cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆားပေါက်မြေဆီလွှာအဖြေရှာ

. အပင်အာဟာရ
ဆားပေါက်မြေဆီလွှာတွေမှာ ဆိုဒီယမ်အိုင်ယွန်းဟာ ၁၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်မကပိုပြီး ပါဝင်နေနိုင်ပါတယ်။ ဆားပေါက်မြေ ဖြစ်ပေါ်ရခြင်းမှာ မြေကြီးတွင်းမှာ ဆိုဒီယမ်ကာဗွန်နိတ်ဓာတ်ပါဝင်မှု အလွန်မြင့်မားနေခြင်းကြောင့် မြေသားဖွဲ့စည်းတည်ဆောက်မှု ပျက်ဆီးသွားခြင်းဖြစ်ပါတယ်။

  • ဆားပေါက်မြေဆီလွှာတွေမှာ ဆိုဒီယမ်အိုင်ယွန်းဟာ ၁၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်မကပိုပြီး ပါဝင်နေနိုင်ပါတယ်။ ဆားပေါက်မြေ ဖြစ်ပေါ်ရခြင်းမှာ မြေကြီးတွင်းမှာ ဆိုဒီယမ်ကာဗွန်နိတ်ဓာတ်ပါဝင်မှု အလွန်မြင့်မားနေခြင်းကြောင့် မြေသားဖွဲ့စည်းတည်ဆောက်မှု ပျက်ဆီးသွားခြင်းဖြစ်ပါတယ်။

    ဆိုဒီယမ်ဓာတ်ပါဝင်မှု များတဲ့မြေတွေဟာ စိုစွတ်နေမယ်ဆိုရင် မြေသားပွသွားပြီး ခြောက်သွားမယ်ဆိုရင်လည်း မြေမျက်နှာပြင်ကြပ်တည်းသွားတဲ့အတွက် မျိုးစေ့အညှောက်ပေါက်ပြီး မြေပေါ်ပေါ်ထွက်လာခြင်းကို အခက်အခဲဖြစ်စေနိုင်ပါတယ်။ ထို့အပြင် မြေဆီလွှာပျက်ဆီးခြင်းကြောင့် ထယ်ထိုးထွန်မွှေဖို့ ခက်ခဲခြင်း၊ အမြစ်ပိုင်းဆိုင်ရာကြီးထွားမှုခက်ခဲခြင်း၊ ရေစီးဆင်းမှုကို တားစီးခြင်း ခံထားရတဲ့အတွက်ကြောင့် ရေစိမ့်ဆင်းမှုခက်ခဲခြင်း (ရေဝပ်ခြင်း)စသည်တို့ဖြစ်ပေါ်စေနိုင်ပါတယ်။

    ဆားပေါက်မြေ ဘာကြောင့်ဖြစ်ရတာလဲ?

    ဆားပေါက်မြေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းများကတော့ သဘာဝအတိုင်း မြေဆီလွှာထဲမှာ ဆိုဒီယမ်ဓာတ်ပါဝင်မှု မြင့်မားလွန်းခြင်း၊ ဆိုဒီယမ်ဓာတ် ပါဝင်မှုများသော မြေအောက်ရေနှင့်နီးခြင်း(မြေအောက်ရေတိမ်ခြင်း)၊ မိုးရေချိန်မြင့်မားလွန်း ခြင်းကြောင့် မြေအောက်ရေတိမ်ခြင်းကို ဖြစ်ပေါ်စေခြင်းနှင့် မြေနိမ့်ပိုင်းဒေသများတွင် ဆိုဒီယမ်ဓာတ် စုပုံနေခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ထို့အပြင် သီးနှံများ စိုက်ပျိုးရာတွင် ဆိုဒီယမ်ဓာတ် မြင့်မားစွာပါဝင်နေသော သွင်းရေကို အလွန်အကျွံအသုံးပြုခြင်း၊ ကယ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ် လွန်မင်းစွာ လျော့ပါးသွားခြင်းကြောင့် မြေဆီလွှာထဲတွင် ဆိုဒီယမ်ဓာတ်များပြားလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

    ဘယ်လိုကုစားမလဲ?

    ပထမဉီးစွာ မြေဆီလွှာထဲမှာ ဆိုဒီယမ်ဓာတ်ပါဝင်မှုကို သိရှိနိုင်ရန် မြေကြီးကိုအရင်စစ်ဆေးပါ။ ထို့နောက်ကယ်လဆီယမ် အခြေခံပါဝင်တဲ့ မြေဆီတွေကို ထည့်သွင်းပေးနိုင်ပါတယ်။

    ဉပမာ- ကျောက်မှုန့် (ကယ်လဆီယမ်ဆာလဖိတ်)နှင့် ကယ်လဆီယမ် ကလိုရိုဒ်

    ကျောက်မှုန့်မှာပါတဲ့ ကယ်လ်ဆီယမ်က မြေကြီးတွင်တွယ်ကပ်နေတဲ့ ဆိုဒီယမ်ကို အစားထိုးဖယ်ရှားနိုင်တဲ့ အတွက် မြေသားပိုမိုတည်ငြိမ်သွားပြီး ဖယ်ရှားလိုက်တဲ့ ဆိုဒီယမ်ဟာ ကျောက်မှုန့်မှာ ပါဝင်တဲ့ ဆာလ်ဖိတ်နဲ့အတူ ပေါင်းပြီး ဆိုဒီယမ်ဆာလ်ဖိတ်အဖြင့် ပို၍လွယ်ကူစွာ ဆုံးရှုံးသွားနိုင်ပါတယ်။ ကျောက်မှုန့်ကို ပုံမှန်သီးနှံ မစိုက်ပျိုးမီ ထည့်ပေးပြီး ထယ်နက်နက် ထိုးပေးသင့်ပါတယ်။ အငွေ့ပျံနှုန်း လျော့နည်းစေဖို့ မြေဖုံးပေးခြင်းနှင့် မြေဖုံးသီးနှံစိုက်ပျိုးပေးခြင်းတို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။ အမြစ်နက်နက်ဆင်းပြီး သက်တမ်းရှည်တဲ့ သီးနှံ (ဥပမာ-နေကြာ)ကို စိုက်ပျိုးပေးနိုင်ပါတယ်။ ဒါ့အပြင် ဆားဒဏ်ခံနိုင်ရည်ရှိတဲ့ သီးနှံတွေကို ရွေးချယ်စိုက်ပျိုးပေးသင့်ပါတယ်။

    https://www.ag.ndsu.edu/.../archive/soil-health/sodic-soils

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes15comments0
views121views5808