cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးကန်၏ရေချဉ်ဖန်နှုန်းတိုင်းတာခြင်း

. ငါးမွေးမြူရေးလမ်းညွှန်
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ငါးမွေးကန်များ၏ရေချဉ်ဖန်နှုန်းတိုင်းတာရာတွင် PH paper ဟုခေါ်သော လစ်စမတ်စက္ကူဟူ၍လည်း ခေါ်သည့်ပစ္စည်းဖြင့်လည်းတိုင်းတာနိုင်ပါသည်။ ဆေးရည်ဖြင့် အစက်ချတိုင်းတာခြင်းနှင့် နောက်ဆုံးပေါ် ဒစ် ဂျစ်တယ် စက်ပစ္စည်းများနှင့်လည်းတိုင်းတာနိုင်ပါသည်။ ရေ၏ချဉ်ဖန်နှုန်းကိုတိုင်းတာရာတွင် အမှတ်(၁)မှ (၁၄)အထိခွဲခြားထားပြီး (၇)အမှတ်နေရာသည် ကြားနေမှတ်ဟုသတ်မှတ်ကြပါသည်။ (၁)မှ (၇)အထိ အဆင့် ရှိပါက အက်စစ်ဓါတ်ရှိသည်ဟုသတ်မှတ်ပြီး၊ (၇)မှ (၁၄)ကြားအဆင့်ရှိပါက ဗေ့(ထုံး)ဓါတ်ရှိသည်ဟု သတ်မှတ် ထားပါသည်။

    ငါးမွေးမြူထားသော ကန်တကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည်၊ အက်စစ်ဓါတ်ဖက် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက်ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးရန်လိုအပ်ပါသည်။ သိပံ္ပနည်းကျ စီးပွါးဖြစ်မွေးမြူသော ငါးကန်များသည် နေ့စဉ် တိုင်းတာခြင်းကိုဆောင်ရွက်ကြပါသည်၊

    ငါးကန်၏ရေချဉ်ဖန်နှုန်းကိုတိုင်းတာရာတွင် မနက်ပိုင်းတကြိမ်၊ နေ့လည်ပိုင်းတကြိမ်နှင့် ညနေပိုင်း တကြိမ် တိုင်းတာရပါမည်။ မနက်ပိုင်းတိုင်းတာချိန်တွင် ရေချဉ်ဖန်နှုန်း အကျဘက်တွင်တွေ့ရပါမည်။ ညနေ ပိုင်းတိုင်းတာရာတွင် ချဉ်ဖန်နှုန်းအတက်ဘက်တွင်တွေ့ရပါမည်။ မနက်ပိုင်း၊ နေ့လည်ပိုင်းနှင့် ညနေပိုင်း တွင် တိုင်းတာချက်အရ တွေ့ရသောရေချဉ်ဖန်နှုန်းသည် မတူနိုင်ကြောင်းတွေ့ရပါမည်။သို့သော် ကွာခြားချက်သိပ် မများနိုင်ပါ၊ ဉပမာ မနက်ပိုင်း တိုင်းတာရာတွင် ရေချဉ်ဖန်နှုန်း (၇.၅) ရှိနေပြီး နေ့လည်းပိုင်းတွင် ရေချဉ်ဖန်နှုန်း (၈)အနည်းငယ်ကျော် နိုင်ပါသည်၊ ညနေပိုင်းတွင် (၈.၅) သို့ (၉)နီးပါးရှိနိုင်ကြောင်းတွေ့ရှိနိုင်ပါသည်။

    ရေချဉ်ဖန်နှုန်းတိုင်းတာရာတွင် ကွာခြားချက်များပါက သတိထားရမည်ဖြစ်ပါသည်။ ဉပမာ မနက် ပိုင်းတွင် ရေချဉ်ဖန်နှုန်း (၆)ရှိပြီး နေ့လည်ပိုင်းတွင် (၈)ဖြစ်နေပြီး ညနေပိုင်းတွင် (၉)အထက်ကျော်နေပါက အဆိုပါကန်ရေသည် ပုံမှန်မဟုတ်ကြောင်းကိုပြသနေသဖြင့် အခြားသော ကန်ရေစစ်ဆေးမှု့များပြုလုပ်ပေး သင့်ပါကြောင်း တင်ပြအပ်ပါသည်။

    ပုံမှန်အားဖြင့် ငါးမွေးကန်တခု၏ ရေချဉ်ဖန်နှုန်းသည် မနက်(၆)နာရီတွင် ချဉ်ဖန်နှုန်းးအနိမ့်ဆုံးကို ပြသပြီး ညနေ(၆)နာရီတွင် ချဉ်ဖန်နှုန်း အမြင့်ဆုံးကိုပြသပါကြောင်းတင်ပြအပ်ပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483


  • article
likes38comments4
views692views7789