cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးတွင်ကျရောက်သော‌ရောဂါများ

. ရောဂါ
ဗိုင်းရပ်ရောဂါများဗိုင်းရပ်ရောဂါကျရောက်ပါက ကုသနိုင်မည် မဟုတ်ပါ။ ရောဂါကျရောက်မှုပေါ် မူတည်ပြီး အထွက်နှုန်းလျော့ခြင်းမှ လုံးဝ ဆုံးရှုံးသည် အထိ ဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါ ပိုးမွှားများသည် ရောဂါဖြစ်သည့်အပင်မှ ရောဂါကင်းသည့်အပင်သို့ ကြားခံ သယ်ဆောင်သည့်အရာ (လူ၊ အင်းဆက်ပိုးမွှားများ၊ စိုက်ပျိုးရေး သုံးပစ္စည်းများ)မှတဆင့် ရောဂါသယ်ဆောင် ကူးစက်စေပါသည်။
  • ဗိုင်းရပ်ရောဂါများဗိုင်းရပ်ရောဂါကျရောက်ပါက ကုသနိုင်မည် မဟုတ်ပါ။ ရောဂါကျရောက်မှုပေါ် မူတည်ပြီး အထွက်နှုန်းလျော့ခြင်းမှ လုံးဝ ဆုံးရှုံးသည် အထိ ဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါ ပိုးမွှားများသည် ရောဂါဖြစ်သည့်အပင်မှ ရောဂါကင်းသည့်အပင်သို့ ကြားခံ သယ်ဆောင်သည့်အရာ (လူ၊ အင်းဆက်ပိုးမွှားများ၊ စိုက်ပျိုးရေး သုံးပစ္စည်းများ)မှတဆင့် ရောဂါသယ်ဆောင် ကူးစက်စေပါသည်။

    ရောဂါကျရောက်ခြင်းမှ ကာကွယ်သည့်အခြေခံနည်းလမ်းများ

    -ရောဂါကင်းစင်သည့်အာလူးမျိုးကို စိုက်ပျိုးပါ။

    -ရောဂါကျရောက်နေသည့်အပင်များအား စိုက်ခင်းအတွင်းမှ ဖယ်ရှားပေးပါ။

    -ရောဂါသယ်ဆောင်နိုင်သည့် အင်းဆက်ပိုးမွှားများ(ပျပိုး၊ယင်ဖြူ စသည်)အားနှိမ်နင်းပါ။

    အာလူးပျပိုး

    အာလူးပျပိုးများသည် ဗိုင်းရပ်ရောဂါကို သယ်ဆောင်ပေးနိုင်ကြသည်။ပျပိုးများသည် ပင်ရည်များကိုစုပ်ပြီး ထိပ်ပိုင်းအရွက်များကို တွန့်လိပ်သွားစေနိုင်သည့် အတွက် အာလူးအတွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။

    -ပျပိုးများသည် အများအားဖြင့်အရွက်အောက်မျက်နှာပြင်တွင် ရှိတတ်ပါသည်။

    -ဆောင်းရာသီတွင် လက်ခံပင်များပေါ်တွင် ဥအဖြစ်ဆောင်းခိုတတ်ပြီး အပူချိန်မြင့်လာသည့်အချိန်တွင် ဥမှအကောင်ပေါက်လာသည်။

    -အကောင်ပေါက်ပြီး တစ်ပါတ်တွင်း ၅ကြိမ်အထိအမြန်ဆုံးမျိုးပွားနိုင်ပြီး နွေရာသီလက်ခံပင်များဆီပြောင်းရွှေ့တတ်ကြပါသည်။

    ကာကွယ်နှိမ်နင်းနည်း

    -မိတ်ဆွေပိုးများဖြစ်သော ခြောက်ပြောက်လိပ်ခုံး ၊ ယင်ကောင်၊ ဇာတောင်ပိုး ၊ နကျယ်ကောင် တို့ ပေါက်ဖွားနိုင်ရန် စိုက်ခင်း အစပ်များတွင် လုပ်ဆောင် ထားရမည်။

    -စိုက်ခင်း များကို ပုံမှန်စစ်ဆေးပါ။ အရွက်အောက်မျက်နှာပြင် အဓိက ကျရောက် တတ်ပါသည်။

    -ပျပိုးကျရောက်ပါက လေထုစိုထိုင်းဆ မြင့်မားချိန် အထူးသဖြင့် မနက်စောစော နှင့် ညနေ နောက်ကျသည့်အချိန်တွင် ပိုးသတ်ဆေးဖျန်းပါ။

    အကြံပြုထားသောဓါတုဆေးများ

    -Imidacloprid,Methamidophos,Endosulfun

    အာလူးဥထိုးဖလံ

    အာလူးဥထိုးဖလံလောက်ကောင်များသည် အရွက်ပြားများ၊အရွက်ကြောများနှင့်ပင်စည်များကို ဖောက်ထွင်းဝင်ရောက်နိုင်သည်။

    -ဖလံဥများသည် စိုက်ပျိုးချိန်တွင်ကျရောက်လေ့ရှိသည်သာမက အာလူးသိုလှောင်ချိန်တွင်လည်းကျရောက်သည်။

    -အပင်ကျသွားပြီးနောက်အာလူးဥများကို အရွက်ဖြင့် မြေမဖုံးနိုင်သောအချိန်တွင် လောက်ကောင်များသည် မြေကြီးအောက်သို့ဝင်သွားပြီး အာလူးဥများကို စားသုံးကြသည်။

    -ကျရောက်ဖျက်ဆီးမှုသည် သိုလှောင်အိမ်အတွင်းဖြစ်ပွားလျှင် ပိုးတုံးလုံးများကို အာလူးများအတွင်း ၊အခန်းထောင့်များနှင့် နံရံများ ၊ သေတ္တာများတွင်တွေ့နိုင်သည်။

    ကာကွယ်ခြင်းနှင့်နှိမ်နင်းနည်း

    -စိုက်ခင်းဘောင်မြင့်မြင့်တင်ခြင်း၊ဘောင်တင်ခြင်းသည်အရေးကြီးသည်။

    -မြေကြီးခြောက်သွေ့နေခြင်းသည် ဖလံကောင်နှင့် လောက်ကောင်များ ပိုမိုကျရောက်စေနိုင်သဖြင့် အာလူးဥများကို မြေဖြင့်ဖုံးထားရန်နှင့် မြေကြီးကိုလည်း အစိုဓါတ်လုံလောက်စွာရှိစေရန်လိုအပ်ပါသည်။

    -အာလူးဥများကို အာလူးပုပ်များ၊စွန့်ပစ်အာလူးပုံများနှင့် ထိတွေ့မှုမရှိစေရန် ဆောင်ရွက်ခြင်းသည် အရေးကြီးပါသည်။

    -အာလူးပင်များအလေ့ကျပေါက်ရောက်မှုမရှိစေရန်ဆောင်ရွက်ခြင်း၊အလေ့ကျပေါက်ရောက်နေသောအာလူးပင်များကို နှုတ်ပစ်ခြင်းများ ပြုလုပ်ပေးရမည်။

    -အပင်များကို ပင်စည် ၅၀ နှင့် အရွက်များကို အပတ်စဉ် ထောက်လှမ်း စစ်ဆေး ရန် လိုအပ်ပါသည်။

    -အပင်ငယ်စဉ်တွင် ပင်စည် ၁၀% သည် လောက်ကောင်ဖျက်စီးမှု တွေ့ရခြင်း (သို့) ပင်စည် ၅၀ တွင် ပင်စည် ၅ခုပေါ်၌ လောက်ကောင်တွေ့ရှိပါက ဆေးဖျန်း ရမည် ဖြစ်သည်။

    - အပင်ကြီးချိန်တွင် အရွက် ၂၀% တွင် လောက်ကောင်နှင့် ရွက်ထွင်း လမ်းကြောင်း များတွေ့လျှင် ၊ အရွက် ၅၀ တွင် အရွက် ၁၀ ရွက် သည် ရွက်ထွင်း လမ်းကြောင်းများ တွေ့လျှင် ဆေးဖျန်းရမည် ဖြစ်သည်။

    အကြံပြုထားသောဓါတုဆေးများ

    -ပိုးသတ်ဆေးများကို ပိုးကျရောက်မှသာ အသုံးပြုရန်ဖြစ်ပြီး သတိထား ကိုင်တွယ် အသုံးပြုရမည် ဖြစ်သည်။

    - ပိုးသတ်ဆေးများသည် အာလူးဥထိုးဖလံ နှင့် ဥထိုးလောက်ကောင် များကို နှိမ်နင်းနိုင်သော်လည်း လောက်ကောင်များ အရွက်တစ်ရှုးများတွင် ကျရောက် နေချိန်တွင် - Methomyl နှင့် Parathion methyl တို့ကို အသုံးပြုနိုင်သည်။

    -ပိုးသတ်ဆေးများသည် အာလူးဥထိုးဖလံ နှင့် ဥထိုးလောက်ကောင်များကို နှိမ်နင်းနိုင်သော်လည်း လောက်ကောင်များ အရွက်တစ်ရှူးများတွင် ကျရောက်မှု မရှိသေးချိန်တွင် - တမာဆီ ၊ Imidacloprid + Lamda-cyfluthrin ၊ Cyfluthrin နှင့် Phosmet တို့ကို သုံးနိုင်သည်။

    - သိုလှောင်စဉ် အာလူးဥထိုးဖလံ နှင့် လောက်ကောင်များ ကျရောက်မှု အတွက် မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများမရှိသေးပါ။

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

     


  • article
  • article
  • article
  • article
likes6comments0
views271views4985