မုန်လာဥဖြူ စိုက်ပျိုးနည်း
ယေဘူယျ အားဖြင့် အအေး ကြိုက်ပင်ဖြစ် သော်လည်း အပူဒဏ် ခံနိုင်သော မျိုးများ ပေါ်ထွန်းပြီး ဖြစ်၍ တစ်နှစ် မိုးရေချိန် ပျမ်းမျှ ၅၅
လက်မထက် နည်းပါက ရေသွင်း စိုက်ပျိုး ရမည်။ အပူချိန် သင့်လျော် ပါက ဥသေး ခြင်း၊ အမျှင်များခြင်း၊ ပုံသဏ္ဌာန် မမှန်ခြင်းနှင့် အနံ
့ပြင်းခြင်း တို့ ဖြစ် နိုင်သည်။
မြေပြုပြင်ခြင်း
ဥအတွက် စိုက်ပျိုးသော အပင်မျိုး ဖြစ်သဖြင့် မြေကြီး နက်နက် အထိ မြေသား ပွရန် လိုအပ် ပါသည်။ မြေသြဇာ ထက်သန် မှုကို ကြိုက်
နှစ်သက်ပြီး အသင့် တော်ဆုံးမှာ သဲနုန်းမြေ ဖြစ်ပါသည်။ မြေချဉ်ငံ ဓာတ် (၆-၇) တွင် ဖြစ်ထွန်း သည်။ စိုက်ခင်း မြေဘောင် ပြုပြင် ရာ
တွင် အလျားကို သင့်သလိုထားပြီး၊ ဘောင်အနံ (၃-၄)ပေ၊ အမြင့် ရှစ်လက်မ ရှိသင့်ပါသည်။ ဘောင်ဖော်ပြီး မြေဆွေး၊ နွားချေးထည့်၍ တစ်ညီတည်းဖြစ်စေရန် ဘောင် မျက်နှာပြင်ကို ညှိပေး ရမည်။
မျိုးရွေးချယ်ခြင်း
စိုက်ပျိုး ပြီး (၂၀-၃၀)ရက် အကြာ နုတ်သိမ်း နိုင်သော သက်လျင်မျိုး၊ (၃၅-၄၅) အကြာ နုတ်သိမ်း နိုင်သော သက်လတ် မျိုးနှင့် (၅၀-
၆၀)ရက်အကြာ နုတ်သိမ်းနိုင်သော သက်ကြီးမျိုးဟု သုံးမျိုးရှိသည်။ တစ်ဧက မျိုးစေ့ ၃ ဒသမ ၆ ကီလိုခန့်လိုအပ်ပါသည်။
စိုက်ပျိုးခြင်း
မြေ ပြုပြင်ပြီး ဘောင်ကို ရေဝအောင် လောင်းပြီး မျိုးစေ့ ချရန် လက်မဝက် အနက်ရှိ မြောင်းများ ဖော်ရမည်။ ပင်ကြား၊ တန်းကြား (၄
ဒသမ၆ လက်မ x ၂) ပေခန့် ထားရသည်။ တစ်ကျင်းလျှင် မျိုးစေ့ (၃-၄)စေ့ချပြီး မြေပါးပါး ဖုံးပေးရပါသည်။ ဤကဲ့သို့ ဖုံးပေးခြင်းဖြင့် မိုး
ပေါက်မှန်ခြင်း၊ နေရာမှ လွင့်စင်ခြင်းတို့မှ ကာကွယ် ပေးပါသည်။ စိုက်ပြီး လေးရက်ခန့်အကြာတွင် အပင်ငယ်များ စတင်ပေါက်လာ
သည်။ စိုက်ပျိုးပြီး (၁၀-၁၂) ရက်ခန့်တွင် ပေါင်းရှင်းပေးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် အသန်ဆုံး တစ်ပင်သာချန်ခဲ့ပြီး ကျန်အပင်
များ ကို နုတ်ပစ်ရပါသည်။ အပင်ငယ်စဉ် ရေဝပ်ခံရပါက ဆက်လက်မကြီးထွားတော့ဘဲ အရွက်များဝါလာပြီး ခါးရိ၍ သေတတ်ပါသည်။
အပင်ငယ်စဉ်အခါတွင် သည်းထန်စွာရွာသော မိုးဒဏ်မှ ကာကွယ်နိုင် ရန် အလွယ်တကူ တင်ချနိုင်သည့်အမိုး ပြုလုပ်ပေးသင့်သည်။ တစ်ဧကလျှင် နွားချေး၊ မြေဆွေး (၁၀)တန်ခန့်ထည့်ပေးပြီး မြေပြင်စဉ် တီစူပါ တစ်အိတ် ထည့်ပေး ရမည်။ ယူရီးယား တစ်အိတ်ကို
အရစ်ကျခွဲ၍ (၁၀-၁၅)ရက်တစ်ကြိမ်ကျွေးပါ။
အပင်ပြုစုခြင်း
စိုက်ပျိုးပြီး (၁၀-၁၂)ရက်သားတွင် ပေါင်းချက်နှိမ်နင်းပါ။ မြေအခြေအနေပေါ်မူတည်၍ ရေသွင်းမည်ဆို ပါက နှစ်ရက်ခြားသွင်းပါ။ ရွက်
စားပိုး၊ လိပ်ခုံးကျိုင်း၊ ပျပိုးများကျရောက်တတ်သည်။ ပင်ညှိုးရောဂါ ကျရောက် တတ်သဖြင့် ကျရောက်တတ်သောပိုးနှင့် မှိုရောဂါများကို
ထိသေနှင့် စားသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။
ရိတ်သိမ်းခြင်း
မျိုးကို လိုက်၍ စိုက်ပျိုးပြီး (၃၀)ရက်ခန့်အကြာတွင် နုတ်သိမ်းနိုင်သည်။ နုတ်သိမ်းချိန်တွင် မြေတွင်း အစိုဓာတ်ရှိရန် လိုအပ်ပါသည်။
အရွက်နှင့်အတူနုတ်သိမ်းရာ၌ ဥမကျိုးစေရန် ဂရုစိုက်ရပါမည်။ အချိန်မီမနုတ် သိမ်းပါက ဥကွဲခြင်း၊ ဥချောင်ခြင်းများ ဖြစ်ပေါ်တတ်ပါ
သည်။ အမျိုးအစားလိုက်၍ တစ်ဧကလျှင် ဥ ၆၀၀၀၀ ထွက်နိုင်သည်။
မျိုးစေ့ထုတ်ယူခြင်း
(က) ဥမှမျိုးစေ့ထုတ်ခြင်း
အရွယ်ရောက်ပြီး မုန်လာဥထဲမှ မိမိကြိုက်သော ဥကိုရွေးပြီး အောက်ပိုင်းတစ်ဝက်ကို ဓားထက်ထက်ဖြင့် ဖြတ်ပါ။ အပေါ်အရွက်များကို
(၃-၄)လက်မ ခန့်သာထားပြီး အပေါ်ပိုင်းကို ဖြတ်တောက်ပစ်ရန်နှင့် ဖြတ်ပြီးဥကို စွတ်စိုပြီး လေဝင်လေထွက်ကောင်းသော အခန်းထဲတွင်
အပင်မာလာစေရန် နာရီ ဝက်ခန့် လေသလပ်ထားပေး ရန်လိုသည်။ ၎င်းင်းဥကို တစ်ပင်နှင့် တစ်ပင် ခြောက်လက်မခြား အရွက်နှင့်ဥ ဆက်စပ်နေသည့်နေရာကို မြေထဲသို့ တစ်လက်မခန့်မြှုပ်၍ စိုက်ရပါသည်။ ထိုစိုက်၍ရသောအပင်မှမျိုးစေ့ ထုတ်ယူနိုင်သည်။
(ခ) မျိုးစေ့မှမျိုးစေ့ထုတ်ခြင်း
ဤနည်းသည် ဥမှမျိုးစေ့ထုတ်ရခြင်းထက်လွယ်ပြီး စရိတ်သက်သာသည်။ အစေ့မှစိုက်ပျိုးသည့် မုန်လာဥများ အရွယ်ရောက်သော် တစ်
ပင်နှင့်တစ်ပင် (၈ ဒသမ ၁၂)လက်မခြားပြီး ပိုသောအပင်များနုတ်ပါ။ အကယ်၍ ဥထိပ်ပိုင်း မြေတွင်မြှုပ်နေပါက မြေကိုလက်ဖြင့်ယက်၍
ဥ၏အရွယ်အစားနှင့် ပုံသဏ္ဌာန် ကိုလေ့လာပြီး မလို လားအပ်သော အပင်များကို နုတ်ဖယ်ရမည်။ အပင်ကောင်းများမှ မျိုးစေ့ရယူနိုင်သည်။
- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)