျေး မှာ အမြင့်စျေးတွင် ရှိနေခြင်း ဖြစ်ကြောင်း လည်း ဆီလုပ်ငန်း ရှင်တစ်ချို့ ကသုံးသပ် သည်။


    ဖိုးချဲ(AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views105views3301